မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၁ ရာဇဝင်ချုပ် ၁၆:၁-၄၃

မာတိကာ

  • သေတ္တာ​တော်​ကို တဲ​ထဲ​မှာ​ထား (၁-၆)

  • ဒါဝိဒ်ရဲ့ ကျေး​ဇူး​တင်​ချီး​မွမ်း​သီချင်း (၇-၃၆)

    • “ယေဟောဝါ ဘု​ရင်​ဖြစ်​ပြီ” (၃၁)

  • သေတ္တာ​တော်​ရှေ့ အမှု​ဆောင် (၃၇-၄၃)

၁၆  လူတွေ​က  စစ်​မှန်​တဲ့​ဘုရား​သခင်​ရဲ့  သေတ္တာ​တော်​ကို သယ်​လာ​ပြီး ဒါဝိဒ်​ဆောက်​ထား​တဲ့ တဲ​ထဲ​မှာ ထား​လိုက်​တယ်။+ အဲဒီ​နောက် ဘုရား​သခင်​ရှေ့​မှာ မီး​ရှို့​ရာ​အလှူ​တွေ၊ မိတ်​သဟာ​ယ ပူ​ဇော်​သက္ကာတွေ ဆက်​သကြ​တယ်။+ ၂  ဒါဝိဒ်​က မီး​ရှို့​ရာ​အလှူ​တွေ၊+ မိတ်​သဟာ​ယ ပူ​ဇော်​သက္ကာတွေ​ကို+ ဆက်​သပြီး​တဲ့​အခါ ယေဟောဝါ​ရဲ့ နာ​မည်​ကို အမှီ​ပြု​ပြီး လူ​တွေ​ကို ကောင်း​ချီး​ပေး​တယ်။ ၃  ဒါ့​အပြင် အစ္စရေး​အားလုံး​ကို ကျား​မ,မရွေး မုန့်​တစ်​ချပ်​စီ၊ စွန်​ပလွံ​ပျဉ်​နဲ့ စ​ပျစ်​သီး​ပျဉ် တစ်​ချပ်​စီ ဝေ​ပေး​တယ်။ ၄  အဲဒီ​နောက် ဒါဝိဒ်​က ယေဟောဝါ​ရဲ့ သေတ္တာ​တော်​ရှေ့​မှာ+ အမှု​ဆောင်​ဖို့၊ အစ္စရေး​တို့​ရဲ့ ဘုရား​သခင် ယေဟောဝါ​ကို ဂုဏ်​တင်​ဖို့၊ ကျေး​ဇူး​တင်​ချီး​မွမ်း​ဖို့ လေ​ဝိအမျိုး​သား​တ​ချို့​ကို ခန့်​လိုက်​တယ်။ ၅  သူ​တို့​ရဲ့​ခေါင်း​ဆောင်​က အာ​သပ်၊+ လက်​ထောက်​က ဇာခရိ။ ယေ​ယေ​လ၊ ရှေ​မိ​ရာမုတ်၊ ယေ​ဟေ​လ၊ မာ​တ​သိ၊ ဧ​လျာ​ဘ၊ ​ဗေ​နာ​ယ၊ သြဗက်​ဧ​ဒုံ၊ ယေ​ယေ​လ​တို့​က+ ကြိုး​တပ်​တူ​ရိ​ယာ​နဲ့ စောင်း​တွေ တီး​ရ​တယ်။+ အာ​သပ်​က လင်း​ကွင်း​တီး​ရ​တယ်။+ ၆  ပု​ရော​ဟိတ်​တွေ​ဖြစ်​တဲ့ ​ဗေ​နာ​ယ​နဲ့ ယ​ဟာ​ဇေ​လ​က ဘုရား​သခင်​ရဲ့ ပဋိ​ညာဉ်​သေတ္တာ​ရှေ့​မှာ ခ​ရာ အမြဲမှုတ်​ရ​တယ်။ ၇  