မြန်မာ
သမ္မာကျမ်းစာက ကွာရှင်းခြင်းကို ခွင့်ပြုသလား။
https://cms-imgp.jw-cdn.org/img/p/502012499/univ/art/502012499_univ_sqr_xl.jpg
ijwbq ဆောင်းပါး ၁၇

သမ္မာကျမ်းစာက ကွာရှင်းခြင်းကို ခွင့်ပြုသလား။

သမ္မာကျမ်းစာက ကွာရှင်းခြင်းကို ခွင့်ပြုသလား။

သမ္မာကျမ်းစာဖြေဆိုရာ

 အကြောင်းရင်း တစ်ခုကလွဲလို့ သမ္မာကျမ်းစာက ကွာရှင်းခြင်းကို ခွင့်မပြုဘူး။ အဲဒီအကြောင်းရင်းကို ယေရှု ခုလိုဖော်ပြခဲ့တယ်– “မတရားမေထုန်ပြုခြင်း [အိမ်ထောင်ပြင်ပ လိင်ဆက်ဆံခြင်း] မှတစ်ပါး အခြားသောအကြောင်းကြောင့် မိမိမယားကိုကွာရှင်း၍ အခြားသူတစ်ဦးကို ထိမ်းမြားသူ မည်သူမဆိုသည် အိမ်ထောင်ရေးဖောက်ပြန်သူဖြစ်၏။”—မဿဲ ၁၉:၉

 မရိုးသားတဲ့နည်း၊ သစ္စာဖောက်တဲ့နည်းနဲ့ ကွာရှင်းတာကိုတော့ ဘုရားသခင်မကြိုက်ဘူး။ အိမ်ထောင်ဖက်ကို အကြောင်းမဲ့သက်သက် အထူးသဖြင့် နောက်တစ်ယောက်ကို လက်ထပ်ချင်တဲ့ရည်ရွယ်ချက်နဲ့ စွန့်ခွာသွားတဲ့သူတွေကို ဘုရားသခင်ကိုယ်တိုင် စာရင်းရှင်းမှာဖြစ်တယ်။—မာလခိ ၂:၁၃-၁၆၊ မာကု ၁၀:၉