မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၂ ဘုရင်များ ၂၁:၁-၂၆

မာတိကာ

  • ယုဒ​ဘု​ရင် မနာ​ရှေ၊ သူ့​ရဲ့​သတ်​ဖြတ်​မှု (၁-၁၈)

    • ဖျက်​ဆီး​ခံ​ရ​မယ့် ဂျေရု​ဆ​လင်​မြို့ (၁၂-၁၅)

  • ယုဒ​ဘု​ရင် အာ​မုန် (၁၉-၂၆)

၂၁  မနာ​ရှေ+  နန်း​တက်​ချိန်​မှာ အသက် ၁၂ နှစ်​ရှိ​ပြီ။ ဂျေရု​ဆ​လင်​မြို့​မှာ ၅၅ နှစ် စိုး​စံ​တယ်။+ မယ်​တော်​က  ဟေ​ဇိ​ဘ​လို့  ခေါ်​တယ်။ ၂  မနာ​ရှေ​ဟာ  ယေဟောဝါ​ရှေ့​မှာ မကောင်း​တာ လုပ်​တယ်၊ အစ္စရေး​တွေ​ရှေ့​က​နေ ယေဟောဝါ မောင်း​ထုတ်​ခဲ့​တဲ့+ လူမျိုး​တွေ​ရဲ့ ရွံ​ရှာ​ဖွယ် အကျင့်​ဓလေ့​တွေ​အတိုင်း လိုက်​လုပ်​တယ်။+ ၃  ခမည်း​တော်​ဟေ​ဇ​ကိ ဖျက်​ဆီး​ခဲ့​တဲ့ အ​ထွတ်အမြတ်​နေ​ရာတွေ​ကို​  ပြန်​တည်​ဆောက်​တယ်။+  အစ္စရေး​ဘုရင် အာဟပ်​လို​ပဲ+  ဗာလ​ဘုရား​အတွက် ယဇ်​ပလ္လင်တွေ တည်​ပြီး ကိုးကွယ်​ရာ​သစ်​တိုင်​ကို*+ လုပ်​တယ်။ ကောင်း​ကင်​ပေါ်​က နေ၊  လ၊  ကြယ်​တွေ​ကို  ဦး​ချ​ဝတ်​ပြု​တယ်။+ ၄  “ဂျေရု​ဆ​လင်​မြို့​မှာ ငါ့​နာ​မည် တည်​စေ​မယ်” လို့ ယေဟောဝါ​ပြော​ခဲ့​တဲ့​နေ​ရာ၊+ ယေဟောဝါ​ရဲ့ အိမ်​တော်​မှာ​လည်း ယဇ်​ပလ္လင်တွေ တည်​တယ်။+ ၅  မနာ​ရှေ​က ယေဟောဝါ​ရဲ့ အိမ်​တော်​ရင်​ပြင်​နှစ်​ခု​မှာ+ ကောင်း​ကင်​ပေါ်​က နေ၊ လ၊ ကြယ်​တွေ​အတွက် ယဇ်​ပလ္လင်တွေ တည်​တယ်။+ ၆  ကိုယ့်​သား​ကို မီး​ရှို့​ပူ​ဇော်​တယ်။ မှော်​အတတ်​လိုက်​စား​ပြီး  အတိတ်​နိ​မိတ်​ဖတ်​တယ်။+ နတ်​က​တော်တွေ၊ ဗေဒင်​ဆ​ရာတွေ​ကို​လည်း  ခန့်​ထား​တယ်။+ ယေဟောဝါ​ရှေ့​မှာ  မကောင်း​တာ​တွေ အကြီး​အကျယ်​လုပ်​ပြီး  အမျက်​ထွက်​စေ​တယ်။ ၇  မနာ​ရှေ​က ကိုးကွယ်​ရာ​သစ်​တိုင်​ကို*+ ထွင်း​ထု​ပြီး အိမ်​တော်​ထဲ​မှာ ထား​တယ်။ ယေဟောဝါ​က အဲဒီ​အိမ်​တော်​နဲ့​ပတ်​သက်​ပြီး ဒါဝိဒ်​နဲ့ သား​ရှော​လ​မုန်​ကို “အစ္စရေး​အနွယ်​အားလုံး​ထဲ​က​နေ ငါ​ရွေး​ချယ်​ထား​တဲ့ ဂျေရု​ဆ​လင်​မြို့မှာ၊ ဒီ​အိမ်​တော်​မှာ ငါ့​နာ​မည်​ကို အမြဲတည်​စေမယ်။+ ၈  အစ္စရေး​တွေ​က