မာတိကာဆီ ကျော်သွား

ကျမ်းစာ လေ့လာမှုဆိုတာ ဘာလဲ

ကျမ်းစာ လေ့လာမှုဆိုတာ ဘာလဲ

မေးခွန်းများ​စွာ​ကို ဖြေဆို​ပေးတဲ့ ကျမ်းစာ​လေ့လာမှု​ အစီအစဉ်ကို ယေဟောဝါသက်သေတွေ လုပ်​ဆောင်ကြပါတယ်။ အဲဒီ​မေးခွန်းတွေ​ထဲ​က တချို့ကတော့–

  • ဘုရားသခင်က ဘယ်သူ​လဲ။

  • ငါ့ကို ဘုရားသခင် တကယ်ပဲ ဂရုစိုက်​ပါသလား။

  • ငါ့​အိမ်ထောင်​ကို ဘယ်လို ​ခိုင်မြဲ​စေနိုင်​မလဲ။

  • ဘဝမှာ ပျော်ရွှင်မှု​ ဘယ်လို​ ရနိုင်မလဲ။

ကျမ်းစာ​လေ့လာမှု​ အစီအစဉ်​နဲ့​ပတ်သက်ပြီး မကြာခဏ မေး​တတ်တဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို အောက်မှာ တွေ့ရ​ပါလိမ့်မယ်။

ဘယ်လို​ပုံစံ​နဲ့ လေ့လာ​ကြသလဲ။ “ဘုရားသခင်” ဒါမှမဟုတ် “အိမ်ထောင်ရေး” ဆိုတဲ့ အကြောင်းအရာကို ရွေး​ပြီး သက်ဆိုင်​တဲ့ ကျမ်းချက်​အမျိုးမျိုးကို လေ့လာ​ဆန်းစစ်​ကြတယ်။ ကျမ်းချက်တွေကို နှိုင်းယှဉ်​ပြီး အကြောင်းအရာနဲ့​ပတ်သက်တဲ့ ကျမ်းစာရဲ့​ ခြုံငုံ​သုံးသပ်ချက်​ကို ဆင်ခြင်တယ်။ ဒီလို​နည်းနဲ့ ကျမ်းစာရဲ့​ ဆိုလိုရင်းကို သိရှိ​ရ​ပါတယ်။

ကျမ်းစာ​လေ့လာမှု​မှာ အထောက်အကူ​အဖြစ် သမ္မာကျမ်းစာ ​သွန်သင်ရာ​များ စာအုပ်ကို သုံးပါတယ်။ ဘုရားသခင်၊ ယေရှု၊ အနာဂတ်နဲ့​ပတ်သက်ပြီး ကျမ်းစာ အမှန်တကယ် ပြောဆိုရာ​တွေ​ အပါအဝင် တခြား ​အကြောင်းအရာ​များစွာကို အဲဒီ​စာအုပ်​ထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြ​ထားတယ်။

ကျမ်းစာ​လေ့လာမှု​အတွက် အခကြေးငွေ ပေး​စ​ရာ​လိုလား။ ဒီ​လေ့လာမှုက အခမဲ့​ ဖြစ်ပါတယ်။ လေ့လာတဲ့​ စာအုပ်တွေ​ကိုလည်း အခမဲ့​ ပေး​ပါတယ်။

လေ့လာချိန်​ ဘယ်လောက်​ ကြာ​မလဲ။ လူ​တော်​တော်​များများ​က ကျမ်းစာ ​လေ့လာဖို့ တစ်ပတ်​မှာ တစ်​နာရီ ဒါမှမဟုတ် အဲဒီထက်မက အချိန်ပေး​ကြတယ်။ ဒါပေမဲ့ လေ့လာချိန်​ကို တိတိကျကျ သတ်မှတ်​ရမယ်လို့ မဆိုလို​ပါဘူး။ သင် အချိန်ပေး​နိုင်တဲ့​အပေါ်​ မူတည်ပြီး လေ့လာ​နိုင်ပါတယ်။

ကျမ်းစာ​ လေ့လာဖို့ တောင်းဆို​ရင် ဘာ​ဖြစ်လာမလဲ။ ကျမ်းစာ​ လေ့လာဖို့ တောင်းဆို​မယ်​ဆိုရင် ယေဟောဝါ​သက်သေ​တစ်ဦး သင် အဆင်ပြေမယ့် အချိန်နဲ့​ နေရာမှာ ရောက်လာ​ပါလိမ့်မယ်။ ရောက်လာတဲ့​သူဟာ အမျိုးသား ဒါမှမဟုတ် အမျိုးသမီး ဖြစ်နိုင်တယ်။ သူက ကျမ်းစာ​လေ့လာပုံ​ကို အချိန်​အနည်းငယ်​ ယူပြီး လုပ်ပြ​မယ်။ သင် နှစ်သက်တယ်​ဆိုရင် ဆက်​လေ့လာ​နိုင်ပါတယ်။

ကျမ်းစာ​ လေ့လာဖို့ လက်ခံ​လိုက်မယ်​ဆိုရင် ယေဟောဝါ​သက်သေ​အဖွဲ့​ထဲ ဝင်​ရမလား။ ယေဟောဝါ​ သက်သေတွေဟာ ကျမ်းစာ​အကြောင်း​ ပြောပြ​ရတာ နှစ်သက်​ကြပါတယ်။ ဒါပေမဲ့ ဘာသာဝင်​ဖို့ ဘယ်သူ့ကိုမှ ဖိအား​မပေး​ပါဘူး။ လူတိုင်းမှာ ကိုယ်​ယုံကြည်ရာ​ကို ရွေးချယ်ပိုင်ခွင့်​ ရှိတယ်ဆိုတာ အသိအမှတ်​ပြုတယ်။ ဒါကြောင့် ကျမ်းစာအဆိုကိုပဲ တလေးတစား ပြောပြ​ကြပါတယ်။—၁ ပေတရု ၃:၁၅