မလိုပါဘူး။ ယေဟောဝါသက်သေမဟုတ်တဲ့သူ သန်းနဲ့ချီ ကျမ်းစာလေ့လာနေကြတယ်။ * ကျမ်းစာက ဘာတွေသင်ပေးသလဲဆိုတာသိအောင် လေ့လာကြတာပါ။ နောက်ပိုင်း၊ သိလာတဲ့အရာနဲ့ပတ်သက်ပြီး ဘာလုပ်မယ်ဆိုတာတော့ ကိုယ့်သဘောပါပဲ။ ယုံကြည်ခြင်းဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်မှန်း အသိအမှတ်ပြုပါတယ်။ယောရှု ၂၄:၁၅

လေ့လာတဲ့အချိန်မှာ ကိုယ့်ကျမ်းစာအုပ်ကို သုံးလို့ရမလား

ရပါတယ်။ လေ့လာချိန်မှာ သင့်ကိုယ်ပိုင် ကျမ်းစာအုပ်ကို အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ ခေတ်သုံးဘာသာစကားနဲ့ ဘာသာပြန်ထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို သုံးကြပါတယ်။ သင်လိုချင်တယ်ဆိုရင်လည်း အခမဲ့ရနိုင်ပါတယ်။ မျှော်လင့်ခြင်းနဲ့ ကယ်တင်ခြင်းအကြောင်းကို ဘယ်ဘာသာပြန်ကျမ်းကမဆို သိနိုင်ပါတယ်။

ခင်ဗျားတို့ဘာသာထဲ မဝင်လာတဲ့သူတွေနဲ့ ဘာကြောင့် ကျမ်းစာလေ့လာကြတာလဲ

  • အဓိက,ကတော့ ယေဟောဝါ ဘုရားသခင်ကို ချစ်လို့ပါ၊ ကိုယ်တော်က ကျွန်တော်တို့ သိလာတာတွေကို တခြားသူတွေလည်းသိအောင် သင်ပေးစေချင်တယ်။ (မဿဲ ၂၂:၃၇၊ ၃၈။ ၂၈:၁၉၊ ၂၀) နောက်ပြီး၊ “ဘုရားသခင်၏ လုပ်ဖော်ဆောင်ဖက်” တွေအနေနဲ့ တခြားသူတွေကို တရားစကား သင်ပေးရတာ တကယ့်အခွင့်ထူးကြီးလို့ ယူမှတ်တယ်။၁ ကောရိန္သု ၃:၆-၉

  • လူသားချင်းတွေကိုလည်း ချစ်လို့ပါ။ (မဿဲ ၂၂:၃၉) ကျွန်တော်တို့ သိထားတဲ့ တကယ့်ကောင်းတဲ့အကြောင်းတွေကို ပြန်ပြောပြရတာ ပျော်တယ်။တမန်တော် ၂၀:၃၅

^ စာပိုဒ်၊ 2 ၂၀၁၇ တုန်းက လစဉ် ကျမ်းစာသင်အံမှု ၁၀,၀၇၁,၅၂၄ ကျင်းပခဲ့တယ်။ သင်အံမှုတစ်ခုမှာ တစ်ယောက်ထက်မက ပါဝင်တယ်။ ဒါပေမဲ့ အဲဒီနှစ်မှာ ၂၈၄,၂၁၂ ယောက်ပဲ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံခဲ့ကြတယ်။