ငါ​မိန့်မှာ​သမျှ​အတိုင်း၊ ငါ့​ကျွန်​မော​ရှေ လိုက်​လျှောက်​ခိုင်း​တဲ့ ပညတ်​တရား​အတိုင်း ဂရု​တ​စိုက် လိုက်​နာ​မယ်​ဆို​ရင်+ ဘိုး​ဘေး​တွေ​ကို ငါ​ပေး​တဲ့​ပြည်​က​နေ ထွက်​ခွာ​ပြီး လှည့်​လည်​သွား​လာ​ရ​တော့​မှာ မဟုတ်​ဘူး”+ လို့ ကတိ​ပေး​ခဲ့​တယ်။ ၉  ဒါ​ပေမဲ့ အစ္စရေး​တွေ မနာ​ခံ​ကြ​ဘူး။ မနာ​ရှေ​မင်း​က သူတို့​လမ်း​လွဲ​သွား​အောင်၊ သူတို့​ရှေ့​က​နေ ယေဟောဝါ ချေ​မှုန်း​ခဲ့​တဲ့ လူမျိုး​တွေ​ထက် ဆိုး​ဆိုး​ရွား​ရွား ပြု​မူ​အောင် ဦး​ဆောင်​လမ်း​ပြတယ်။+ ၁၀  ယေဟောဝါ​က မိမိ​ကျွန် ပရော​ဖက်​တွေ​က​တစ်ဆင့်  ပြော​တယ်–+ ၁၁  “ယုဒ​ဘုရင် မနာ​ရှေ​ဟာ ရွံ​စ​ရာ​ကောင်း​တဲ့ အဲဒီ​လုပ်​ရပ်​တွေ​ကို လုပ်​တယ်။ သူ့​အရင် အာမောရိ​လူ​တွေ​ထက်+ ပို​ပြီး​ဆိုး​သွမ်း​တယ်။+ ရွံ​မုန်း​စ​ရာ​ရုပ်​တု​တွေ* သုံး​ပြီး ယုဒ​လူ​တွေ အပြစ်​ကျူး​လွန်​အောင် လုပ်​တယ်။ ၁၂  ဒါ​ကြောင့် အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ပြော​တယ်– ‘ကြား​တဲ့​သူ​တိုင်း တုန်​လှုပ်​ချောက်​ချား​သွား​မယ့်*+ ဘေး​ဆိုး​ကို ယုဒ​ပြည်​နဲ့ ဂျေရု​ဆ​လင်​မြို့​အပေါ် ငါ​ကျ​ရောက်​စေ​မယ်။+ ၁၃  ရှမာရိ​မြို့​ကို+ တိုင်း​တဲ့​ကြိုး၊+ အာဟပ်​အမျိုး​ကို+ တိုင်း​တဲ့​ရေ​ချိန်​နဲ့* ဂျေရု​ဆ​လင်​မြို့​ကို ငါ​တိုင်း​မယ်။ ခွက်​ကို စင်​အောင်​သုတ်​ပြီး မှောက်​ထား​သလို ဂျေရု​ဆ​လင်မြို့ကို  သုတ်​သင်​ရှင်း​လင်း​မယ်။+ ၁၄  ငါ့​အမွေ အကြွင်း​အကျန်​ကို ငါ​စွန့်​ပစ်​မယ်။+ ရန်​သူ​တွေ​လက်​ထဲ အပ်​မှာ​ဖြစ်​လို့ သူတို့​ကို တိုက်​ခိုက်​လု​ယက်​ပြီး ဖမ်း​ခေါ်​သွား​မယ်။+ ၁၅  အီဂျစ်​ပြည်​က​နေ သူတို့​ဘိုး​ဘေး​တွေ ထွက်​လာ​တဲ့​နေ့​က​စ​ပြီး ဒီ​နေ့​အထိ အစ္စရေး​တွေ​ဟာ ငါ့​ရှေ့​မှာ မကောင်း​တာ​တွေ​လုပ်​ပြီး ငါ​အမျက်​ထွက်​အောင် လုပ်​ကြ​တယ်။’”+ ၁၆  မနာ​ရှေ​မင်း​က  ယုဒ​အမျိုး​ကို ယေဟောဝါ​ရှေ့​မှာ မကောင်း​တာ​လုပ်​ပြီး  အပြစ်​ကျူး​လွန်​စေ​တယ်။  ဒါ့​အပြင်  အပြစ်​မဲ့​သူ​တွေ​ကို  သတ်​ပြီး