မာတိကာဆီ ကျော်သွား

၂၀၁၇၊ ဇွန် ၂၆
ဂွါ​တီ​မာ​လာ

ဂွာ​တီ​မာ​လာ-မက္ကဆီကို​နယ်စပ်​အနီး ငလျင်​အကြီးအကျယ် လှုပ်ခတ်

ဂွာ​တီ​မာ​လာ-မက္ကဆီကို​နယ်စပ်​အနီး ငလျင်​အကြီးအကျယ် လှုပ်ခတ်

၂၀၁၇၊ ဇွန် ၁၄ ရက်၊ ဗုဒ္ဓဟူး​နေ့မှာ မက္ကဆီကို​နယ်စပ်​အနီး၊ ဂွာ​တီ​မာ​လာ​နိုင်ငံ အနောက်ပိုင်း​မှာ ငလျင် အကြီးအကျယ် လှုပ်ခတ်​သွားပြီး ငလျင်​ဘေးသင့် ပြည်သူတွေကို ယေဟောဝါသက်သေတွေ ကူညီပေး​ကြတယ်။ နောက်ဆုံး သတင်း​ပေးပို့ချက်​တွေ​အရ ပြင်းအား ၆.၉ အဆင့်​ရှိတဲ့ ငလျင်​ကြောင့် ငါး​ဦး​ထက်​မနည်း သေဆုံး​ပြီး နောက်ဆက်တွဲ မြေ​ပြို​မှု​တွေ ရှိခဲ့တယ်။

အဲဒီ​ဒေသမှာ နေထိုင်တဲ့ ယေဟောဝါ​သက်သေ​တစ်ဦး​မှ သေ​တာ၊ ထိခိုက်​ဒဏ်ရာ​ရတာ မရှိဘူး။ ဒါပေမဲ့ ဝတ်ပြုတဲ့​နေရာ ၁၁ ခု၊ နေအိမ် ၁၇ လုံး ပျက်စီး​သွားတယ်။ မက္ကဆီကို​စီးတီး​မှာ​ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဗဟို​အမေရိက​ဌာနခွဲရုံး​က ဂွာ​တီ​မာ​လာ​မှာ ကယ်ဆယ်ရေး​ကော်မတီ သုံးခု ဖွဲ့စည်း​ပေးတယ်။ အပျက်အစီး​ပမာဏ​ကို အကဲဖြတ်ဖို့၊ ကယ်ဆယ်ရေး​ပစ္စည်း​တွေ ချက်ချင်း ပို့ပေး​နိုင်ဖို့​ပဲ။

ကမ္ဘာ့​ဌာနချုပ်​မှာ​ရှိတဲ့ ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေး​အဖွဲ့ဟာ သဘာဝဘေး ကယ်ဆယ်ရေး​လုပ်ငန်း​တွေကို ကမ္ဘာချီ ဟောပြောခြင်း​လုပ်ငန်း​အတွက် လှူဒါန်း​ထားတဲ့​ငွေတွေ​နဲ့ ပံ့ပိုးပေး​နေပါတယ်။

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Mexico: Gamaliel Camarillo, +52-555-133-3048

Guatemala: Juan Carlos Rodas, +502-5967-6015