စက်တင်ဘာ ၁၁၊ ၂၀၁၉
ဖိလစ်ပိုင်
ဖိလစ်ပိုင်မှာ ရေကြီး
၂၀၁၉၊ ဩဂုတ် ၂၈ ရက်နေ့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာလိုမိုမြစ်ရေလျှံပြီး ဒါဗာအိုမြို့ ရေဖုံးလွှမ်းခဲ့တယ်။ အစိုးရထုတ်ပြန်တဲ့ အချက်အလက်တွေအရ ရေဘေးကြောင့် မိသားစု ၅၄၅ စု ပြောင်းရွှေ့ခဲ့ရတယ်။
အသင်းတော် ၅ ခုက ကြေညာသူ ၁၂၀ ရေဘေးသင့်တယ်လို့ ဖိလစ်ပိုင်ဌာနခွဲရုံးက သတင်းပေးပို့တယ်။ ကြေညာသူများစွာဟာ ဝတ်ပြုရာခန်းမမှာ ခိုလှုံကြရတယ်။ ရေဘေးကြောင့် ညီအစ်ကိုတွေရဲ့အိမ် ၃ လုံး လုံးလုံးပျက်စီးသွားပြီး ၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်။
ရေဘေးသင့် ညီအစ်ကို၊ ညီအစ်မတွေကို ကူညီဖို့ ဌာနခွဲက သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ (DRC) ကို ဖွဲ့စည်းခဲ့တယ်။ DRCက ကယ်ဆယ်ရေးပစ္စည်းတွေကို ပေးပို့ခဲ့တယ်။ ရေဘေးသင့်တဲ့ နေအိမ်တွေကို သန့်ရှင်းရေးလုပ်ဖို့ စီစဉ်ပေးခဲ့တယ်။
ဒါဗာအိုမြို့က ညီအစ်ကို၊ ညီအစ်မတွေ ခက်ခဲချိန်တွေမှာတောင် ညီရင်းအစ်ကိုမေတ္တာကြောင့် နှစ်သိမ့်မှု ဆက်ခံစားရဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—ရောမ ၁၂:၁၀။

