မြန်မာ
ယေဟောဝါသက်သေများရဲ့ ဆေးရုံဆက်သွယ်ရေးကော်မတီများ
https://cms-imgp.jw-cdn.org/img/p/1102012480/univ/art/1102012480_univ_sqr_xl.jpg
hln

ယေဟောဝါသက်သေများရဲ့ ဆေးရုံဆက်သွယ်ရေးကော်မတီများ

လူနာများနဲ့ ဆရာဝန်များကို ကူညီပေးခြင်း

ယေဟောဝါသက်သေများရဲ့ ဆေးရုံဆက်သွယ်ရေးကော်မတီများ

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံပေါင်း ၁၁၀ ကျော်က ဆေးရုံဆက်သွယ်ရေးကော်မတီ ၂,၀၀၀ ခန့်ဟာ ကွန်ယက် ချိတ်ဆက် ဖွဲ့စည်းထားပြီး လုပ်ဆောင်နေပါတယ်။ ဆရာဝန်တွေ၊ ဆေးရုံဝန်ထမ်းတွေ၊ လူမှုဖူလုံရေးဝန်ထမ်းတွေ၊ တရားသူကြီးအဖွဲ့ဝင်တွေနဲ့ အပြန်အလှန်းရင်းနှီးသိကျွမ်းတဲ့ ဒေသခံ ဓမ္မအမှုဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့အပြင် အကူအညီလိုအပ်တဲ့အချိန်မှာ လည်း အခကြေးငွေမယူဘဲ အောက်မှာပါတဲ့ ဝန်ဆောင်မှုတွေပေးတယ်။

  • သွေးမသွင်းဘဲ ကုသရေးနည်းစနစ်တွေအတွက် သေချာ ဆွေးနွေး သုံးသပ်ထားတဲ့ ဆေးဂျာနယ်တွေကနေ ဆေးဘက်ဆိုင်ရာ စာရွက်စာတမ်းနဲ့ အချက်အလက်တွေကို ရှာဖွေပေးတာ

  • အရည်အချင်းပြည့်မီတဲ့အထူးကုတွေနဲ့ ဆရာဝန် အချင်းချင်း ဆွေးနွေးဖို့ စီစဉ်ပေးတာ

  • လိုအပ်လာတဲ့အခါ လူနာကို ပြောင်းရွှေ့ပေးဖို့ ကူညီပေး

  • လူ့ကျင့်ဝတ်ပညာရှင်တွေ၊ ဒေသခံတွေ၊ ဆေးရုံနဲ့ဥပဒေကျွမ်းကျင်တဲ့ အခြားသူတွေရှေ့တင်ဆက်မှုတွေ ပြုလုပ်ပေးတာ

  • သက်သေခံလူနာတွေ (သို့) ဆေးကုသရေးနဲ့ဆိုင်တဲ့ ဆရာဝန်တွေအတွက် ကျင့်ဝတ်ဆိုင်ရာပြဿနာတွေကို ဖြေရှင်းပေး

  • ဆေးရုံတက် သက်သေခံလူနာတွေကို လူမှုရေးထိန်းသိမ်းဆောက်ရှောက်မှုနဲ့ လက်တွေ့ကျကျ ကူညီပေးဖို့ စီစဉ်ပေး

အလှူရှင်ရဲ့ သွေး၊ ပြန်သွင်းဖို့ ထုတ်ပြီးသိမ်းထားတဲ့ မိမိသွေးနဲ့ပတ်သက်ပြီး ယေဟောဝါသက်သေတွေရဲ့ ရပ်တည်ချက်

ဆေးပညာရှင်တွေရဲ့ပြောစကား

“ယေဟောဝါသက်သေတွေဟာ သွေးသွင်းတာနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို တက်တက်ကြွကြွပါဝင်တဲ့ အထွေထွေဝန်ဆောင်မှုလုပ်ငန်းကို ဖွဲ့စည်းတည်ထောင်[ထား]တယ်။ ဦးဆုံးအနေနဲ့ ကတော့ လူနာနဲ့သူ့မိသားစု၀င်တွေအတွက် သင့်တော်တဲ့ ဆေးကုသမှု ရရေးကို ကူညီပေးတယ်။ . . .ဒုတိယကတော့ သွေးမသွင်းတဲ့ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု အဖိုးတန် အချက်အလက်တွေ ရရှိရေးအတွက် ကျန်းမာရေး စောင့်ရှောက်သူတွေ၊ လူနာ၊ ဆရာဝန်၊ သူနာပြုအစရှိသူတွေကြား အဆက်အသွယ်ရှိအောင် စီစဉ်ပေးတယ်။”Seeber P, Shander A. Basics of Blood Management. Malden (USA): Blackwell Publishing, Inc.; Oxford, UK: Blackwell Publishing, Ltd., 2007, p. 295.

