၂၀၂၅ ခုနှစ်၊ မတ် ၃၁ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

၂၀၂၅၊ မတ် ၂၈ မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပြိုကျပျက်စီးမှုတွေကို မြင်ရစဉ်၊ မြန်မာ (ဘယ်)၊ ထိုင်း (ညာ)

နောက်ဆုံးအချက်အလက်—မြန်မာနဲ့ ထိုင်းမှာ ပြင်းထန်တဲ့ငလျင် လှုပ်ခတ်

နောက်ဆုံးအချက်အလက်—မြန်မာနဲ့ ထိုင်းမှာ ပြင်းထန်တဲ့ငလျင် လှုပ်ခတ်

၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တုန်းက ပြင်းအား ၇.၇ ရှိတဲ့ ငလျင်တစ်ခု မြန်မာနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်သွားတယ်။ ငလျင်နဲ့ နောက်ဆက်တွဲငလျင်တွေကြောင့် မန္တလေးမြို့နဲ့ အနီးနားတစ်ဝိုက်မှာ တံတားတွေ၊ အဆောက်အအုံတွေ၊ လမ်းတွေ ပြိုကျပျက်စီးကုန်တယ်။ မှတ်တမ်းတွေအရ လူအယောက် ၃,၄၀၀ ကျော် ထိခိုက်ဒဏ်ရာရ၊ ၁,၇၀၀ ကျော် အသက်ဆုံးရှုံးပြီး ၃၀၀ ကျော် ပျောက်ဆုံးနေပါတယ်။

ဒီငလျင်ကြောင့် မိုင် ၈၀၀ ကျော်အဝေးမှာရှိတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာလည်း အထပ်မြင့်အဆောက်အအုံတစ်ခု ပြိုကျပျက်စီးသွားတယ်။ ၁၈ ယောက် သေဆုံးပြီး ၃၃ ယောက် ထိခိုက်ဒဏ်ရာရတယ်။ ၇၅ ယောက် ပျောက်ဆုံးနေဆဲပါ။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

မြန်မာ

  • ဝမ်းနည်းစရာက ဇနီးမောင်နှံ နှစ်ဦး သေဆုံး

  • ကြေညာသူ ၉ ယောက် ထိခိုက်ဒဏ်ရာရ

  • ကြေညာသူ ၁၄၂ ယောက်ကို လုံခြုံတဲ့နေရာကို ပြောင်းရွှေ့ထား

  • အိမ် ၆ လုံး လုံးဝပျက်စီး

  • အိမ် ၂၅ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၅၂ လုံး အနည်းငယ် ပျက်စီး

  • အစည်းအဝေးခန်းမ ၂ လုံး အကြီးအကျယ် ပျက်စီး

  • အစည်းအဝေး ခန်းမ ၄ လုံး အနည်းငယ် ပျက်စီး

ထိုင်း

  • ညီအစ်ကို၊ ညီအစ်မတစ်ယောက်မှ သေဆုံးခြင်းမရှိ

  • ကြေညာသူ ၂ ယောက် ထိခိုက်ဒဏ်ရာရ

  • ကြေညာသူ ၅၂ ယောက်ကို လုံခြုံတဲ့နေရာကို ပြောင်းရွှေ့ထား

  • အိမ် ၄ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၆၉ လုံး အနည်းငယ် ပျက်စီး

  • အစည်းအဝေးခန်းမ ၈ လုံး အနည်းငယ် ပျက်စီး

ကယ်ဆယ်ရေး လုပ်ငန်း

  • တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေက ငလျင်ဘေးသင့်သူတွေကို ကျမ်းစာနဲ့ နှစ်သိမ့်အားပေးပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနေကြ

  • မြန်မာမှာ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီတစ်ခု ဖွဲ့စည်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေ

ငလျင်ကြောင့် အသက်သေဆုံးမှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်သွားလို့ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်။ ဘုရားရဲ့ကတိတော်ကို အပြည့်အဝ ယုံကြည်စိတ်ချပြီး “ငိုကြွေးသံတွေ၊ ကူပါကယ်ပါဆိုတဲ့ အသံတွေ ကြားရတော့မှာ မဟုတ်” တဲ့အချိန်ကို မျှော်လင့်စောင့်စားနေကြပါတယ်။—ဟေရှာယ ၆၅:၁၉