မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၁ ရှမွေလ ၁၄:၁-၅၂

မာတိကာ

  • မိတ်​မတ်​မြို့​မှာ ယောန​သန်​ရဲ့ စွမ်း​ဆောင်​ချက် (၁-၁၄)

  • အစ္စရေးရန်​သူ​တွေ​ကို ဘု​ရား​တိုက်​ခိုက်​ပေး (၁၅-၂၃)

  • ရှောလု မဆင်​မခြင်​ကျိန်​ဆို (၂၄-၄၆)

    • သွေး​ပါ​တဲ့​အသား​ကို လူ​တွေ​စား​ကြ (၃၂-၃၄)

  • ရှောလု​တိုက်​ခဲ့​တဲ့ တိုက်​ပွဲ​များ၊ သူ့​မိသား​စု​အကြောင်း (၄၇-၅၂)

၁၄  တစ်​နေ့​မှာ ရှောလု​ရဲ့​သား ယောန​သန်​က+ သူ့​ရဲ့ လက်​နက်​ကိုင် နောက်​လိုက်​ကို “ဟို​ဘက်​မှာ​ရှိတဲ့ ဖိ​လိ​တိ​ကင်း​တပ်​ဆီ ကူး​သွား​ကြစို့” ဆို​ပြီး ပြော​တယ်။ ရှောလု​ကို​တော့ ပြော​မသွား​ဘူး။ ၂  ရှောလု​က ဂိ​ဗာ​မြို့​ပြင်+ မိ​ဂရုန်​အရပ် သလဲ​ပင်​အောက်​မှာ ရှိ​နေ​ပြီး သူ​နဲ့​အတူ စစ်​သည် ၆၀၀ လောက် ရှိ​တယ်။+ ၃  (အဲဒီ​အချိန်​မှာ အဟိ​ယ​က သင်​တိုင်း+ ဝတ်​ထား​တယ်။ အဟိ​ယ​ရဲ့​အဖေက အိ​ခ​ဗုတ်+ ရဲ့အစ်​ကို အဟိ​တုပ်၊+ အဖိုး​က​ ဖိနဟတ်+ ဖြစ်​တယ်။ ဖိ​န​ဟတ်​ရဲ့​အဖေက​တော့ ရှိလော​မြို့​မှာ​ရှိ​တဲ့+ ယေဟောဝါ​ရဲ့ ပုရော​ဟိတ် ဧလိ​ပဲ။+) ယောန​သန် ထွက်​သွား​တာ​ကို ဘယ်​သူ​မှ မသိ​လိုက်​ဘူး။ ၄  ဖိ​လိ​တိ​ကင်း​တပ်​ဆီ ရောက်​အောင် ယောန​သန် ကူး​သွား​မယ့်​လမ်း​ရဲ့ တစ်​ဖက်​တစ်​ချက်​မှာ သွား​ပုံ​စံ ကျောက်​ဆောင်​ကြီး​နှစ်​ခု ရှိ​တယ်။ တစ်​ခု​က ဗော​ဇက်၊ နောက်​တစ်​ခုက စိ​နာ​လို့​ခေါ်​တယ်။ ၅  မြောက်​ဘက်​ကျောက်​ဆောင်​ဟာ ကျောက်​တိုင်​ကြီး​လို ထီး​ထီး​မား​မား ရှိ​နေ​ပြီး မိတ်​မတ်​မြို့​ဘက် မျက်​နှာ​မူ​ထား​တယ်။ တောင်​ဘက် ကျောက်​ဆောင်​ဟာ ဂေဘ​မြို့​ဘက်+ မျက်​နှာ​မူ​ထား​တယ်။ ၆  ယောန​သန်​က သူ့​လက်​နက်​ကိုင်​ကို “အရေ​ဖျား​မဖြတ်​တဲ့ အဲဒီ​လူ​တွေ​ရဲ့ ကင်း​တပ်​ဆီ ကူး​သွား​ကြ​စို့။+ ငါ​တို့​ကို