မာတိကာဆီ ကျော်သွား

မေ ၃၁၊ ၂၀၁၉
အစ္စရေး

အစ္စရေး​နိုင်ငံ၊ တဲလ်အဗစ်​မြို့ကို သောင်း​နဲ့​ချီတဲ့ ကမ္ဘာလှည့်​ခရီးသည်​တွေ ဝင်လာ​လို့ အများ​ရှေ့​သက်သေခံခြင်း​ကို တိုးချဲ့​လုပ်ဆောင်

အစ္စရေး​နိုင်ငံ၊ တဲလ်အဗစ်​မြို့ကို သောင်း​နဲ့​ချီတဲ့ ကမ္ဘာလှည့်​ခရီးသည်​တွေ ဝင်လာ​လို့ အများ​ရှေ့​သက်သေခံခြင်း​ကို တိုးချဲ့​လုပ်ဆောင်

၂၀၁၉၊ မေလ ၁၀ ရက်​ကနေ ၁၉ ရက်​အထိ အစ္စရေး​နိုင်ငံက ယေဟောဝါ​သက်သေတွေဟာ တဲလ်အဗစ်​မြို့မှာ အများ​ရှေ့ သက်သေခံခြင်း​ကို စီစဉ်ခဲ့​ကြတယ်။ မြို့မှာ​ကျင်းပတဲ့ ယဉ်ကျေးမှု​ပွဲတော်​အမျိုးမျိုးကို လာရောက်​ကြ​တဲ့ ကမ္ဘာ့​လှည့် ခရီးသည်​တွေ အများကြီး​ရှိလို့ အများ​ရှေ့ သက်သေခံခြင်း​ကို တိုးချဲ့​လုပ်ဆောင်ဖို့ စီစဉ်ခဲ့​တာ​ဖြစ်တယ်။ ဥပမာ၊ မေလ ၁၄ ရက်​ကနေ ၁၈ ရက်​အထိ တဲလ်အဗစ်​မြို့က အိမ်ရှင်​အဖြစ် လက်ခံ​ကျင်းပတဲ့ နိုင်ငံတကာ သီချင်းဆို​ပြိုင်ပွဲ​ကို ခရီးသည် တစ်​သောင်း​လောက် လာရောက်​ကြတယ်။

အများ​ရှေ့​သက်သေခံခြင်း စီစဉ်​ဖွဲ့စည်း​ရာ​မှာ ကူညီ​ပေးတဲ့ ညီအစ်ကို ဂါ​န​န်​ဒီ ကို​ရိုဗို ဒီလို​ပြောတယ်– “ဂီတ​ပွဲတော်​ကို တက်ရောက်​ဖို့ တဲလ်အဗစ်​မြို့ကို ဧည့်သည်တွေ သောင်း​နဲ့​ချီ လာ​ကြမယ်​လို့ ကြားတဲ့​အခါ အများ​ရှေ့​သက်သေခံခြင်း​ကို တိုးချဲ့​လုပ်ဆောင်ဖို့ သိပ်​ကောင်းတဲ့​အခွင့်အရေး​အဖြစ် ကျွန်တော်တို့ ရှုမြင်ခဲ့​တယ်။ အစ္စရေး​နိုင်ငံတစ်ဝန်း​မှာ​ရှိတဲ့ အသင်းတော် ၂၂ ခု​က ကြေညာသူ ၁၆၈ ယောက် ပါဝင်​ခဲ့​ကြ​လို့ ဝမ်းသာစရာ​ပါပဲ။”

နေ့တိုင်း မနက် ၉ နာရီ​ကနေ ည ၉ နာရီ​အထိ နေရာ​ရှစ်ခု​မှာ လက်တွန်းစင်​တွေ​ထားဖို့ ညီအစ်ကို​တွေ စီစဉ်ခဲ့​ကြတယ်။ ကမ္ဘာ့​လှည့်​ခရီးသည်​တွေဟာ နိုင်ငံ​အသီးသီး​က​လာလို့ လက်တွန်းစင်​တွေ​မှာ အာ​ရ​ဘ​စ်၊ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟီဘရူး၊ အီတလီ၊ ဂျပန်၊ ရုရှား၊ စပိန် စတဲ့ ဘာသာစကား ၁၀ မျိုး ပြ​ထားတယ်။

အစ္စရေး​နိုင်ငံမှာ ဒီ​တိုးချဲ့​လုပ်ဆောင်မှု​ကနေ ရလဒ်ကောင်းတွေ ရမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်​ပါတယ်။ ဒီ​လုပ်ဆောင်မှု​က ယေဟောဝါရဲ့​လူတွေ ကိုယ်တော်​ကို “အချိန်တိုင်း ချီးမွမ်း” နေတယ်​ဆိုတဲ့ အထောက်အထား​ပါပဲ။—ဆာလံ ၃၄:၁၊ ၂