“HLC ဆိုတာ ဆေးရုံတက်နေတဲ့ ယေဟောဝါသက်သေတွေကို ကူညီဖို့ ဒေသခံညီအစ်ကိုတွေနဲ့ ဖွဲ့စည်းထားတဲ့ စေတနာ့ဝန်ထမ်း ဓမ္မအမှုဆောင်တွေပါ၊ ကမ္ဘာတစ်ဝန်း ဆေးရုံတွေ၊ သွေးမဲ့ကုသတဲ့ အစီအစဉ်မရှိတဲ့ ဆေးရုံတွေမှာတောင် သူတို့ကို ဆက်သွယ်နိုင်တယ်။ ကော်မတီဝင်တွေဟာ ဆေးရုံက လူနာတွေဆီ လည်ပတ်ပြီး လူနာရဲ့ ဘုရားတရားယုံကြည်ချက်တွေနဲ့ လူနာဗဟိုပြု ကုသရေးအစီအစဉ်တွေကို ပေါင်းစပ်ညှိနှိုင်းပေးတယ်။ ဆေးရုံတက် နေတဲ့ ညီအစ်ကို/မတွေဘက်ကနေ ခုခံရပ်တည်ပေးတယ်၊ အဲဒါကို ထိပ်တိုက်ရင်ဆိုင်မတွေ့ဘဲ လုပ်ဆောင်ပေးတယ်။”—Johnson-Arbor, et al. No bad blood—surviving severe anemia without transfusion. JAMA Intern Med 2021;181(1):7-8.

“အဲဒီကော်မတီတွေ [ဆေးရုံဆက်သွယ်ရေးကော်မတီ] ဟာ ရွေးချယ်ထားတဲ့ ခွဲစိတ်မှု လုပ်ငန်းစဉ်တွေ ပြင်ဆင်ရာမှာနဲ့ ကိုယ်ဝန်ဆောင်မှုတို့လို အခြားအခြေအနေတွေမှာ သက်သေခံ လူနာတွေကို အကူအညီပေးဖို့ ဖွဲ့စည်းထားတာပါ။ သူတို့ကအရေးပေါ်အခြေအနေတွေမှာတောင် လူမှုရေးနဲ့ ဆက်သွယ်ရေး အထောက်အပံ့ပေးဖို့ အသင့်ရှိကြပါတယ်။ သူတို့မှာ နိုင်ငံတကာက ဆရာဝန်တွေရဲ့ အချက်အလက်တွေရှိတယ်၊ အခက်အခဲဖြစ်တဲ့အချိန်မှာ အကောင်းဆုံး အကြံပေးနိုင်မယ့် တစ်ကမ္ဘာလုံးက ဆေးဘက်ဆိုင်ရာ အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်ပေးနိုင်တယ်။”—Klein AA, et al. Association of Anaesthetists: anaesthesia and peri-operative care for Jehovah’s Witnesses and patients who refuse blood. Anaesthesia 2019;74(1):74-82.

“ယေဟောဝါသက်သေတွေဟာ ခွဲစိတ်နည်းကို မခွဲစိတ်မီ တစ်ဦးချင်း သဘောတူညီမှု ရရှိအောင် ဆရာဝန်တွေကို ကူညီပေးတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးတယ်။ ရိုးရှင်းပြီး ထိပ်တိုက် ရင်ဆိုင်စရာမလိုဘဲ အကူအညီပေးတတ်တဲ့ အတွေ့အကြုံကောင်းရှိထားပါတယ်။”—Hivey S, et al. Religious practice, blood transfusion, and major medical procedures. Paediatr Anaesth 2009;19(10):934-46.

ထပ်ဆင့်အချက်အလက်တွေအတွက်

ယေဟောဝါသက်တွေမှာ ကမ္ဘာတစ်ဝှမ်းကွန်ယက်ချိတ်ဆက်ထားတဲ့ ဆေးရုံဆက်သွယ်ရေး ကော်မတီ (HLC) ပေါင်း၂,၀၀၀ ကျော်ရှိပါတယ်။ သွေးမသွင်းတဲ့ ဆေးဘက်ဆိုင်ရာ ကုထုံး အချက်အလက်တွေကို အဲ့ဒီကွန်ယက်ကနေ ထောက်မပေးတဲ့အပြင် ယေဟောဝါသက်သေ လူနာတွေအတွက် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေပါ ပေးပါတယ်။

ကိုယ်စားလှယ်တစ်ဦးနဲ့ဆက်သွယ်ဖို့ www.jw.org/medical ကိုသွားပြီး ဒေသခံ ကိုယ်စားလှယ်ကို ဆက်သွယ်ပါ

ယေဟောဝါသက်သေများရဲ့ ဆေးရုံအချက်အချက်အလက်ဝန်ဆောင်မှု

အပြည်ပြည်ဆိုင်ရာ ရုံးခန်း 1 718.560.4700 | HIS@jw.org.

© 2024 Watch Tower Bible and Tract Society of Pennsylvania

1/24