မာတိကာဆီ ကျော်သွား

လက်မ​ထပ်​ဘဲ အတူ​နေတာ​နဲ့ ပတ်သက်ပြီး ကျမ်းစာ ဘာ​ပြောသလဲ

လက်မ​ထပ်​ဘဲ အတူ​နေတာ​နဲ့ ပတ်သက်ပြီး ကျမ်းစာ ဘာ​ပြောသလဲ

ကျမ်းစာ အဖြေ

“လိင်​အကျင့်​ယိုယွင်းမှု​ကို ရှောင်ကြဉ်” ဖို့ ဘုရား​အလိုရှိတယ်​လို့ ကျမ်းစာ ပြောတယ်။ (၁ သက်သာလောနိတ် ၄:၃) ကျမ်းစာမှာ သုံးထားတဲ့ “လိင်​အကျင့်​ယိုယွင်းမှု” ဆိုတဲ့ စကားလုံးမှာ အိမ်ထောင်ရေး ဖောက်ပြန်တာ၊ လိင်​တူ​ချင်း လိင်ဆက်ဆံတာ၊ အိမ်ထောင်​မပြု​ထားတဲ့ အမျိုးသားနဲ့ အမျိုးသမီး လိင်ဆက်ဆံတာ​တွေ ပါဝင်တယ်။

 အိမ်ထောင်သည်​ဖြစ်စေ၊ အိမ်ထောင်သည် မဟုတ်​သည် ဖြစ်စေ ဒီ​ကိစ္စက ဘာကြောင့် ဘုရားအတွက် အရေးကြီးတဲ့​ကိစ္စ ဖြစ်သလဲ

  • အိမ်ထောင်​အစီအစဉ်ကို ဘုရား အစပြု​ခဲ့​တာ​ဖြစ်တယ်။ ပထမ​လူသား​မောင်နှံကို ပေါင်းဖက်​ပေး​ချိန်မှာ ဒီ​အစီအစဉ်ကို အစ​ပြုခဲ့တယ်။​ (ကမ္ဘာဦး ၂:၂၂-၂၄) အမျိုးသားနဲ့ အမျိုးသမီး အိမ်ထောင်​ကတိသစ္စာ မပြု​ဘဲ အတူ​နေထိုင်ဖို့ ဘုရား မရည်ရွယ်ခဲ့​ဘူး။

  • လူသားတွေ​အတွက် အကောင်းဆုံး​ကို ဘုရား​သိတယ်။ အိမ်ထောင်မှာ အမျိုးသားနဲ့ အမျိုးသမီး ထာဝစဉ် ပေါင်းသင်း​နေထိုင်ဖို့ ဘုရား စီစဉ်ခဲ့​တယ်။ အဲဒါက မိသားစုဝင်​အားလုံး​အတွက် အကျိုး​ရှိတယ်၊ အကာအကွယ်​ဖြစ်စေတယ်။ ဥပမာ​ရိုးရိုးလေး​တစ်ခုကို စဉ်းစား​ကြည့်ပါ။ ပရိဘောဂ စက်ရုံ​က​ပေးလိုက်တဲ့ လမ်းညွှန်ချက်တွေ​က ပရိဘောဂ​တစ်ခုကို နေရာတကျ ဘယ်လို တပ်ဆင်​ရမယ်ဆိုတာ ပြပေး​သလိုပဲ ဘုရားရဲ့ လမ်းညွှန်ချက်တွေ​က အောင်မြင်​ပျော်ရွှင်တဲ့ မိသားစု ဆက်ဆံရေးကို ဘယ်လို တည်ဆောက်ရ​မယ်​ဆိုတာ ဖော်ပြတယ်။ ဘုရားရဲ့​စံနှုန်းတွေ​က လိုက်နာသူ​တွေ​အတွက် အမြဲ အကျိုး​ရှိတယ်။—ဟေရှာယ ၄၈:၁၇၊ ၁၈

    ပရိဘောဂ စက်ရုံ​က​ပေးလိုက်တဲ့ လမ်းညွှန်ချက်တွေ​က ပရိဘောဂ​တစ်ခုကို ဘယ်လို တပ်ဆင်​ရမယ်ဆိုတာ ပြပေး​သလိုပဲ ဘုရားရဲ့ လမ်းညွှန်ချက်တွေ​က အောင်မြင်​ပျော်ရွှင်တဲ့ မိသားစု ဆက်ဆံရေးကို ဘယ်လို တည်ဆောက်ရ​မယ်​ဆိုတာ ဖော်ပြတယ်

  • အိမ်ထောင်ဖက်​မဟုတ်​သူနဲ့ လိင်ဆက်ဆံတာ​က ဆိုးကျိုး​တွေ ခံစား​ရစေတယ်။ ဥပမာ၊ မလိုချင်တဲ့ ကိုယ်ဝန်၊ လိင်​က​တစ်ဆင့် ကူးစက်​တဲ့​ရောဂါတွေ ရလာ​နိုင်တယ်။ စိတ်ဒုက္ခ​တွေ ခံစား​ရနိုင်တယ်။ *

  • အမျိုးသားနဲ့ အမျိုးသမီးတွေကို လိင်မှု​ကိစ္စ​အားဖြင့် မျိုးပွား​နိုင်စွမ်း ပေးထားတယ်။ အသက်ကို မြင့်မြတ်​ရာ​အဖြစ် ဘုရားသခင် ရှုမြင်တယ်။ မျိုးပွား​နိုင်စွမ်း​ဟာ အဖိုးတန်​လက်ဆောင်ပါ။ အိမ်ထောင်​အစီအစဉ်ကို ဂုဏ်တင်​ခြင်းအားဖြင့် အဲဒီ​လက်ဆောင်​ကို ဘုရားသခင် လေးစား​စေချင်တယ်။—ဟီဘရူး ၁၃:၄

 လိုက်ဖက်​မှု ရှိမရှိ သိနိုင်ဖို့ အိမ်ထောင်​မပြု​ခင် အတူ​နေထိုင်တာက​ကော

အောင်မြင်​ပျော်ရွှင်တဲ့ အိမ်ထောင်​ဖြစ်ဖို့ဆိုရင် ကတိသစ္စာ​မပြု​ဘဲ အရင် အတူ​နေထိုင်​ကြည့်ဖို့ မလိုအပ်ဘူး။ အဲဒီအစား အိမ်ထောင်ဖက် ၂ ဦး​စ​လုံး အပြန်အလှန် ခိုင်မြဲ​တဲ့​သစ္စာ​ပြုပြီး ပြဿနာတွေကို အတူ ဖြေရှင်း​မယ်​ဆိုရင် အောင်မြင်​ပျော်ရွှင်​နိုင်ပါတယ်။ * လက်ထပ်​ထိမ်းမြား​တာ​က သစ္စာ​ကတိ​ကို ပို​ခိုင်မြဲ​စေတယ်။—မဿဲ ၁၉:၆

 ခိုင်မြဲ​တဲ့​အိမ်ထောင်​ကို ဘယ်လို တည်ဆောက်​နိုင်သလဲ

ပြီးပြည့်စုံတဲ့ အိမ်ထောင်​ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ အိမ်ထောင်ရှင်​တွေဟာ ကျမ်းစာ​အကြံပြုချက်ကို လိုက်နာခြင်း​အားဖြင့် အောင်မြင်​ပျော်ရွှင်တဲ့ အိမ်ထောင်​ကို တည်ဆောက်​နိုင်ပါတယ်။ နမူနာ​တချို့ကတော့