၂၀၂၅ ခုနှစ်၊ ဧပြီ ၁၈ ရက်
အမေရိကန်

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ပါရ်မြို့က ရေလွှမ်းနေတဲ့ လမ်းတစ်ခု

မိုးသည်းထန်လို့ အမေရိကန်၊ တက္ကဆက်တောင်ပိုင်းမှာ ရုတ်တရက် ရေကြီး

မိုးသည်းထန်လို့ အမေရိကန်၊ တက္ကဆက်တောင်ပိုင်းမှာ ရုတ်တရက် ရေကြီး

၂၀၂၅ ခုနှစ်၊ မတ် ၂၇ ရက်ကနေ ဧပြီ ၁ ရက်အထိ တဖြည်းဖြည်း ရွေ့လျားနေတဲ့ မုန်တိုင်းကြောင့် အမေရိကန်၊ တက္ကဆက်တောင်ပိုင်း ရီယို ဂရမ်ဒီ ချိုင့်ဝှမ်းဒေသမှာ မိုးကြီးခဲ့တယ်။ တချို့နေရာတွေမှာ မိုးရေချိန် ၂၁ လက်မအထိ ရွာသွန်းခဲ့လို့ အဲဒီဒေသမှာ ရွာသွန်းတဲ့ ခြောက်လစာ မိုးရေချိန်နဲ့ ညီမျှတယ်။ ရေကြီးလို့ ထောင်နဲ့ချီတဲ့အိမ်တွေ၊ လုပ်ငန်းတွေ ပျက်စီးကုန်တယ်။ မိုးသည်းထန်လို့ လျှပ်စစ်တွေ ပြတ်တောက်သွားတယ်၊ ကျောင်းတွေပိတ်လိုက်ရတယ်၊ သီးနှံတွေ အတော်ပျက်စီးကုန်တယ်။ ရုတ်ခြည်း တက်လာတဲ့ ရေထဲကနေ လူရာချီကို ကယ်ဆယ်ခဲ့ရပြီး ထောင်နဲ့ချီသူတွေ အိုးအိမ် စွန့်ခွာခဲ့ရတယ်။ လူလေးယောက်ထက်မနည်း သေဆုံးသွားတယ်။

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ညီအစ်ကို/မ တစ်ယောက်မှ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း မရှိ

  • ကြေညာသူ ၅၄ ယောက် ဘေးကင်းရာကို ရွှေ့ပြောင်း

  • အိမ် ၂ လုံး လုံးဝ ပျက်စီး

  • အိမ် ၄၄ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၈၇ လုံး အနည်းငယ် ပျက်စီး

  • အစည်းအဝေးခန်းမ တစ်လုံးမှ ထိခိုက်ပျက်စီးမှုမရှိ

ကယ်ဆယ်ရေးလုပ်ငန်း

  • တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေက မုန်တိုင်းဘေးသင့်သူတွေကို ကျမ်းစာနဲ့ နှစ်သိမ့်အားပေးပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနေကြ

  • သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီတစ်ခု ဖွဲ့စည်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေ

ရေကြီးလို့ ဒုက္ခရောက်နေကြတဲ့ ညီအစ်ကို/မအားလုံးအတွက် ယေဟောဝါဟာ “လုံခြုံတဲ့ခိုလှုံရာ” ဆက်ဖြစ်နေမယ်ဆိုတာကို ကျွန်တော်တို့ သိထားပါတယ်။—ဆာလံ ၉:၉