မာတိကာဆီ ကျော်သွား

ကူးယူ​နိုင်တဲ့ အချက်အလက်​များ

အောက်မှာ ဖော်ပြ​ထားတဲ့ စာရွက်စာတမ်းတွေ​ဟာ ယေဟောဝါ​သက်သေ လူနာ​တွေကို ကုသ​ပေးနေတဲ့ ဆရာဝန်တွေ​အတွက် အထောက်အကူ​ဖြစ်မယ့် အချက်အလက်​တွေ ဖြစ်ပါတယ်။

သွေးမသွင်း​ဘဲ ကုသ​နိုင်တဲ့ နည်းလမ်းများ

ခွဲစိတ်​ကုသ​ရမယ့် လူနာ​တွေ​အတွက် သင့်တော်မယ့် စိတ်ချ​ရပြီး ထိရောက်တဲ့ နည်းလမ်းတွေကို ခြုံငုံ ဖော်ပြ​ထားပါ​တယ်။ အဲဒီ​နည်းလမ်းတွေက​တော့ လူနာ​အမျိုးမျိုးနဲ့ သက်ဆိုင်​ပြီး ခွဲစိတ်​ကုသ​နေချိန်​တစ်လျှောက် အသုံးပြု​နိုင်တဲ့ သတ်သတ်မှတ်မှတ် နည်း​တွေ ဖြစ်တယ်။

ယေဟောဝါသက်သေတွေ​အတွက် ဆေးရုံ​ဆက်သွယ်ရေး ကော်မတီ

သက်သေခံ လူနာ​တွေကို ကုသ​နေတဲ့ ဆရာဝန်တွေ​ကို အထောက်အကူ ဖြစ်စေဖို့ ယေဟောဝါ​သက်သေတွေဟာ ကမ္ဘာချီ ကွန်ရက်​တစ်ခုကို ဖွဲ့စည်းတည်ထောင်​ထားတယ်။ ဒီမှာ ဖော်ပြ​ထားတဲ့ စာရွက်​စာတမ်း​တွေကို ဆရာဝန်တွေ​နဲ့ ဆေးရုံ​အဖွဲ့အစည်း​တွေ ရယူ​နိုင်ပါတယ်။

ဆေး​ဘက်​ဆိုင်ရာ ကုထုံး​တွေ၊ အဲဒါနဲ့ ဆက်စပ်​နေတဲ့ ကိစ္စ​တွေ​အပေါ် ဘာသာရေး​နဲ့ ကျင့်ဝတ်​ဆိုင်ရာ ရပ်တည်ချက်

ကျန်းမာရေး​စောင့်ရှောက်မှု၊ ကုသမှု​လုပ်ထုံး​လုပ်​နည်း​မှာ ကိုယ့်​အသွေးကို အသုံးပြုမှု၊ အဓိက သွေး​အစိတ်အပိုင်း​တွေ​ကနေ ခွဲထုတ်​ထားတာတွေကို အသုံးပြုမှု​နဲ့ သက်ဆိုင်တဲ့ ယေဟောဝါသက်သေတွေရဲ့ တရားဝင် ရပ်တည်ချက် အကျဉ်းချုပ် ဖြစ်ပါတယ်။

သွေးမသွင်း​ဘဲ ခွဲစိတ်​ကုသမှု​ခံယူ​တဲ့ လူနာ​တွေ သွေး​ထွက်​လွန်​ခြင်း၊ သွေးအားနည်း​ခြင်း မဖြစ်အောင် ထိန်းချုပ် ကုသနည်း​များ

သွေးမသွင်း​ဘဲ ခွဲစိတ်​ကုသမှု ခံယူ​တဲ့ လူနာ​တွေကို ဒီ​ဝက်ဘ်ဆိုက်​မှာ ဖော်ပြ​ထားတဲ့​နည်းတွေနဲ့ သွေး​ဆုံးရှုံးမှု မရှိအောင် ကုသ​ပေး​နိုင်ပါတယ်။ ဆေးပညာ​ရှင်​တွေရဲ့ သုံးသပ်​ဖော်ပြချက် ၅၀၀ ကျော်​ကို လင့်ခ်​ပေးထား​ပါတယ်။

သားဖွား၊ မီးယပ်​လူနာ​တွေ သွေးသွန်​ခြင်း၊ သွေးအားနည်း​ခြင်း မဖြစ်အောင် ကုသနည်း​များ

သားဖွား၊ မီးယပ်​လူနာ​တွေကို သွေးမသွင်း​ဘဲ ကုသ​ပေး​နည်း အကျဉ်းချုပ် ဖော်ပြ​ထားပါ​တယ်။ မီးဖွား​ပြီး သွေးသွန်​တာ​ကို ဟန့်တား​ကုသရာမှာ ဒီ​အပိုင်းကို သုံး​နိုင်ပါတယ်။ ကိုးကားချက်​ရာနဲ့ချီ လင့်ခ်​ပေးထား​ပါတယ်။

စိုးရိမ်ဖွယ်​အဆင့် အစာအိမ်​သွေး​ယို​ခြင်း၊ သွေးအားနည်း​ခြင်း​ကို သွေးမသွင်း​ဘဲ ကုသနည်း

အစာအိမ်​အူ​လမ်းကြောင်း သွေး​ယိုစိမ့်ခြင်း စိုးရိမ်ဖွယ်​အဆင့်​ကို သွေးမသွင်း​ဘဲ ကုသ​နိုင်တဲ့​နည်း အကျဉ်းချုပ်​ပါ။ ဆေး​ဂျာနယ်​မှာ ပညာရှင်​တွေ သုံးသပ်​ဖော်ပြ​ထားတဲ့ ကိုးကားချက် ၅၀၀ ကျော်​ကိုလည်း လင့်ခ်​ပေးထား​ပါတယ်။

သွေး​ထွက်​လွန်​ခြင်းနဲ့ သွေးအားနည်း​ရောဂါ​ကို သွေးမသွင်း​ဘဲ ကုသနည်း​များ

အထောက်အထား​ပေါ် အခြေခံ​တဲ့ ကုသနည်း​တွေ​အပြင် အခြေအနေ​ဆိုးတဲ့ လူနာ​တွေကို သွေးမသွင်း​ဘဲ ကုသ​ပေးခဲ့တဲ့ ဆေးပညာ​ရှင်​ရဲ့ အကြံဉာဏ်​တွေကို​ပါ ဖော်ပြ​ထားပါ​တယ်။ ဆေး​ဂျာနယ်​မှာ ပညာရှင်​တွေ သုံးသပ်​ဖော်ပြ​ထားတဲ့ ကိုးကားချက် ၅၀၀ ကျော်​ကို လင့်ခ်​ပေးထား​ပါတယ်။