မာတိကာဆီ ကျော်သွား

တရားရေး​ရာ​ဖြစ်​စဉ်​များနှင့် လူ့​အခွင့်အရေး

ရုရှား​မှာ အိမ်တွေကို ဝင်ရောက်​စီးနင်း​ပြီး နောက်ထပ် ယေဟောဝါ​သက်သေတွေကို ထောင်ချ

ရုရှား​အာဏာပိုင်တွေ​က ယေဟောဝါသက်သေတွေ​အပေါ် အကြမ်းဖက်​ကင်ပိန်း စတင်​နေပါ​ပြီ။ ယုံကြည်ခြင်း​ကျင့်သုံး​မှု​နဲ့ ဖမ်းဆီး​ထောင်ချ​နေကြပါတယ်။

ရုရှား​မှာ အိမ်တွေကို ဝင်ရောက်​စီးနင်း​ပြီး နောက်ထပ် ယေဟောဝါ​သက်သေတွေကို ထောင်ချ

ရုရှား​အာဏာပိုင်တွေ​က ယေဟောဝါသက်သေတွေ​အပေါ် အကြမ်းဖက်​ကင်ပိန်း စတင်​နေပါ​ပြီ။ ယုံကြည်ခြင်း​ကျင့်သုံး​မှု​နဲ့ ဖမ်းဆီး​ထောင်ချ​နေကြပါတယ်။

ယုံကြည်ချက်​ကြောင့် ထောင်ကျ​နေတဲ့ ယေဟောဝါ​သက်သေ​များ​—ဒေသ​အလိုက်

ယေဟောဝါ​သက်သေတွေဟာ ယုံကြည်ချက်​အတိုင်း လုပ်ဆောင်​လို့၊ အခြေခံ လူ့​အခွင့်အရေး​နဲ့​အညီ နေထိုင်​လို့ တချို့​နိုင်ငံ​တွေ​မှာ ထောင်ဒဏ် ချ​ခံရ​ကြ​တယ်။ တစ်ခါ​တ​လေ ဆိုးဝါး​တဲ့ အခြေအနေ​အောက် ထောင်ချ​ခံရ​ကြ​တယ်။

ရုရှား

ရုရှား​မှာ ယေဟောဝါ​သက်သေ နောက်​တစ်ဦးကို အစွန်းရောက်​လုပ်ငန်း စွဲချက်​တွေ​နဲ့ အမှုစစ်ဆေး

စက်​ချုပ်​သ​မား​ဟောင်း အသက် ၇၀ အရွယ် ယေဟောဝါ​သက်သေ အာ​က​ဒီ​ယာ အ​ကို​ပီယန်​ဟာ အပြစ်​မရှိသူ၊ ဥပဒေ​လိုက်နာသူ၊ ဘုရားသခင်ကို ငြိမ်သက်​အေးချမ်း​စွာ ဝတ်ပြု​ကိုးကွယ်​ချင်​သူ ဖြစ်တယ်။

ရုရှား

ဒဲနစ္စ ခရစ်​တန်​ဆန်​ရဲ့​အမှု ပထမ​အကြိမ် သက်သေ​ထွက်ဆိုချက်​ကို အို​ရွိုလ်​တရားရုံး ကြားနာ

ဒိန်းမတ်​နိုင်ငံသား၊ ယေဟောဝါ​သက်သေ မစ္စတာ ခရစ်​တန်​ဆန်​ဟာ ၂၀၁၇၊ မေလ​ကတည်းက စုံစမ်း​စစ်ဆေးခြင်း မရှိဘဲ ချုပ်နှောင်​ခံ​ထား​ရတယ်။ ယုံကြည်ချက်ကို ကျင့်သုံး​တဲ့​အတွက် ထောင်ဒဏ် ၆ နှစ်​ကနေ ၁၀ နှစ်အထိ ကျ​ခံနိုင်​ပါတယ်။

ရုရှား

ရုရှား​မှာ​ရှိတဲ့ ယေဟောဝါ​သက်သေတွေကို အကြမ်းဖက်​ကင်ပိန်း စတင်

အခု ရုရှား​အာဏာပိုင်တွေ​ဟာ ယေဟောဝါသက်သေများရဲ့ အသင်းအဖွဲ့​တွေကို ပိတ်ပင်​ရာ​ကနေ ယေဟောဝါသက်သေတွေ​နဲ့ ဝတ်ပြုရေးကို ဦးတည်​တိုက်ခိုက်​လာပြီ။

အီရီ​ထ​ရီး​ယား

အီရီ​ထ​ရီး​ယား​ထောင်​မှာ သက်ကြီးရွယ်အို ယေဟောဝါ​သက်သေ​နှစ်ယောက် သေဆုံး

၂၀၁၈ နှစ်ဆန်းပိုင်း​မှာ ယေဟောဝါ​သက်သေ​နှစ်ယောက် (ဟက်​တေ​မီခေးလ် တက်​စ​ဖာ​မာ​ရီ​ယံ​နဲ့ ဟက်​တေ​မီခေးလ် မေ​ခို​န​န်) ဟာ မိုင်​ဆာ​ဝါ​အကျဉ်းထောင်​မှာ သေဆုံးသွားတယ်။ နှစ်ယောက်စလုံးဟာ ဘာသာရေး​ယုံကြည်ချက်​ကြောင့် မတရား​ထောင်ချ​ခံရပြီး ဆိုးရွား​တဲ့ ထောင်​တွင်း အခြေအနေ​တွေ​နဲ့ နှိပ်စက်မှု​ကို ဆယ်နှစ်​နီးပါး ခံ​ခဲ့​ကြရတယ်။

ကာဇက်​စ​တန်

သမ္မတ​ရဲ့ လွတ်ငြိမ်း​ချမ်းသာခွင့်​နဲ့ တေ​မူ အခါ​မေ​ဒေါ့ဗ် လွတ်​လာ

ကိုယ့်​ယုံကြည်ချက်ကို တခြား​သူတွေကို ပြောပြ​မှု​နဲ့ တစ်နှစ်ကျော်​ကြာ ထောင်ကျ​နေတဲ့ ယေဟောဝါ​သက်သေ တေ​မူ အခါ​မေ​ဒေါ့ဗ်​ကို ကာဇက်​စ​တန် သမ္မတ နာ​ဆူ​လ်​တန် နာ​ဇာ​ဘာ​ယာ​ဗ့်​က လွတ်ငြိမ်း​ချမ်းသာခွင့် ပေးခဲ့တယ်။ ပြစ်မှု​မှတ်တမ်း​ကိုလည်း ပယ်ဖျက်​ပေးခဲ့တယ်။

တာ့ခ်​မင်​န​စ္စ​တန်

လွတ်လပ်​စွာ ယုံကြည်​ကိုးကွယ်ခွင့်​ကို တာ့ခ်​မင်​န​စ္စ​တန် လျစ်လျူရှု

ယေဟောဝါ​သက်သေ​နှစ်ယောက်ဟာ စစ်မှုထမ်း​ဖို့ ငြင်းဆို​တဲ့​အတွက် ထောင်ဒဏ် တစ်နှစ် ကျ​ခံရ​ပါတယ်။ တာ့ခ်​မင်​န​စ္စ​တန်​အစိုးရဟာ ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​ခြင်းနဲ့​ပတ်သက်တဲ့ အခြေခံ​ရပိုင်ခွင့်​ကို အသိအမှတ် မပြု​သေး​ပါ။ အစားထိုး အရပ်ဘက်​လုပ်ငန်းကို​လည်း မ​စီစဉ်​ပေး​သေး​ပါ။