ဂျေရု​ဆ​လင်​တစ်​မြို့​လုံး​မှာ သွေး​ချောင်း​စီး​စေ​တယ်။+ ၁၇  မနာ​ရှေ​ရဲ့ ကျန်​တဲ့​သမိုင်း​ကြောင်း​တွေ၊ သူ​လုပ်​ဆောင်​ခဲ့​သမျှ​တွေ၊ သူ​ကျူး​လွန်​ခဲ့​တဲ့ အပြစ်​တွေ​ကို ယုဒ​ဘုရင်​တွေ​ရဲ့ ရာ​ဇ​ဝင်​မှတ်​တမ်း​မှာ ရေး​ထား​တယ်။ ၁၈  နောက်​ပိုင်း​မှာ မနာ​ရှေ ကွယ်​လွန်​သွား​တဲ့​အတွက် သြဇ​ဥ​ယျာဉ်လို့​ခေါ်​တဲ့+  နန်း​တော်​ဥယျာဉ်​မှာ သင်္ဂြိုဟ်​လိုက်​တယ်။ သား​တော်​အာ​မုန်​က ထီး​နန်း​ဆက်​ခံ​တယ်။ ၁၉  အာ​မုန်​က+ နန်း​တက်​ချိန်​မှာ အသက် ၂၂ နှစ်​ရှိ​ပြီ။ ဂျေရု​ဆ​လင်​မြို့​မှာ ၂ နှစ် စိုး​စံ​တယ်။+ မယ်​တော်​က ယုပ်​ဘာ​မြို့​သား ဟာ​ရုပ်​ရဲ့​သမီး မေရှု​လ​မက်​လို့ ခေါ်​တယ်။ ၂၀  အာ​မုန်​က ခမည်း​တော် မနာ​ရှေ​လို​ပဲ ယေဟောဝါ​ရှေ့​မှာ မကောင်း​တာ​တွေ ဆက်​လုပ်​တယ်။+ ၂၁  ခမည်း​တော်​ရဲ့​လမ်း​စဉ်​ကို ဆက်​လိုက်​တယ်။ ခမည်း​တော်​ဝတ်​ပြု​ခဲ့​တဲ့ ရွံ​မုန်း​စ​ရာ​ရုပ်​တု​တွေ​ကို ဦး​ချ​ဝတ်​ပြု​တယ်။+ ၂၂  ဒီ​နည်း​နဲ့ ဘိုး​ဘေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို သူ​စွန့်​တယ်။  ယေဟောဝါ​ရဲ့  လမ်း​စဉ်​ကို မလိုက်​လျှောက်​ဘူး။+ ၂၃  နောက်​ပိုင်း​မှာ မင်း​မှု​ထမ်း​တွေ​က လျှို့ဝှက်​ကြံ​စည်​ပြီး အာ​မုန်​ကို နန်း​တော်​မှာ​ပဲ လုပ်​ကြံ​လိုက်​တယ်။ ၂၄  ဒါ​ပေမဲ့ ပြည်​သူ​ပြည်​သား​တွေ​က အာ​မုန်​ကို လုပ်​ကြံ​သူတွေကို ကွပ်​မျက်​ပြီး​နောက် သား​တော်​ယော​ရှိ​ကို မင်း​မြှောက်​ကြ​တယ်။+ ၂၅  အာ​မုန်​ရဲ့ ကျန်​တဲ့​သမိုင်း​ကြောင်း​တွေ၊ လုပ်​ဆောင်​ခဲ့​တာ​တွေ​ကို ယုဒ​ဘုရင်​တွေ​ရဲ့ ရာ​ဇ​ဝင်​မှတ်​တမ်း​မှာ ရေး​ထား​တယ်။ ၂၆  အာ​မုန်​ကို သြဇ​ဥယျာဉ်​ထဲ​က သူ့​သင်္ချိုင်း​ဂူ​မှာ သင်္ဂြိုဟ်​လိုက်​ကြ​တယ်။+  သား​တော်​ယော​ရှိ​က+ ထီး​နန်း​ဆက်​ခံ​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း​ဟီ​ဘ​ရူး​မှာ “နောက်​ချေး” ဆို​တဲ့​စကား​လုံး​နဲ့ ဆက်​စပ်။
မူ​ရင်း၊ “နား​တုန်​ခါ​သွား​စေ​မယ့်။”
ဒါ​မှ​မဟုတ်၊ “ချိန်​သီး​နဲ့။”