မြန်မာ
အမေရိကန်နိုင်ငံ၊ အတ္တလန်တာမြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး
https://cms-imgp.jw-cdn.org/img/p/702019152/univ/art/702019152_univ_sqr_xl.jpg

မေ ၂၉၊ ၂၀၁၉
အမေရိကန်

အမေရိကန်နိုင်ငံ၊ အတ္တလန်တာမြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး

အမေရိကန်နိုင်ငံ၊ အတ္တလန်တာမြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး
  • နေ့စွဲ– မေ ၁၇-၁၉၊ ၂၀၁၉

  • နေရာ– အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့၊ မာစီးဒီး–ဘင့်ဇ် အားကစားကွင်း

  • ဘာသာစကား– အမ်ဟာရစ်၊ အင်္ဂလိပ်၊ ရုရှား

  • အများဆုံး တက်ရောက်သူ– ၄၆,၃၇၄

  • နှစ်ခြင်းခံသူ အရေအတွက်– ၃၁၄

  • အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ် အရေအတွက်– ၅,၀၀၀

  • ဖိတ်ခေါ်ခံရတဲ့ ဌာနခွဲများ– ဩစတြေးလျအေးရှား၊ ဘရာဇီး၊ ဗြိတိန်၊ ကနေဒါ၊ ချီလီ၊ ကိုလံဘီယာ၊ အီသီယိုးပီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂရိ၊ ဟောင်ကောင်၊ အစ္စရေး၊ အီတလီ၊ ဂျပန်၊ ကာဇက်စတန်၊ နယ်သာလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ စကင်ဒီနေးဗီးယား၊ ထရီနီဒက်နဲ့ တိုဘာဂို

၂၀၁၉ ခုနှစ်အတွင်း ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ အစည်းအဝေး တစ်ခုစီရဲ့ ခြုံငုံသုံးသပ်ချက်နဲ့ ဓာတ်ပုံတွေကို jw.org သတင်းကဏ္ဍမှာ ဖော်ပြပေးသွားပါမယ်။ ဒါက ၂၄ ခုထဲက ပထမဆုံးတစ်ခု ဖြစ်ပါတယ်။

 

အစည်းအဝေးကျင်းပတဲ့နေရာရဲ့ အပြင်ဘက်မှာ သက်သေခံအုပ်စုတစ်စု ဓာတ်ပုံရိုက်နေကြစဉ်

အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို စတီဗင် လက်တ် စနေနေ့ နိဂုံးချုပ်ဟောပြောချက် ဟောနေစဉ်

အစည်းအဝေး နှစ်ခြင်းကန်နှစ်ခုထဲက တစ်ခုမှာ ညီအစ်ကိုတွေ နှစ်ခြင်းပေးနေစဉ်

ညီအစ်ကိုညီအစ်မတွေ အစည်းအဝေးအစီအစဉ် နားထောင်နေကြစဉ်

တနင်္ဂနွေနေ့ နိဂုံးပိုင်းမှာ ဧည့်သည် အထူးအချိန်ပြည့်အမှုဆောင် ၁၆၄ ယောက်ထဲက တချို့ မာစီးဒီး-ဘင့်ဇ် အားကစားကွင်းထဲကို ဝင်လာစဉ်

ကိုယ်စားလှယ်တွေနဲ့ ဒေသခံညီအစ်ကို၊ ညီအစ်မတွေ အမှုဆောင်လုပ်ငန်းမှာ ပါဝင်နေကြစဉ်

ရိုးရာဝတ်စုံဝတ်ဆင်ထားတဲ့ ကိုယ်စားလှယ်တွေ ဓာတ်ပုံရိုက်နေကြစဉ်

ကိုယ်စားလှယ်တွေအတွက် “လက်တစ်ကမ်းမှာရောက်နေပြီ၊ ပရဒိသုမှာ ပြန်တွေ့မယ်” ဆိုတဲ့ စာတန်းကို သက်သေခံကလေးငယ်တွေ ကိုင်ထားကြစဉ်

အစည်းအဝေးနောက်ဆုံးနေ့မှာ အီသီယိုးပီးယား ရိုးရာဝတ်စုံ ဝတ်ဆင်ထားတဲ့ ကိုယ်စားလှယ်တွေ ဓာတ်ပုံရိုက်နေကြစဉ်

ကြိုဆိုဧည့်ခံရေး အစီအစဉ်တစ်ခုရဲ့ နိဂုံးမှာ ပါဝင်သူတွေက ပရိသတ်ကို “ညီအစ်ကိုညီအစ်မတွေကို ချစ်တယ်” ဆိုတဲ့ နောက်ခံစာတန်းနဲ့အတူ လက်ဝှေ့ယမ်းပြနေစဉ်