၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်
ရုရှား
ဘယ်မှညာ– ညီအစ်ကို ရိုမန် ကိုရီကော့ဗ်၊ ညီအစ်ကို ယူရေး ကိုရီကော့ဗ်၊ ညီအစ်ကို ကီရီလ် ဆဗာရင်ချီ
“ဆုတောင်းခြင်းဟာ အကောင်းဆုံး ဆေးတစ်ခွက်ပဲ”
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှာ ယူဂရာဒေသ၊ ခန်တီမန်စီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ၊ ဆူဂတ်မြို့နယ်တရားရုံးက ညီအစ်ကို ရိုမန် ကိုရီကော့ဗ်၊ ညီအစ်ကို ယူရေး ကိုရီကော့ဗ်၊ ညီအစ်ကို ကီရီလ် ဆဗာရင်ချီတို့ကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ်နဲ့ လေးလ၊ ခြောက်နှစ်နဲ့ ခြောက်လ၊ လေးနှစ် စသဖြင့် အသီးသီး ချလိုက်တယ်။
ကိုယ်ရေးအကျဉ်း
မိမိကျေးကျွန်တွေကို ယေဟောဝါ မျက်ခြည်မပြတ် ကြည့်ပြီး ကူညီပေးတယ်၊ နှစ်သိမ့်ပေးတယ်ဆိုတာ သိရလို့ ကျွန်တော်တို့အားလုံး အားရှိရပါတယ်။—ဆာလံ ၁၂၁:၃၊ ၄။

