မာတိကာဆီ ကျော်သွား

သာယာချမ်းမြေ့တဲ့ မိသားစုဘဝရဖို့ သမ္မာကျမ်းစာက ကူညီပေးနိုင်သလား

သာယာချမ်းမြေ့တဲ့ မိသားစုဘဝရဖို့ သမ္မာကျမ်းစာက ကူညီပေးနိုင်သလား

သမ္မာကျမ်းစာဖြေဆိုရာ

 ကူညီပေးနိုင်ပါတယ်။ သာယာချမ်းမြေ့တဲ့မိသားစုဘဝ ပိုင်ဆိုင်နိုင်ဖို့ လူသန်းပေါင်းများစွာကို ကူညီပေးခဲ့တဲ့ သမ္မာကျမ်းစာပါ ပညာရှိအကြံပေးချက်တချို့ကို အောက်မှာဖော်ပြပေးထားပါတယ်–

  1.  ၁။ တရားဝင်လက်ထပ်ပါ။ ရာသက်ပန် လက်တွဲသွားပါမယ်လို့ ကတိသစ္စာပြုပြီး တရားဝင်လက်ထပ်လိုက်တာက မိသားစုပျော်ရွှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဦးဆုံးအချက်ဖြစ်တယ်။—မဿဲ ၁၉:၄–၆

  2.  ၂။ မေတ္တာနဲ့ ရိုသေလေးစားမှုတင်ပြပါ။ ကိုယ့်အပေါ် ပြုမူပြောဆိုစေချင်တဲ့အတိုင်း ကိုယ့်အိမ်ထောင်ဖက်အပေါ် ပြုမူပြောဆိုခြင်းဟာ မေတ္တာနဲ့ ရိုသေလေးစားမှု တင်ပြတဲ့နည်းတစ်နည်းဖြစ်တယ်။​—မဿဲ ၇:၁၂; ဧဖက် ၅:၂၅၊ ၃၃

  3.  ၃။ ကြမ်းတမ်းတဲ့ စကားတွေ မပြောပါနဲ့။ အိမ်ထောင်ဖက်က စိတ်နာအောင် ပြုမူပြောဆိုလာရင်တောင် သူ့ကို ကြင်နာစွာပြောဆိုပါ။ (ဧဖက် ၄:၃၁၊ ၃၂) သုတ္တံ ၁၅:၁ မှာ ဒီလိုအကြံပြုထားပါတယ်– “ဖြေးညင်းသောစကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကို နှိုးဆော်တတ်၏။”

  4.  ၄။ အချင်းချင်း သစ္စာရှိပါ။ သင့်အိမ်ထောင်ဖက်ကိုပဲ ချစ်ပြီး သူနဲ့သာ လိင်မှုပြုပါ။ (မဿဲ ၅:၂၈) “လူအပေါင်းတို့ရှေ့တွင် မင်္ဂလာဆောင်ခြင်းအမှုကို ဂုဏ်အသရေရှိစေလော့။ မင်္ဂလာအိပ်ရာကို မညစ်ညူးစေနှင့်” လို့သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။​—ဟေဗြဲ ၁၃:၄

  5.  ၅။ သားသမီးတွေကို မေတ္တာနဲ့ သွန်သင်ဆုံးမပါ။ သားသမီးတွေကို သွန်သင်ဆုံးမတဲ့အခါ ပျော့ညံ့လွန်းခြင်းကိုရော ကြမ်းတမ်းလွန်းခြင်းကိုပါ ရှောင်ပါ။​—သုတ္တံ ၂၉:၁၅; ကောလောသဲ ၃:၂၁