မာတိကာဆီ ကျော်သွား

မေ ၃၊ ၂၀၁၈
ရုရှား

ယေဟောဝါ​သက်သေ​များ အယူခံဝင်​မှု ရှုံးနိမ့်​သွား​ရာ ယခင် ဌာနခွဲရုံး မြေ​အိမ်ရာ​အဆောက်အဦ​တွေကို ရုရှား​အာဏာပိုင်တွေ သိမ်းယူ​ခွင့် ရရှိ

ယေဟောဝါ​သက်သေ​များ အယူခံဝင်​မှု ရှုံးနိမ့်​သွား​ရာ ယခင် ဌာနခွဲရုံး မြေ​အိမ်ရာ​အဆောက်အဦ​တွေကို ရုရှား​အာဏာပိုင်တွေ သိမ်းယူ​ခွင့် ရရှိ

၂၀၁၈၊ မေ ၃၊ ကြာသပတေး​နေ့မှာ စိန့်​ပီတာစဘတ်​မြို့တော် တရားရုံး​က ၂၀၁၇၊ ဒီဇင်ဘာလ​တုန်း​က စီရင်​ဆုံးဖြတ်ချက်ကို အတည်ပြု​လိုက်တဲ့​အတွက် ဆို​နီ​ချ​နာ​ယာ​မြို့မှာ​ရှိတဲ့ ယခင် ဌာနခွဲ မြေ​အိမ်ရာ​အဆောက်အဦ​တွေကို ရုရှား​အစိုးရက ချက်ချင်း သိမ်းယူ​ခွင့် ရသွား​ပါတယ်။

ရုရှား​အစိုးရ မြေ​အိမ်ရာ​အဆောက်အဦ သိမ်းယူမှု​ကို ကျွန်တော်တို့ မတားဆီး​နိုင်ပေမဲ့ ဒီနေ့ ဆုံးဖြတ်ချက်ကို လူ့​အခွင့်အရေး​ဆိုင်ရာ ဥရောပ တရားရုံး (ECHR) ဆီ တင်ပြ​ထားပါ​တယ်။ ECHR က​လည်း သုံးသပ်​နေပါ​ပြီ။ ကျွန်တော်တို့ရဲ့ တင်ပြမှု​ကို ECHR က ဦးစား​ပေး​ကိစ္စ​အဖြစ် သုံးသပ်​နေကြောင်း ရုရှား​အစိုးရ​ဆီ ဆက်သွယ် အသိ​ပေးထား​ပါပြီ။

တရား​မျှတတဲ့ ယေဟောဝါ​ဘုရားက ကိစ္စရပ်​တွေကို သင့်လျော်​တဲ့အချိန်​မှာ တည့်မတ်​ဆောင်​ရွယ်​ပေးမယ်လို့ ကျွန်တော်တို့ ဆက်​မျှော်လင့်​နေကြပါတယ်။—ဟေရှာယ ၃၀:၁၈