ကျမ်းစာမေးခွန်းများရဲ့ အဖြေ

ဘုရားသခင့်နာမည်က ယေရှုလား။

မြန်မာ
ဘုရားသခင့်နာမည်က ယေရှုလား။
https://cms-imgp.jw-cdn.org/img/p/502012490/univ/art/502012490_univ_sqr_xl.jpg
ijwbq ဆောင်းပါး ၁၀

ဘုရားသခင့်နာမည်က ယေရှုလား။

ဘုရားသခင့်နာမည်က ယေရှုလား။

သမ္မာကျမ်းစာဖြေဆိုရာ

 ယေရှုက ကိုယ့်ကိုယ်ကိုယ် “ဘုရားသခင်၏သားတော်” လို့ ပြောတယ်။ (ယောဟန် ၁၀:၃၆၊ ၁၁:၄) မိမိဟာ အနန္တတန်ခိုးရှင်ဖြစ်တယ်လို့ တစ်ခါမှမဖော်ပြခဲ့ဘူး။

 အဲဒီအပြင် ယေရှုက ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ (မဿဲ ၂၆:၃၉) နောက်လိုက်တွေကို ဘယ်လိုဆုတောင်းရမလဲလို့ သင်ပေးတဲ့အခါမှာလည်း ယေရှု ခုလိုပြောခဲ့တယ်– “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ။”—မဿဲ ၆:၉

 ယေရှုက ဟေဗြဲကျမ်းစောင်တစ်ခုကို ကိုးကားတဲ့အခါ ဘုရားသခင့်နာမည်ကို ခုလိုဖော်ပြခဲ့တယ်– “အို၊ အစ္စရေးလူမျိုး၊ နားထောင်လော့။ ယေဟောဝါသည် ငါတို့၏ ဘုရားသခင်ဖြစ်တော်မူ၍ ယေဟောဝါဘုရား တစ်ဆူတည်း ရှိတော်မူ၏။”—မာကု ၁၂:၂၉၊ တရားဟောရာ ၆:၄