၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်
ရုရှား
အပေါ်တန်း၊ ဘယ်မှ ညာ– ညီအစ်ကို အိုလက် ကာတာမောဗ်နဲ့ ညီအစ်ကို အလက်ဆီ ခုဇနစ်ဆိုဗ်
အောက်တန်း၊ ဘယ်မှ ညာ– ညီအစ်ကိုအလက်ဇန်းဒါး ရှချီတီနင်နဲ့ ညီအစ်ကို အလက်ဇန်းဒါး စတာရီကိုဗ်
‘ယေဟောဝါကို ကြောက်ရွံ့တဲ့စိတ်က ကျွန်တော်တို့ကို ခွန်အားရှိစေ’
၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက် တိုင်ယာဒေသ ကိုနာကိုဗိုမြို့တရားရုံးက ညီအစ်ကို အိုလက် ကာတာမောဗ်၊ ညီအစ်ကို အလက်ဆီ ခုဇနစ်ဆိုဗ်၊ ညီအစ်ကို အလက်ဇန်းဒါး ရှချီတီနင်၊ ညီအစ်ကို အလက်ဇန်းဒါး စတာရီကိုဗ်တို့ကို အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် ခြောက်နှစ်စီ ချမှတ်လိုက်တယ်။ သူတို့ကို တရားခွင်ကနေ အကျဉ်းထောင်ကို ချက်ချင်းခေါ်ဆောင်သွားတယ်။
ကိုယ်ရေးအကျဉ်း
ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ တင်ပြတဲ့နေရာမှာ ကျွန်တော်တို့အတွက် စံနမူနာကောင်းတွေအဖြစ် ဒီညီအစ်ကိုတွေ ရှိနေလို့ ကျေးဇူးတင်စရာပါပဲ။ နှိပ်စက်ညှဉ်းပန်းမှု ခံနေရတဲ့ ကျေးကျွန်တွေကို ယေဟောဝါ ဂရုစိုက်စောင့်ရှောက်ပုံကို ကြည့်ပြီး “ဘုရားကို ကြောက်ရွံ့သူတွေဟာ လိုလေသေးမရှိ ပြည့်စုံတယ်” ဆိုတဲ့အချက်ကို ကျွန်တော်တို့ သတိရကြတယ်။—ဆာလံ ၃၄:၉။