မာတိကာဆီ ကျော်သွား

အသက် ၇ နှစ်၊ ၁၀ နှစ်၊ ၁၂ နှစ် အသီးသီး​ရှိတဲ့ ကျောင်း​ထုတ်​ခံခဲ့ရတဲ့ ကလေး​သုံးယောက်​အပါအဝင် တန်း​ဘ​နတ်​မိသားစုကို တွေ့ရ​စဉ်

အောက်တိုဘာ ၃၀၊ ၂၀၁၉
အင်ဒိုနီးရှား

ကျောင်းသားသူငယ်တွေမှာ ဘာသာရေးလွတ်လပ်ခွင့် ရှိကြောင်း အင်ဒိုနီးရှားတရားရုံး စီရင်ချက်ချ

ကျောင်းသားသူငယ်တွေမှာ ဘာသာရေးလွတ်လပ်ခွင့် ရှိကြောင်း အင်ဒိုနီးရှားတရားရုံး စီရင်ချက်ချ

၂၀၁၉၊ ဩဂုတ် ၈ ရက်​နေ့မှာ ဆာ​မာ​ရင်း​ဒါ စီမံ​အုပ်ချုပ်ရေး​တရားရုံး​က အလံ​အလေး​မပြု​မှု၊ နိုင်ငံတော်​သီချင်း မ​သီဆိုမှု​နဲ့ ကျောင်း​ထုတ်​ခံခဲ့ရတဲ့ ကလေး​သုံးယောက်​ဘက်က​နေ အနိုင်​ပေး ဆုံးဖြတ်လိုက်​ပါတယ်။ ကလေး​သုံးယောက်ကို ကျောင်း​မ​ထုတ်​ဖို့၊ ကျောင်း​ပြန်​တက်ခွင့်​ပေးဖို့ စီရင်ချက်ချ​လိုက်တယ်။ ဒီ​ဆုံးဖြတ်ချက်​ကြောင့် အင်ဒိုနီးရှား​က ယေဟောဝါ​သက်သေ မိဘတွေဟာ ကလေးတွေကို ဘာသာရေး ယုံကြည်ချက်တွေ သင်ပေး​ခွင့် ရှိကြောင်း၊​ မိဘရဲ့ ဘာသာရေး ယုံကြည်ချက်ကို လိုက်နာ​တဲ့​အတွက် ကလေးတွေကို အပြစ်​မပေးနိုင်​ကြောင်း တရားဝင် အတည်ပြု​လိုက်ခြင်း ဖြစ်တယ်။

အသက် ၇ နှစ်၊ ၁၀ နှစ်၊ ၁၂ နှစ် အသီးသီး​ရှိတဲ့ ယောနသန်၊ ယောရှ​ဝါ၊ မာ​ရီး​ယာ တန်း​ဘ​နတ်​ဟာ ၂၀၁၈၊ ဒီဇင်ဘာလ​မှာ ကျောင်း​ထုတ်​ခံရတယ်။ ဒါပေမဲ့ ကလေးတွေ အလံ​အလေး​မပြု​တာ၊ နိုင်ငံတော်​သီချင်း မဆို​တာ​ဟာ ဖွဲ​စည်း​ပုံ အခြေခံ​ဥပဒေ အပါအဝင် ဘယ်​ဥပဒေ​ကို​မှ ချိုးဖောက်ရာ မ​ရောက်​ကြောင်း၊ နိုင်ငံတော်ရဲ့ ဓလေ့​ထုံးစံတွေ၊ အထိမ်းအမှတ်​တွေကို မလေးစား​ရာ မ​ရောက်​ကြောင်း စီမံ​အုပ်ချုပ်ရေး​တရားရုံး​က အသိအမှတ်​ပြုခဲ့တယ်။

ကလေးတွေရဲ့ ဘာသာရေး ယုံကြည်ချက်ကို လေးစားဖို့၊ သူတို့ကို ကျောင်း​ပြန်​တက်ခွင့် ပေးဖို့ တရားရုံး​က ဆုံးဖြတ်​ပေးတဲ့​အတွက် ကျွန်တော်တို့ ဝမ်းသာ​ပါတယ်။ ကျောင်းမှာ အလားတူ စိန်ခေါ်ချက်တွေ ရင်ဆိုင်​နေရတဲ့ အင်ဒိုနီးရှား​က ယေဟောဝါ​သက်သေ တခြား​ကလေးတွေ​အတွက်လည်း ဒီ​ဆုံးဖြတ်ချက်​က အကျိုးပြု​လိမ့်မယ်လို့ မျှော်လင့်​ပါတယ်။