မာတိကာဆီ ကျော်သွား

ကျွန်တော့်​ဘဝကို စိတ်ပျက်​မိတယ်—ဘာသာရေး၊ ဘုရားသခင် ဒါမှမဟုတ် သမ္မာကျမ်းစာက ကူညီ​ပေး​နိုင်မလား

ကျွန်တော့်​ဘဝကို စိတ်ပျက်​မိတယ်—ဘာသာရေး၊ ဘုရားသခင် ဒါမှမဟုတ် သမ္မာကျမ်းစာက ကူညီ​ပေး​နိုင်မလား

သမ္မာကျမ်းစာ​ဖြေဆို​ရာ

ကူညီပေး​နိုင်ပါတယ်။ ရှေးဟောင်း​ကျမ်းဂန်​ဖြစ်တဲ့ သမ္မာကျမ်းစာမှာ ဘဝနဲ့​ပတ်သက်တဲ့ အရေးကြီးတဲ့ မေးခွန်းတွေ​အတွက် အဖြေ​ရှိပါတယ်။ အဲဒါက စိတ်​သက်သာရာရ​စေပြီး သင့်ကို ပျော်ရွှင်​စေတယ်။ သမ္မာကျမ်းစာ အဖြေပေး​နိုင်တဲ့ မေးခွန်း​တချို့ကို သုံးသပ်​ကြည့်ပါ။

  1. ၁။ ဖန်ဆင်းရှင်​ရှိသလား။ သမ္မာကျမ်းစာမှာ “အရာခပ်သိမ်းကို ဖန်ဆင်း” တာ​က ဘုရားသခင်​ဖြစ်တယ်လို့ ဖော်ပြ​ထားပါ​တယ်။ (ဗျာဒိတ် ၄:၁၁) ဖန်ဆင်းရှင်​အနေနဲ့ ဘုရားသခင်ဟာ ကျွန်ုပ်တို့​ဘဝမှာ ပျော်ရွှင်ဖို့​နဲ့ အဓိပ္ပာယ်​ရှိဖို့ ဘာ​လိုအပ်တယ်​ဆိုတာ ကိုယ်တော်​သိပါတယ်။

  2. ၂။ ဘုရားသခင်က ကျွန်ုပ်တို့ကို ဂရုစိုက်​သလား။ သမ္မာကျမ်းစာမှာ ဘုရားသခင်ဟာ ကျွန်ုပ်တို့​နဲ့ အလှမ်းဝေး​လွန်းတယ်လို့ ဖော်ပြမယ့်​အစား “ဘုရားသခင်သည် ငါ​တို့​တွင် မည်သူ​နှင့်​မျှ ဝေး​တော်မူသည်​မဟုတ်” လို့ ဖော်ပြ​ထားပါ​တယ်။ (တမန်တော် ၁၇:၂၇) ကိုယ်တော်ဟာ သင့်​ဘဝမှာ ဘာတွေ​ဖြစ်ပျက်​နေတယ်​ဆိုတာကို စိတ်ဝင်စား​ပြီး သင်​အောင်မြင်​နိုင်ဖို့ ကူညီပေး​လို​ပါတယ်။—ဟေရှာယ ၄၈:၁၇၊ ၁၈; ၁ ပေတရု ၅:၇

  3. ၃။ ဘုရားသခင်ကို သိခြင်းက ကျွန်ုပ်တို့ စိတ်သက်သာရာ​ရအောင် ဘယ်လို​ကူညီ​ပေးနိုင်​မလဲ။ ဘဝရဲ့​အဓိပ္ပာယ်​နဲ့ ရည်ရွယ်ချက်ကို ကျွန်ုပ်တို့ သိချင်​ကြ​တာ​က “ဘုရားသခင်ကို မှီခိုရန်​လို​ကြောင်း သိမှတ်” တဲ့​စိတ်နဲ့ ကျွန်ုပ်တို့ကို ဘုရားသခင် ဖန်ဆင်း​ထားလို့​ဖြစ်တယ်။ (မဿဲ ၅:၃) ဘုရားသခင်ကို မှီခို​တယ် ဆိုတဲ့​အထဲမှာ ဖန်ဆင်းရှင်​နဲ့​သိကျွမ်း​လို​စိတ်၊ ကိုယ်တော်နဲ့ ရင်းနှီးခြင်း​တို့ ပါဝင်တယ်။ သမ္မာကျမ်းစာမှာ “ဘုရားသခင်ထံ​တော်​သို့ ချဉ်းကပ်​ကြလော့။ ကိုယ်တော်သည်​လည်း သင်တို့​ထံ ချဉ်းကပ်​တော်​မူ​လိမ့်​မည်” လို့​ပြော​ထားတဲ့​အတွက် ကျွန်ုပ်တို့ ဘုရားသခင်ကို သိကျွမ်းဖို့​ကြိုးစားမယ်​ဆိုရင် ကိုယ်တော် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ​လိမ့်မယ်။—ယာကုပ် ၄:၈

ဘုရားသခင်နဲ့ ရင်းနှီးမှု​ရယူခြင်း​က အဘက်ဘက်မှာ ကောင်းမွန်စေ​ပြီး ဘဝကို​ပျော်ပျော်ရွှင်ရွှင်​နဲ့ နေထိုင်သွား​နိုင်တယ်​ဆိုတာကို သန်းနဲ့ချီတဲ့​သူတွေ တွေ့ရှိ​ခဲ့​ကြပါ​ပြီ။ ဘုရားသခင်ကို သိကျွမ်းခြင်းက သင့်​ဘဝမှာ အခက်အခဲ​လုံးဝ​မရှိတော့ဘူးလို့ ဆိုလို​နေတာ​တော့​မဟုတ်ပါဘူး။ ဒါပေမဲ့ သမ္မာကျမ်းစာက သင့်ကို

သမ္မာကျမ်းစာကို အသုံးပြုတဲ့ ဘာသာ​တော်​တော်​များများ​ဟာ တကယ်တော့ ကျမ်းစာ​သွန်သင်ချက်​အတိုင်း မလိုက်လျှောက်​ကြဘူး။ ဒါပေမဲ့ ကျမ်းစာ​အမှန်တရားကို ကြိုးစား​လိုက်လျှောက်တဲ့ စစ်မှန်တဲ့​ဘာသာ​က သင် ဘုရားသခင်ကို သိလာအောင် ကူညီပေး​နိုင်ပါတယ်။