မြန်မာ
အာဖရိကတိုက်ရှိ မျက်မမြင်တို့ကို ကူညီပေးနေ
https://cms-imgp.jw-cdn.org/img/p/502014336/univ/art/502014336_univ_sqr_xl.jpg

အာဖရိကတိုက်ရှိ မျက်မမြင်တို့ကို ကူညီပေးနေ

အာဖရိကတိုက်ရှိ မျက်မမြင်တို့ကို ကူညီပေးနေ

ဖွံ့ဖြိုးဆဲ နိုင်ငံတချို့ရှိ မျက်မမြင်တွေဟာ တခြားနိုင်ငံက မျက်မမြင်တွေလောက် အခွင့်အရေး မရကြဘူး။ လူတွေက သူတို့ကို ပစ်ပယ်ထားကြတယ်။ ပုံမှန်လူတွေအတွက် သာမန်ကိစ္စတွေက သူတို့အတွက်တော့ ခက်ခဲတယ်။ ဥပမာ– ဈေးဝယ်တာ၊ ဘတ်စကား စီးတာ၊ ငွေရှင်းတာ၊ စာဖတ်တာတွေပါပဲ။ သူတို့ မျက်မမြင်စာ မတတ်ကြဘူး။ တတ်ရင်တောင် သူတို့အတွက် စာပေတွေ ရှာရခက်တယ်။

ယေဟောဝါသက်သေတွေဟာ မျက်မမြင်စာပေ ထုတ်ဝေခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီ။ မာလာဝီနိုင်ငံရဲ့ ချီချေဝါ တိုင်းရင်းဘာသာစကားနဲ့ မျက်မမြင်စာ ရနိုင်ဖို့ ယေဟောဝါသက်သေတွေဟာ မျက်မမြင်စာ ပုံနှိပ်စက်ပစ္စည်းတွေကို နယ်သာလန်နိုင်ငံကနေ မာလာဝီကို ပို့ပေးခဲ့တယ်။

မျက်မမြင်စာ ပုံနှိပ်အတတ် ကျွမ်းကျင်တဲ့ လီယိုဟာ ဘရာဇီး ဌာနခွဲရုံးကနေ မာလာဝီကို ပြောင်းလာခဲ့တယ်။ လီယိုဟာ ယေဟောဝါသက်သေတွေ တီထွင်ခဲ့တဲ့ အသံထွက်အတိုင်း ဘာသာပြန်ပေးတဲ့ ကွန်ပျူတာစနစ်နဲ့ စက်ပစ္စည်းတွေ အသုံးပြုတတ်ဖို့ ငါးယောက်အဖွဲ့ကို ကူညီပေးခဲ့တယ်။ အဲဒီကွန်ပျူတာ ပရိုဂရမ်ကို သုံးပြီး ချီချေဝါ မျက်မမြင်စာ ထုတ်လုပ်ကြတယ်။ အဲဒီလိုလုပ်နိုင်ဖို့ ချီချေဝါ စကားလုံးတွေနဲ့ မျက်မမြင်စာ စကားလုံးတွေ ရှိတဲ့ စားပွဲတစ်လုံး တပ်ဆင်ထားဖို့ လိုတယ်။ အဲဒီပရိုဂရမ်က ဖတ်ရလွယ်ကူစေတဲ့ ပုံစံနဲ့ ထုတ်လုပ်ပေးတယ်။ ချီချေဝါ မျက်မမြင်စာအကြောင်း မာလာဝီ တိုင်းရင်းသားတချို့ ပြောတာကို နားထောင်ကြည့်ပါ။

မူန်ယာရတ်ဇီဟာ မျက်စိမမြင်တဲ့ အမျိုးသမီးငယ် ဖြစ်ပြီး ရေဒီယို အသံလွှင့်ရုံမှာ အချိန်ပိုင်းအလုပ် လုပ်တယ်။ တစ်လကို နာရီ ၇၀ ကြာ ဟောပြောသွန်သင်ပေးသူလည်း ဖြစ်တယ်။ သူ ဒီလိုပြောပြတယ်– “အရင်တုန်းက အင်္ဂလိပ်လို မျက်မမြင်စာပေတွေပဲ ဖတ်ရတယ်၊ အခု ချီချေဝါစကားနဲ့ ဖတ်ရတော့ ကျွန်မ သိပ်သဘောကျတာပေါ့ရှင်။ အကုန်အကျခံပြီး ချီချေဝါ မျက်မမြင်စာပေတွေကို ကြိုးစားထုတ်လုပ်ပေးတဲ့အတွက် ညီအစ်ကိုညီအစ်မတွေကို ကျေးဇူးတင်ပါတယ်။ ဒီစာပေတွေ ရလို့ ကျွန်မတို့ကို မေ့မထားဘဲ ဂရုစိုက်ပေးတယ်လို့ ခံစားရတယ်။”

ဖရန့်စစ်ဟာ မာလာဝီမြောက်ပိုင်းမှာ နေတဲ့ ယေဟောဝါသက်သေတစ်ယောက် ဖြစ်တယ်။ မျက်စိမမြင်လို့ တခြားသူကို စာဖတ်ခိုင်းရတယ်။ ချီချေဝါ မျက်မမြင်စာကို ဖရန့်စစ် ရရချင်း သူက “အိပ်မက် မက်နေတာများလား မသိဘူး၊ ဝမ်းသာလိုက်တာဗျာ” လို့ ပြောတယ်။

လိုအစ်စ်ဟာ မျက်စိမမြင်ပေမဲ့ အချိန်ပြည့် အမှုဆောင်တစ်ယောက်ပါ။ လူ ၅၂ ယောက်ကို အလင်းတရား ရစေခဲ့တယ်။ လိုအစ်စ်က မျက်မမြင်စာပေတွေကို သုံးပြီး သူတို့ကို သင်ပေးခဲ့တယ်။

လိုအစ်စ် ကျမ်းစာသင်အံမှု ကျင်းပနေ

လီယို ဒီလိုပြောပြတယ်– “ခရစ်ယာန်စာပေတွေကို မျက်မမြင်စာနဲ့ ထုတ်ဝေပေးနိုင်လို့ ကျွန်တော် ဝမ်းသာတယ်၊ အဲဒီစာပေတွေဟာ သူတို့ ကိုယ်ပိုင်ဘာသာစကားနဲ့ ဖြစ်နေမှန်း သိတာနဲ့ သူတို့ တုံ့ပြန်ပုံက အားရစရာ ကောင်းတယ်။ အစည်းအဝေးတွေနဲ့ ဟောပြောသက်သေခံဖို့အတွက် မိခင်ဘာသာစကားနဲ့ ပြင်ဆင်နိုင်ကြလို့ ယေဟောဝါဘုရားကို ကျေးဇူးတင်ကြောင်း အားရပါးရ ပြောကြတယ်။ သူတို့တွေဟာ တခြားသူကို အားကိုးစရာ မလိုတော့ဘဲ ကိုယ်တိုင်ကိုယ်ကျ လေ့လာမှုလုပ်နိုင်ကြပြီ။ ယေဟောဝါဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိနေအောင် မိသားစုတွေကိုလည်း ကူညီပေးနိုင်ကြတယ်။ ချီချေဝါ မျက်မမြင်စာပေတွေက သူတို့ကို ယေဟောဝါဘုရားနဲ့ ရင်းနှီးကျွမ်းဝင်လာစေတယ်။”