အဲဒီ​နေ့​မှာ ဒါဝိဒ်​က ယေဟောဝါ​ကို ကျေး​ဇူး​တင်​ချီး​မွမ်း​တဲ့ သီချင်း​တစ်​ပုဒ်​ကို ဦး​ဆုံး ရေး​စပ်​ပြီး​နောက် အာ​သပ်​နဲ့+ သူ့​ညီ​အစ်​ကို​တွေ သီ​ဆို​တီး​မှုတ်​ဖို့ ပေး​လိုက်​တယ်- ၈  “ယေဟောဝါ​ကို ကျေး​ဇူး​တင်​ကြ၊+ နာ​မတော်​ကို ခေါ်​ပြီး ဆုတောင်း​ကြ။ ဘုရား​ရဲ့ လုပ်​ဆောင်​မှု​တွေ​အကြောင်း လူ​တွေ​ကို ကြား​သိ​စေ​ကြ။+ ၉  ဘုရား​အတွက် သီချင်း​ဆို​ကြ။ ချီးမွမ်း​သီ​ဆို​ကြ။+ အံ့​ဖွယ်​လုပ်​ဆောင်​မှု​တွေ​အ​ကြောင်း စဉ်း​စား​ဆင်​ခြင်​ကြ။*+ ၁၀  သန့်​ရှင်း​မြင့်မြတ်​တဲ့​နာ​မတော်​ကို ချီး​မွမ်း​ရ​တာ ဂုဏ်​ယူ​ပါ။+ ယေဟောဝါ​ကို ရှာ​တဲ့​သူ​တွေ စိတ်​ရွှင်​လန်း​ပါ​စေ။+ ၁၁  ယေဟောဝါ​နဲ့ အစွမ်း​တန်ခိုး​တော်​ကို ရှာ​ကြ​ပါ။+ မျက်​နှာ​သာ​တော်​ရ​ဖို့ ကြိုး​စား​ကြပါ။+ ၁၂  ဘုရား​လုပ်​ဆောင်​ခဲ့​တဲ့ အံ့​ဖွယ်​ရာတွေ၊+အံ့​ဖွယ်​လုပ်​ရပ်​တွေ၊ ချ​မှတ်​ထား​တဲ့ တရား​စီရင်​ချက်​တွေ​ကို သတိ​ရ​ကြ။ ၁၃  ဘုရား​ကျွန် အစ္စရေး​ရဲ့ မျိုး​နွယ်​တို့၊+ဘုရား​ရွေး​ချယ်​ထား​တဲ့ ယာကုပ်​ရဲ့ သား​မြေး​တို့။+ ၁၄  ဘုရား​သခင်​ဟာ ငါ​တို့​ရဲ့​ဘုရား ယေဟောဝါ​ပဲ။+ ကမ္ဘာ​တစ်​ခွင်​လုံး​ကို တရား​စီရင်​တယ်။+ ၁၅  ဘုရား​ရဲ့​ပဋိ​ညာဉ်​ကို ထာ​ဝ​စဉ်​သတိ​ရ​ကြ။ ပေး​ခဲ့​တဲ့​ကတိ​ကို လူမျိုး​ဆက်​တစ်ထောင်​တိုင်​အောင် သတိ​ရကြ။+ ၁၆  အာဗြဟံ​နဲ့​ဖွဲ့​ခဲ့​တဲ့ ပဋိ​ညာဉ်၊+အိ​ဇက်​ကို​ပေး​ခဲ့​တဲ့ ကျိန်​ဆို​ချက်​ကို+ သတိ​ရ​ကြ။ ၁၇  အဲဒီ​ကျိန်​ဆို​ချက်​ကို ယာကုပ်​ အ​တွက် အမိန့်​အဖြစ် တည်​စေ​ခဲ့တယ်။+ အစ္စရေး​အတွက် ထာ​ဝ​ရ​ပဋိ​ညာဉ်​အဖြစ် တည်​စေ​ခဲ့​တယ်။ ၁၈  ‘ခါ​နန်​ပြည်​ကို+ အမွေ​အဖြစ်ငါ​ခွဲ​ဝေ​ပေး​မယ်’+ လို့ ဘုရား​ကျိန်ဆို​ခဲ့​တယ်။ ၁၉  အဲဒီ​တုန်း​က သူတို့ လူ​ဦး​ရေ နည်း​နည်း​လေး​ပဲ။ ခါ​နန်​ပြည်​မှာ တိုင်း​တစ်ပါး​သား​တွေ​အဖြစ် နေ​ထိုင်​ခဲ့​ရ​တယ်။+ ၂၀  လူ​တစ်​မျိုး​က​နေ တစ်​မျိုး၊တစ်​နိုင်​ငံ​က​နေ တစ်​နိုင်​ငံ လှည့်​လည်​သွား​လာခဲ့​ရ​တယ်။+ ၂၁  သူတို့​ကို​ဖိ​နှိပ်​ဖို့ ဘယ်​သူ့​ကို​မှ ဘုရား​ခွင့်​မပြု​ခဲ့​ဘူး။+ သူတို့​အတွက် ဘုရင်​တွေ​ကို​ ဆုံးမ​ပြီး၊+ ၂၂  ‘ငါ​ဘိ​သိက်​ပေး​ထား​သူ​တွေ​ကို မထိ​ကြ​နဲ့။ ငါ့​ပရော​ဖက်​တွေ​ကို မကောင်း​တာ​တစ်​ခု​မှ မလုပ်​ကြ​နဲ့’+ လို့​ပြော​ခဲ့​တယ်။ ၂၃  မြေကြီး​သား​အပေါင်း​တို့၊ ယေဟော​ဝါ​ကို ချီး​မွမ်း​သီချင်း​ဆို​ကြ။ ကယ်​တင်​ခြင်း​အကြောင်း နေ့​စဉ်​ရက်​ဆက် ကြေ​ညာ​ကြ။+ ၂၄  ဘုန်း​တန်ခိုး​တော်​အကြောင်း လူမျိုး​တွေ​အလယ်​မှာ ကြေ​ညာ​ကြ။ အံ့​ဖွယ်​လုပ်​ဆောင်​မှု​တွေ​ကို လူ​တွေ​အလယ်​မှာ ကြေ​ညာ​ကြ။ ၂၅  ယေဟောဝါ​ဟာ ကြီးမြတ်​ပြီး ချီး​မွမ်း​ခံ​ထိုက်​ဆုံး​အရှင်​ပဲ။ တ​ခြား​ဘုရားတွေ​ထက် ရို​သေခန့်​ညား​ဖွယ် ကောင်း​လှ​တယ်။+ ၂၆  လူမျိုး​ခြား​တွေ​ရဲ့ ဘုရားတွေ​ဟာ အသုံး​မဝင်​တဲ့ ဘုရားတွေ​ပါ။+ ယေဟောဝါ​က​တော့ ကောင်း​ကင်​ကို ဖန်​ဆင်း​တဲ့ အရှင်​ပဲ။+ ၂၇  ရှေ့​တော်​မှာ ဘုန်း​တန်ခိုး​နဲ့ ခမ်း​နား​မှု ရှိ​နေ​တယ်။+ စံ​မြန်း​ရာ​အရပ်​မှာ အစွမ်း​တန်ခိုး​နဲ့ ဝမ်း​မြောက်​ခြင်း ရှိ​နေ​တယ်။+ ၂၈  လူမျိုး​နွယ်​တို့၊ ယေဟောဝါ ရ​ထိုက်​တာ​ကို ပေး​ကြ။ ယေဟောဝါ​ဟာ ဘုန်း​အသရေ​နဲ့ အစွမ်း​တန်ခိုး​ရှိ​တဲ့​အတွက် ဘုရား​ရ​ထိုက်​တာ​ကို ပေး​ကြ။+ ၂၉  ယေဟောဝါ​ရဲ့ ဘုန်း​အသရေ​နဲ့​ပြည့်​စုံ​တဲ့ နာ​မည်​ကို ဂုဏ်​တင်​ ချီး​မွမ်း​ကြ။+ လက်​ဆောင်​တွေ​ယူ​ပြီး ရှေ့​တော်​ကို လာ​ကြ။+ သန့်​ရှင်း​တဲ့​အဝတ် ဝတ်​ပြီး* ယေဟောဝါ​ကို ဦး​ချ​ကြ။+ ၃၀  မြေကြီး​သား​အပေါင်း​တို့၊ ရှေ့​တော်​မှာ ကြောက်​ရွံ့​ တုန်​လှုပ်​ကြ။ ကမ္ဘာ​မြေကို ရွှေ့​လို့​မရ​နိုင်​အောင်  အခိုင်​အမာ တည်​ထား​တယ်။+ ၃၁  မိုး​ကောင်း​ကင် ပျော်​ရွှင်​ပါ​စေ။ ကမ္ဘာ​မြေ ရွှင်​လန်း​ပါ​စေ။+ ‘ယေဟောဝါ ဘုရင်​ဖြစ်​ပြီ’ လို့ လူမျိုး​တွေ​အလယ်​မှာ ကြေ​ညာ​ကြ။+ ၃၂  ပင်လယ်​နဲ့ ပင်လယ်​ထဲ​မှာ​ရှိ​သမျှ မြည်​ဟည်း​ကြ​ပါ​စေ။ လယ်​ပြင်​နဲ့ လယ်​ပြင်​မှာ​ရှိ​သမျှ ဝမ်း​မြောက်​ကြ​ပါ​စေ။ ၃၃  တစ်​ချိန်​တည်း​မှာ တော​သစ်ပင်​တွေ​လည်း ယေဟောဝါ​ရှေ့ ရွှင်လန်း​စွာ သီချင်း​ဆို​ကြ​ပါ​စေ။ ကမ္ဘာ​မြေကို တရား​စီရင်​ဖို့ ဘုရား​ကြွ​လာ​ပြီ။ ၃၄  ယေဟောဝါ​ကို ကျေး​ဇူး​တင်​ကြ​ပါ။ ဘုရား​သခင်​ဟာ ကောင်းမြတ်​တယ်။+ ခိုင်​မြဲတဲ့​မေတ္တာ​တော် ထာ​ဝ​စဉ် တည်​မြဲတယ်။+ ၃၅  ‘ကယ်​တင်​ရှင် ဘုရား​သခင်၊ ကျွန်တော်​တို့​ကို ကယ်​တင်​လှည့်ပါ။+ သန့်​ရှင်း​မြင့်မြတ်​တဲ့ နာ​မတော်​ကို ကျေး​ဇူး​တင်​ချီး​မွမ်း​နိုင်​ဖို့၊+ကိုယ်​တော့်​ကို အား​ပါး​တ​ရ ချီး​မွမ်း​နိုင်​ဖို့+ တ​ခြား​လူမျိုး​တွေ​ရဲ့ လက်​ထဲ​က​နေ ကယ်​တင်​ပြီး စု​သိမ်း​လှည့်​ပါ။ ၃၆  အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို အစဉ်​ထာ​ဝ​ရ ချီး​မွမ်း​ကြ​ပါ​စေ’ လို့ ပြော​ကြ​ပါ။” လူ​အားလုံး​က​လည်း “အာ​မင်”* လို့​ပြော​ပြီး ယေဟောဝါ​ကို ချီး​မွမ်း​ကြ​တယ်။ ၃၇  အဲဒီ​နောက်  ဒါဝိဒ်​က   ယေဟောဝါ​ရဲ့ ပဋိ​ညာဉ်​သေတ္တာ​ရှေ့​မှာ+ လုပ်​ရိုး​လုပ်​စဉ်​အတိုင်း  အမြဲအမှု​ဆောင်​ဖို့+ အာ​သပ်​နဲ့+ သူ့​ ညီ​အစ်​ကို​တွေကို သေတ္တာ​တော်​ရှေ့​မှာ  နေ​ခိုင်း​တယ်။ ၃၈  သြဗက်​ဧ​ဒုံ​နဲ့ ဆွေ​မျိုး​သား​ချင်း ၆၈ ယောက်​ကို​လည်း နေ​ခိုင်း​တယ်။ ယေဒု​သုန်​ရဲ့​သား သြဗက်​ဧ​ဒုံ​နဲ့ ဟော​သကို တံခါး​စောင့်​အဖြစ် တာဝန်​ပေး​တယ်။ ၃၉  ပု​ရော​ဟိတ် ဇာ​ဒုတ်​နဲ့+ အပေါင်း​ပါ ပု​ရော​ဟိတ်​တွေ​က ဂိဗောင်​မြို့၊ အထွတ်​အမြတ်​နေ​ရာ​မှာ​ရှိ​တဲ့  ယေဟောဝါ​ရဲ့​တဲ​တော်​ရှေ့​မှာ အမှု​ဆောင်​ကြ​တယ်။+ ၄၀  ပူ​ဇော်ရာ​ပလ္လင်​ပေါ်​မှာ  မီး​ရှို့​ရာ​အလှူ​တွေ​ကို ယေဟောဝါ​ဆီ မနက်​ရော ည​ပါ ပုံ​မှန်​ပူ​ဇော်​ဖို့၊ အစ္စရေး​တွေ​ကို မိန့်မှာ​တဲ့ ယေဟောဝါ​ရဲ့ ပညတ်​ကျမ်း​မှာ ရေး​ထား​သမျှ​အတိုင်း လုပ်​ဆောင်​ဖို့ ဖြစ်​တယ်။+ ၄၁  သူတို့​နဲ့​အတူ ဟေ​မန်​နဲ့ ယေ​ဒု​သုန်+ ရှိ​တယ်။ “ခိုင်​မြဲတဲ့​မေတ္တာ​တော် ထာ​ဝ​စဉ်​တည်​မြဲ”+ တဲ့​အတွက် ယေဟောဝါ​ကို ချီး​မွမ်း​ဖို့+ နာ​မည်​နဲ့​တ​ကွ ရွေး​ချယ်​ခံ​ရ​တဲ့ ကျန်​တဲ့​လူ​တွေ​လည်း ရှိ​နေ​တယ်။ ၄၂  သူတို့​နဲ့​အတူ ဟေ​မန်​နဲ့+ ယေ​ဒု​သုန်​က ခ​ရာတွေ၊ လင်း​ကွင်း​တွေ၊ တ​ခြား​တူ​ရိ​ယာ​တွေ တီး​မှုတ်​ပြီး ဘုရား​သခင်​ကို ချီး​မွမ်း​ကြ​တယ်။ ယေ​ဒု​သုန်​ရဲ့+ သား​တွေ​က​တော့ တံခါး​စောင့် လုပ်​ကြ​တယ်။ ၄၃  အဲဒီ​နောက် လူ​တွေ​အားလုံး ကိုယ့်​အိမ်​ကိုယ့်​ရာ​ဆီ ပြန်​သွား​ကြ​တယ်။ ဒါဝိဒ်​လည်း သူ့​အိမ်​သား​တွေ​ကို ကောင်း​ချီး​ပေး​ဖို့ ပြန်​သွား​တယ်။

အောက်ခြေမှတ်ချက်များ

“ပြော​ဆို​ကြ” လည်း​ဖြစ်​နိုင်။
“သန့်​ရှင်း​မြင့်မြတ်​တဲ့ ဘုန်း​တော်​ကြောင့်” လည်း​ဖြစ်​နိုင်။
ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”