မာတိကာဆီ ကျော်သွား

မတ် ၂၊ ၂၀၁၈
အမေရိကန်​ပြည်ထောင်စု

အမေရိကန်​ပြည်ထောင်စု အလယ်ပိုင်း​မှာ ရေ​ကြီး

အမေရိကန်​ပြည်ထောင်စု အလယ်ပိုင်း​မှာ ရေ​ကြီး

၂၀၁၈၊ ဖေဖော်ဝါရီ​လ​အတွင်းမှာ နှင်း​တွေ အရည်ပျော်​ပြီး မိုး​သည်းထန်​စွာ​ရွာ​တာ​နဲ့ ပေါင်း​သွားတဲ့​အတွက် အမေရိကန်​ပြည်ထောင်စု အလယ်ပိုင်း​မှာ ရေ​ကြီး​ခဲ့တယ်။ အီလီ​နွိုက်၊ အင်​ဒီ​ယန်း​နား၊ ကင်​တက်​ကီ၊ မစ်ရှီဂန်၊ အိုဟိုင်အို၊ တင်​နက်​စီ​ပြည်နယ်​က ညီအစ်ကို/မ​တွေ ရေ​ဘေးသင့်​ခဲ့တယ်။

တိုက်နယ်​ရှစ်ခု​က ကြေညာသူ​အ​ယောက် ၂၀၊ နေအိမ်​ကနေ ရွှေ့​ပြောင်း​ခဲ့​ရ​ကြောင်း အမေရိကန် ဌာနခွဲရုံး​ကနေ သတင်းရ​ပါတယ်။ မိုး​အသည်းအသန်​ရွာ​ပြီး ရေ​ကြီး​မှု​ကြောင့် အင်​ဒီ​ယန်း​နားက ညီအစ်မ​တစ်ဦး သေဆုံးကြောင်း သိရလို့ စိတ်မကောင်း​ပါဘူး။ ညီအစ်ကို/မ​တွေရဲ့ အိမ် ၅၇ လုံး ပျက်စီး​သွားပါ​တယ်။

အဲဒီ​ဒေသက တိုက်နယ်​ကြီးကြပ်မှူးတွေဟာ ဘေးသင့်​ဒေသက ကြေညာသူတွေကို နှစ်သိမ့်​အားပေးနေ​ကြပါတယ်။ ဘေးသင့်​တဲ့ ညီအစ်ကို/မ​တွေရဲ့ စိုးရိမ်​ပူပန်မှု အားလုံးကို ယေဟောဝါ ဂရုစိုက်​စောင့်ရှောက်​ပေးမယ်​ဆိုတာ ယုံကြည်ပြီး သူတို့​အားလုံး​အတွက် ကျွန်တော်တို့ ဆက်​ဆုတောင်းပေး​နေကြပါတယ်။—၁ ပေတရု ၅:၇

Media Contact:

David A. Semonian, Office of Public Information, +1-84​5-5​2​4-3​0​0​0