မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၁၃၊ ၂၀၁၈
အမေရိကန်​ပြည်ထောင်စု

ဘရွတ်ကလင်၊ One York Street ပေါ်​က နောက်ဆုံး​မြေကွက်​ကို ယေဟောဝါသက်သေတွေ ရောင်းချ​ပြီး​ပါပြီ

ဘရွတ်ကလင်၊ One York Street ပေါ်​က နောက်ဆုံး​မြေကွက်​ကို ယေဟောဝါသက်သေတွေ ရောင်းချ​ပြီး​ပါပြီ

One York Street ဒါမှမဟုတ် 3​0 Front Street ပေါ်​က ဘရွတ်ကလင်​ဌာနချုပ်​ရဲ့ နောက်ဆုံး​လက်ကျန် မြေကွက်​ကို ၂၀၁၈၊ ဒီဇင်ဘာ ၁၂ ရက်​နေ့မှာ Fortis Dumbo Acquisition, LLC ဆီ ယေဟောဝါသက်သေတွေ ရောင်းချ​လိုက်ပါ​ပြီ။ ၂၀၀၄ ခုနှစ်​က​စပြီး ဘရွတ်ကလင်​မှာ​ရှိတဲ့ အိမ်မြေ​ရာ​အဆောက်အအုံ ၃၇ ခု​ကို ယေဟောဝါသက်သေတွေ ရောင်းချ​ပြီး​ပါပြီ။

ယေဟောဝါသက်သေတွေ​က York Street မြေကွက်​ကို ၁၉၇၇ ခုနှစ်မှာ ဝယ်ယူ​ပြီးနောက် အရင်​ဌာနချုပ်​မှာ အမှုဆောင်​သူတွေရဲ့ ကား​ရပ်နား​ရန်​နေရာ​အဖြစ် အသုံးပြု​ခဲ့​ကြတယ်။ ပုံ​မှာ​တွေ့ရတဲ့ မြေကွက်ဟာ သမိုင်းဝင် ဒမ်ဘို​ရပ်ကွက်၊ ဘရွတ်ကလင်​တံတား အောက်​နား၊ ဘရွတ်ကလင်-ကွင်း​စ် လမ်းမကြီး​ဘေးနား​မှာ တည်ရှိတယ်။

ဘရွတ်ကလင်​ဌာနချုပ်​မှာ ကမ္ဘာချီ ကျမ်းစာ ပညာပေး​လုပ်ငန်းကို ယေဟောဝါသက်သေတွေ ဖွဲ့စည်း​ဆောင်ရွက်နေ​တာ အနှစ် ၁၀၀ ကျော်​ပါပြီ။ ၂၀၁၆ ခုနှစ်​က​စပြီး နယူးယောက်၊ ဝေါဝစ်​မှာ​ရှိတဲ့ ကမ္ဘာ့​ဌာနချုပ်​သစ်​ကနေ ကမ္ဘာချီ​လုပ်ငန်းကို ကြီးကြပ်ပေး​နေပါတယ်။

Media Inquiries: Office of Public Information, +1-84​5-5​2​4-3​0​0​0