ယေဟောဝါ​ဘုရား ကူညီ​မှာ​ပါ။ လူအများ​ကြီး​ကို​ဖြစ်​ဖြစ်၊ နည်း​နည်း​လေး​ကို​ဖြစ်​ဖြစ် သုံး​ပြီး ယေဟောဝါ​ဘုရား ကယ်​တင်​နိုင်​ပါ​တယ်။ ကိုယ်​တော့်​ကို ဘာ​က​မှ မတား​ဆီး​နိုင်​ဘူး”+ ဆို​ပြီး​ပြော​တယ်။ ၇  လက်​နက်​ကိုင်​က “သခင့်​စိတ်​တိုင်း​ကျ လုပ်​ပါ။ သွား​ချင်​တဲ့​နေ​ရာ​ကို​သွား​ပါ။ သခင်​သွား​လေရာ ကျွန်​တော် လိုက်​ပါ့​မယ်” လို့​ ပြော​တယ်။ ၈  ဒါ​နဲ့ ယောန​သန်​က​ “အဲ​ဒီ​လူ​တွေ​ဆီ ငါ​တို့​ကူး​သွား​ပြီး လူ​ရိပ်​ပြမယ်။ ၉  သူတို့​က ‘အဲဒီ​မှာ​ပဲ ရပ်​နေ၊ ငါ​တို့​လာ​မယ်’ လို့​ပြော​ရင် အဲဒီ​မှာ​ပဲ ရပ်​နေ​လိုက်​မယ်။ သူတို့​ဆီ မတက်​သွား​တော့​ဘူး။ ၁၀  ဒါ​ပေမဲ့ သူတို့​က ‘ငါ​တို့​ကို တိုက်​ဖို့ တက်​လာခဲ့’ လို့​ပြော​ရင်​တော့ တက်​သွား​ကြ​မယ်။ သူတို့​ကို ငါ​တို့​လက်​ထဲ ယေဟောဝါ​ဘုရား အပ်​မှာ သေချာ​တယ်။ ဒါ​ဟာ ငါ​တို့​အတွက် နိမိတ်​ပဲ”+ လို့​ပြော​တယ်။ ၁၁  ဒီ​လို​နဲ့ သူတို့​နှစ်​ယောက်​စ​လုံး ဖိလိ​တိ​ကင်း​တပ်​နား​မှာ လူ​ရိပ်​ပြတဲ့​အခါ ဖိ​လိ​တိ​လူ​တွေ​က “ဟို​မှာ​ကြည့်၊ ဟီဘရူး​တွေ ပုန်း​နေ​တဲ့ တွင်း​ထဲ​က​နေ ထွက်​လာ​ပြီ”+ လို့​ပြော​ကြ​တယ်။ ၁၂  ဒါ​နဲ့ ကင်း​တပ်​မှာ​ရှိ​တဲ့ စစ်​သည်​တွေ​က ယောန​သန်​နဲ့ လက်​နက်​ကိုင်​ကို “တက်​ခဲ့​ကြ​စမ်း။ မင်း​တို့​ကို ပညာ​ပြရ​မယ်” လို့​စိန်​ခေါ်​တယ်။+ ယောန​သန်​လည်း ချက်​ချင်း​ပဲ လက်​နက်​ကိုင်​ကို “ငါ့​နောက် လိုက်​ခဲ့။ ယေဟောဝါ​ဘုရား​က သူတို့​ကို အစ္စရေး​တွေ​လက်​ထဲ အပ်​ပြီ”+ လို့​ပြော​ပြီး၊ ၁၃  ခြေ​လက်​တွေ​နဲ့ ကုပ်​တွယ်​တက်​သွား​တော့ လက်​နက်​ကိုင်​လည်း လိုက်​တက်​တယ်။ ယောန​သန်​က ဖိ​လိ​တိ​လူ​တွေ​ကို စ​ပြီး​တိုက်​ခိုက်​တယ်။ လက်​နက်​ကိုင်​က နောက်​က​နေ လိုက်​ပြီး သတ်​ပစ်​တယ်။ ၁၄  သူတို့​နှစ်​ယောက်​က