အသင်းတော်တိုင်းကို အကြီးအကဲအဖွဲ့က ကြီးကြပ်တယ်။ အသင်းတော် ၂၀ လောက်ကို တိုက်နယ်တစ်ခုအဖြစ် ဖွဲ့စည်းပြီး တိုက်နယ် ၁၀ ခုလောက်ကို ခရိုင်အဖြစ် ဖွဲ့စည်းလိုက်တယ်။ တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ခရိုင်ကြီးကြပ်မှူးတွေက အသင်းတော်တိုင်းဆီ အချိန်မှန်မှန် လည်ပတ်ကြတယ်။

နယူးယောက်၊ ဝေါဝစ်မြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်မှာ အမှုဆောင်နေကြတဲ့ သက်တမ်းကြာ သက်သေခံတွေနဲ့ ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးအဖွဲ့က ကျမ်းစာအခြေပြု လမ်းညွှန်ချက်တွေနဲ့ ညွှန်ကြားချက်တွေ ပေးတယ်။—တမန်တော် ၁၅:၂၃–၂၉; ၁ တိမောသေ ၃:၁–၇