မာတိကာဆီ ကျော်သွား

သန္ဓေတားနည်းတွေကို ခရစ်ယာန်တွေ အသုံးပြုလို့ရလား။

သန္ဓေတားနည်းတွေကို ခရစ်ယာန်တွေ အသုံးပြုလို့ရလား။

သမ္မာကျမ်းစာဖြေဆိုရာ

 ကလေးယူရမယ်၊ မယူရဘူးဆိုတာ နောက်လိုက်တွေကို ယေရှုမမိန့်မှာခဲ့ဘူး။ ယေရှုရဲ့အစောပိုင်းတပည့်တွေလည်း အဲဒီလိုမျိုး ညွှန်ကြားချက် မပေးခဲ့ဘူး။ သားဆက်ခြားတာကို သမ္မာကျမ်းစာမှာ တိတိကျကျပြစ်တင်ထားတာလည်း မတွေ့ရဘူး။ ဒီကိစ္စမှာ ရောမ ၁၄:၁၂ မှာဖော်ပြထားတဲ့ ဒီမူက အကျုံးဝင်လာတယ်– “ငါတို့အသီးသီးသည် ဘုရားသခင်ထံ စာရင်းရှင်းကြရလိမ့်မည်။”

 ဒါကြောင့် ဇနီးမောင်နှံတွေဟာ ကလေးယူမယ်၊ မယူဘူးဆိုတာကို ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ကလေး ဘယ်နှစ်ယောက်ယူမယ်၊ ဘယ်အချိန်မှာယူမယ်ဆိုတာကိုလည်း ဆုံးဖြတ်နိုင်တယ်။ ကိုယ်ဝန်ဖျက်ချတာမျိုးမဟုတ်တဲ့ သန္ဓေတားနည်းတစ်နည်းကို အသုံးပြုမယ်ဆိုရင် ဒါက သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပြီး သူတို့ပဲ တာဝန်ယူရမှာဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး သူတို့ကို ဘယ်သူမှ ပြောပိုင်ခွင့်မရှိဘူး။—ရောမ ၁၄:၄၊ ၁၀-၁၃