ပွဲ​ဦး​ထွက်​မှာ​ပဲ ဧ​က​တစ်​ဝက်​လောက်​ရှိ​တဲ့* မြေကွက်​အတွင်း​မှာ လူ ၂၀ နီး​ပါး သတ်​ပစ်​လိုက်​တယ်။ ၁၅  တပ်​စ​ခန်း​ထဲ​က စစ်​သည်​တွေ၊ ကင်း​တပ်​မှာ​ရှိ​တဲ့ စစ်​သည်​တွေ ထိတ်​လန့်​သွား​တယ်။ တိုက်​ခိုက်​လုယူ​တဲ့ တပ်​ဖွဲ့​တွေ​လည်း+ ထိတ်​လန့်​သွား​တယ်။ အဲဒီ​အချိန်​မှာ မြေင​လျင် လှုပ်​လာ​တယ်။ အဲ​ဒါ​တွေ​ဖြစ်​အောင်​လုပ်​တာ ဘုရား​သခင်​ပဲ။ ၁၆  ဗင်​ယာ​မိန်​နယ်​မြေ၊ ဂိ​ဗာ​မြို့​မှာ​ရှိ​တဲ့+ ရှောလု​ရဲ့ ကင်း​စောင့်​တွေ​လည်း ဖိ​လိ​တိ​တပ်​စ​ခန်း​တစ်​ခု​လုံး ရုတ်​ရုတ်​သဲ​သဲ ဖြစ်​နေ​တာ​ကို တွေ့​ကြ​တယ်။+ ၁၇  ဒါ​နဲ့ ရှောလု​က “ဘယ်​သူ​ထွက်​သွား​လဲ သိ​ရ​အောင် လူ​တွေ​ကို ရေ​တွက်​ကြည့်​စမ်း” ဆို​ပြီး အမိန့်​ပေး​တယ်။ ရေ​တွက်​ကြည့်​တဲ့​အခါ ယောန​သန်​နဲ့ လက်​နက်​ကိုင် မရှိ​မှန်း သိ​လိုက်​ရ​တယ်။ ၁၈  ရှောလု​လည်း “စစ်​မှန်​တဲ့​ဘုရား​သခင်​ရဲ့ သေတ္တာ​တော်​ကို သယ်​လာခဲ့” ဆို​ပြီး အဟိ​ယ​ကို+ အမိန့်​ပေး​တယ်။ (အဲဒီ​အချိန်​မှာ ဘုရား​သခင်​ရဲ့ သေတ္တာ​တော်​က အစ္စရေး​တွေ​နဲ့​အတူ ရှိ​နေ​တယ်။) ၁၉  ရှောလု​က ပု​ရော​ဟိတ်​ကို ပြော​နေ​တုန်း ဖိ​လိ​တိ​တပ်​စ​ခန်း​မှာ ရုတ်​ရုတ်​သဲ​သဲ​နဲ့ အခြေ​အနေ ပို​ပို​ဆိုး​လာ​တယ်။ ရှောလု​က “ခ​ဏ​နေ​ဦး” လို့ ပု​ရော​ဟိတ်​ကို ပြော​လိုက်​တယ်။ ၂၀  ပြီး​တော့ စစ်​သည်​တွေ​ကို စု​ရုံး​ပြီး တိုက်​ခိုက်​ဖို့ ထွက်​သွား​တော့ ဖိ​လိ​တိ​လူ​တွေ အချင်း​ချင်း သတ်​ဖြတ်​နေ​ကြ​တာ​ကို တွေ့​လိုက်​ရ​တယ်။ အဲဒီ​မှာ ဝ​ရုန်း​သုန်း​ကား ဖြစ်​နေ​တယ်။ ၂၁  အရင်​က ဖိ​လိ​တိ​လူ​တွေ​ဘက် ပါ​ပြီး သူတို့​ရဲ့​တပ်​စ​ခန်း​မှာ လာ​နေ​တဲ့ ဟီ​ဘ​ရူး​တွေ​က ရှောလု​နဲ့ ယောန​သန်​ဘက်​က အစ္စရေး​တွေ​နဲ့ ပူး​ပေါင်း​လာ​တယ်။ ၂၂  ဧဖ​ရိမ်​တောင်​တန်း​ဒေ​သမှာ ပုန်း​နေ​တဲ့ အစ္စရေး​တွေ​လည်း+ ဖိ​လိ​တိ​လူ​တွေ ထွက်​ပြေး​ပြီဆို​တာ ကြား​တော့ လိုက်​လံ​တိုက်​ခိုက်​ကြ​တယ်။ ၂၃  အဲဒီ​နေ့​မှာ ယေဟောဝါ​က အစ္စရေး​တွေ​ကို ကယ်​တင်​လိုက်​တယ်။+ ဗေ​သဝင်​မြို့​အထိ တိုက်​ပွဲ ဖြစ်​ပွား​ခဲ့​တယ်။+ ၂၄  အဲဒီ​နေ့​မှာ အစ္စရေး​စစ်​သည်​တွေ မော​ပန်း​နွမ်း​နယ်​နေ​ကြ​တယ်။ ရှောလု​က “ငါ့​ရန်​သူ​တွေ​ကို လက်​စား​ချေ​လို့ မပြီး​ခင်၊ ည​ဦး​ပိုင်း မရောက်​ခင် အစာ​စား​တဲ့​သူ ကျိန်​စာ​သင့်​ပါ​စေ” ဆို​ပြီး စစ်​သည်​တွေ​ကို ကျိန်​ဆို​ခိုင်း​ထား​တဲ့​အတွက် တစ်​ယောက်​မှ အစာ​မစား​ကြ​ဘူး။+ ၂၅  အဲဒီ​အချိန်​မှာ စစ်​သည်​တွေ​က ပျား​ရည်​ပေါ​များ​တဲ့ တော​အုပ်​ထဲ ရောက်​လာ​တယ်။ ၂၆  တော​အုပ်​ထဲ​မှာ ပျား​ရည်​တွေ တ​စက်​စက်​ကျ​နေ​တာ​ကို တွေ့​ပေမဲ့ ကျိန်​စာ​သင့်​မှာ​စိုး​လို့ ဘယ်​သူ​မှ ယူ​မစား​ရဲ​ဘူး။ ၂၇  ယောန​သန်​က​တော့ ခမည်း​တော် ကျိန်​ဆို​ခိုင်း​တာ​ကို မကြား​တဲ့​အတွက်+ တောင်​ဝှေး​ကို ပျား​အုံ​ထဲ နှစ်​ပြီး လက်​နဲ့​ယူ​စား​တဲ့​အခါ အား​ပြည့်​လန်း​ဆန်း​လာတယ်။* ၂၈  အဲဒီ​အခါ စစ်​သည်​တစ်​ယောက်​က “‘ဒီ​နေ့ အစာ​စား​တဲ့​သူ ကျိန်​စာ​သင့်​ပါ​စေ’ လို့ သခင့်​ခမည်း​တော်​က စစ်​သည်​တွေ​ကို ကျိန်​ဆို​ခိုင်း​ထား​တယ်။+ ဒါ​ကြောင့် စစ်​သည်​တွေ မော​ပန်း​နွမ်း​နယ်​နေ​ကြ​တာ” ဆို​ပြီး ပြော​ပြတယ်။ ၂၉  ယောန​သန်​က “ခမည်း​တော်​က လူ​တွေ အကြီး​အကျယ် ဒုက္ခ​ရောက်​အောင် လုပ်​လိုက်​တာ​ပဲ။ အခု ငါ​ပျား​ရည်​နည်း​နည်း စား​လိုက်​ရ​တော့ အား​ပြည့်​လန်း​ဆန်း​လာ​တာ ကြည့်​ပါ​လား။ ၃၀  တ​ကယ်​လို့ စစ်​သည်​တွေ​သာ ရန်​သူ​တွေ​ကို တိုက်​ခိုက်​ပြီး ရ​လာ​တာ​တွေ​ကို စိတ်​ကြိုက်​စား​လိုက်​ရ​ရင်+ ပို​အား​ပြည့်​လာ​ပြီး ဖိ​လိ​တိ​လူ​တွေ​ကို ဒီ​ထက် ပို​ချေ​မှုန်း​နိုင်​မှာ​ပဲ” လို့​ပြော​တယ်။ ၃၁  အဲဒီ​နေ့​မှာ ဖိ​လိ​တိ​လူ​တွေ​ကို မိတ်​မတ်​မြို့​က​နေ အာ​ယ​လုန်​မြို့​အထိ+ တိုက်​ခိုက်​ချေ​မှုန်း​တယ်။ စစ်​သည်​တွေ​လည်း မော​ပန်း​နွမ်း​နယ်​နေ​ကြ​ပြီ။ ၃၂  ဒါ​ကြောင့် စစ်​သည်​တွေ​က တိုက်​ရာ​ပါ​ဥစ္စာတွေ​ကို အလု​အယက် သိမ်း​ယူ​တယ်။ သိုး​နွား​တိရစ္ဆာန်တွေ၊ နွား​က​လေး​တွေ​ကို မြေပေါ်​မှာ သတ်​ပြီး သွေး​ကုန်​အောင် မထုတ်​ဘဲ စား​ကြ​တယ်။+ ၃၃  “စစ်​သည်​တွေ​က သွေး​ကုန်​အောင် မထုတ်​ထား​တဲ့ အသား​ကို စား​ပြီး ယေဟောဝါ​ဘုရား​ကို ပြစ်​မှား​ကြ​ပြီ”+ လို့ လာ​ပြော​တဲ့​အခါ ရှောလု​က “မင်း​တို့ သစ္စာ​မဲ့​ကြ​ပြီ။ အခု​ချက်​ချင်း ငါ့​ဆီ ကျောက်​တုံး​ကြီး​တစ်​တုံး လှိမ့်​လာခဲ့” လို့​အမိန့်​ပေး​တယ်။ ၃၄  ပြီး​တော့ ရှောလု​က “‘မင်း​တို့​ရဲ့ သိုး​နွား​တွေ​ကို ယူ​လာ​ပြီး ဒီ​ပေါ်​မှာ သတ်​ကြ။ ပြီး​မှ စား​ကြ။ သွေး​ကုန်​အောင် မထုတ်​ထား​တဲ့ အသား​ကို စား​ပြီး ယေဟောဝါ​ဘုရား​ကို မပြစ်​မှား​ကြ​နဲ့’ ဆို​ပြီး စစ်​သည်​တွေ​ကို သွား​ပြော​လိုက်” လို့​အမိန့်​ပေး​တဲ့​အတွက်+ အဲဒီ​ည​မှာ စစ်​သည်​တွေ​က ကိုယ့်​နွား​ကိုယ် ယူ​လာ​ပြီး အဲဒီ​မှာ သတ်​ကြ​တယ်။ ၃၅  ရှောလု​က ယေဟောဝါ​အတွက် ပူ​ဇော်ရာ​ပလ္လင် တည်​တယ်။+ ဒါ​ဟာ ယေဟောဝါ​အတွက် သူ ဦး​ဆုံး​တည်​တဲ့ ပူ​ဇော်ရာ​ပလ္လင်​ပဲ။ ၃၆  နောက်​တော့ ရှောလု​က “ဒီ​ည၊ ဖိ​လိ​တိ​လူ​တွေ​ဆီ ဆင်း​သွား​ပြီး မိုး​လင်း​ချိန်​အထိ တိုက်​ခိုက် လု​ယက်​ကြ​စို့။ တစ်​ယောက်​ကို​မှ အရှင်​မထား​နဲ့” လို့​ပြော​တော့ စစ်​သည်​တွေ​က “မင်း​ကြီး ကောင်း​မယ်​ထင်​သလို​သာ လုပ်​ပါ” ဆို​ပြီး ပြန်​လျှောက်​ကြ​တယ်။ ပုရော​ဟိတ်​က “ဒီ​နေ​ရာ​မှာ ဘုရား​သခင်​ကို မေး​ကြည့်​ရ​အောင်”+ လို့​ပြော​တယ်။ ၃၇  ရှောလု​က “ဖိ​လိ​တိ​လူ​တွေ​နောက် ကျွန်​တော် လိုက်​ပြီး​တိုက်​ခိုက်​ရ​မလား။+ သူတို့​ကို အစ္စရေး​တွေ​လက်​ထဲ ကိုယ်​တော်​အပ်​မှာ​လား” လို့​မေး​ပေမဲ့ အဲဒီ​နေ့​မှာ ဘုရား​သခင် အဖြေမပေး​ဘူး။ ၃၈  ဒါ​ကြောင့် ရှောလု​က “ခေါင်း​ဆောင်​တို့၊ ဒီ​ကို လာ​ကြ။ ဒီ​နေ့ ဘာ​အပြစ် ကျူး​လွန်​ထား​တယ်​ဆို​တာ စစ်​ဆေး​ကြ။ ၃၉  အပြစ်​ကျူး​လွန်​သူ​ဟာ ငါ့​သား ယောန​သန်​ဖြစ်​နေ​ရင်​တောင် သေရ​မယ်။ အစ္စရေး​တို့​ရဲ့ ကယ်​တင်​ရှင်၊ အသက်​ရှင်​နေ​တဲ့​ဘုရား ယေဟောဝါ​ကို တိုင်​တည်​ပြီး ငါ​ပြော​မယ်” လို့​အမိန့်​ပေး​ပေမဲ့ အားလုံး နှုတ်​ဆိတ်​နေ​ကြ​တယ်။ ၄၀  ဒါ​နဲ့ သူ​က “မင်း​တို့​အားလုံး ဟို​ဘက်​မှာ နေ​ကြ။ ငါ​နဲ့ ငါ့​သား​ယောန​သန်​က ဒီ​ဘက်​မှာ နေ​မယ်” လို့ ပြော​တဲ့​အခါ အစ္စရေး​တွေ​က “မင်း​ကြီး ကောင်း​မယ်​ထင်​သလို​သာ လုပ်​ပါ” ဆို​ပြီး ပြော​ကြ​တယ်။ ၄၁  ဒါ​နဲ့ ရှောလု​က “အစ္စရေး​တို့​ရဲ့ ဘုရား​သခင်၊ သု​မိမ်​က​တစ်ဆင့် အဖြေပေး​ပါ”+ ဆို​ပြီး ယေဟောဝါ​ကို ပြော​တယ်။ အဲဒီ​အခါ ယောန​သန်​နဲ့ ရှောလု ရွေး​ထုတ်​ခံ​ရ​တယ်။ တ​ခြား​လူ​တွေ​က​တော့ အရွေး​မခံ​ရ​ဘူး။ ၄၂  ရှောလု​က “ငါ​နဲ့ ငါ့​သား​ယောန​သန်​ကို မဲ​ချ​ကြည့်”+ လို့​ပြော​တော့ ယောန​သန် မဲ​ကျ​တယ်။ ၄၃  ဒါ​နဲ့ ရှောလု​က “မင်း ဘာ​လုပ်​ခဲ့​သလဲ။ ပြော​စမ်း” လို့​မေး​တော့ ယောန​သန်​က “ပျား​ရည်​ကို တောင်​ဝှေး​ထိပ်​ဖျား​နဲ့​ယူ​ပြီး နည်း​နည်း​လေး စား​လိုက်​မိ​တာ​ပါ။+ ဒါ​ကြောင့် သေဒဏ်​ခံ​ရ​မယ်​ဆို​ရင်​လည်း အသင့်​ပါ​ပဲ” ဆို​ပြီး​ပြန်​ဖြေတယ်။ ၄၄  ရှောလု​က “ယောန​သန်၊ မင်း​သေဒဏ်​မခံ​ရ​ဘူး​ဆို​ရင် ဘုရား​သခင်​က ငါ့​ကို ပြစ်​ဒဏ်​တစ်​ခု​ပြီး​တစ်​ခု ပေး​ပါ​စေ”+ လို့​ပြော​တယ်။ ၄၅  ဒါ​ပေမဲ့ စစ်​သည်​တွေ​က “အစ္စရေး​တွေ​ကို အခု​လို အကြီး​အကျယ် အောင်​ပွဲ​ခံ​စေ​ခဲ့​တဲ့ ယောန​သန် သေရ​မှာ​လား။+ ဒါ လုံး​ဝ​မဖြစ်​သင့်​ပါ​ဘူး။ ဒီ​နေ့ သူ​လုပ်​ခဲ့​တာ​တွေ​ကို ဘုရား​သခင် ကူညီ​ပေး​ခဲ့​တယ်။ ဒါ​ကြောင့် အသက်​ရှင်​နေ​တဲ့​ဘုရား ယေဟောဝါ​ကို တိုင်​တည်​ပြီး ကျွန်​တော်​တို့ ပြော​မယ်။ သူ့​ဆံ​ခြည်​တစ်​မျှင်​မှ မြေပေါ် မကျ​စေ​ရ​ဘူး”+ ဆို​ပြီး ရှောလု​ကို ပြော​ကြ​တယ်။ လူ​တွေ ကယ်​လိုက်​လို့ ယောန​သန် သေဘေး​က​နေ လွတ်​သွား​တယ်။ ၄၆  ဒါ​နဲ့ ရှောလု​က ဖိ​လိ​တိ​လူ​တွေ​ကို လိုက်​ပြီး မတိုက်​ခိုက်​တော့​ဘူး။ ဖိ​လိ​တိ​လူ​တွေ​လည်း ကိုယ့်​နယ်​မြေဆီ ပြန်​သွား​ကြ​တယ်။ ၄၇  ရှောလု​က အစ္စရေး​ပြည်​မှာ ဘုရင့်​အာ​ဏာ  ခိုင်​မြဲအောင်​ လုပ်​တယ်။ ပတ်​ဝန်း​ကျင် ရန်​သူ​တွေ​ဖြစ်​တဲ့ မောဘ၊+ အမ္မုန်၊+ ဧ​ဒုံ၊+ ဖိ​လိ​တိ​လူမျိုး​တွေ​နဲ့+ ဇော​ဘ​ဘုရင်​တွေ​ကို+ စစ်​တိုက်​တယ်။ တိုက်​ပွဲ​တိုင်း​မှာ အနိုင်​ရ​ခဲ့​တယ်။ ၄၈  သူ​က ရွပ်​ရွပ်​ချွံ​ချွံ တိုက်​ခိုက်​တယ်။ အာ​မလက်​လူမျိုး​ကို နှိမ်​နင်း​ပြီး+ အစ္စရေး​တွေ​ကို တိုက်​ခိုက် လု​ယက်​သူ​တွေ​လက်​က​နေ ကယ်​တင်​ခဲ့​တယ်။ ၄၉  ရှောလု​ရဲ့​သား​တွေ​က ယောန​သန်၊ အိ​ရှ​ဘိ၊ မေလ​ခိရွှ။+ သမီး​နှစ်​ယောက်​မှာ အကြီး​က မေရပ်၊+ အငယ်​က မိ​ခါ​လ။+ ၅၀  မိ​ဖု​ရား​က အဟိ​မတ်​ရဲ့​သမီး အဟိ​နောင်။ ဗိုလ်​ချုပ်​က နေ​ရ​ရဲ့​သား ဘ​ထွေး​တော် အာဗနာ။+ ၅၁  ခမည်း​တော်​က​ ကိ​ရှ။+ အာဗ​နာရဲ့အဖေက နေ​ရ၊+ နေ​ရ​ရဲ့​အဖေက အဗျေလ။ ၅၂  ရှောလု​နန်း​ထိုင်​ချိန်​တစ်​လျှောက်​လုံး​မှာ ဖိ​လိ​တိ​လူ​တွေ​နဲ့ ပြင်း​ပြင်း​ထန်​ထန် စစ်​ဖြစ်​တယ်။+ ရှောလု​က ခွန်​အား​ကြီး​သူ၊ ရဲ​ရင့်​သူ​တွေ​ကို တွေ့​တာ​နဲ့ သူ့​ဆီ​မှာ စစ်​မှု​ထမ်း​ဖို့ စု​ဆောင်း​တတ်​တယ်။+

အောက်ခြေမှတ်ချက်များ

နွား​တစ်​ရှဉ်း တစ်​နေ့​ထွန်​နိုင်​တဲ့ လယ်​မြေအကျယ်​အဝန်း။
မူ​ရင်း၊ “မျက်​စိ​ကြည်​လင်​လာ​တယ်။”