မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၁ ဘုရင်များ ၁၆:၁-၃၄

မာတိကာ

  • ဗာ​ရှာ​အပေါ် ယေဟောဝါ​ရဲ့​စီ​ရင်​ချက် (၁-၇)

  • အစ္စရေး​ဘု​ရင် ဧ​လာ (၈-၁၄)

  • အစ္စရေး​ဘု​ရင် ဇိ​မရိ (၁၅-၂၀)

  • အစ္စရေး​ဘု​ရင် ဩမရိ (၂၁-၂၈)

  • အစ္စရေး​ဘု​ရင် အာဟပ် (၂၉-၃၃)

  • ယေ​ရိ​ခေါ​မြို့​ကို ဟိ​ဧ​လ ပြန်​တည်​ဆောက် (၃၄)

၁၆  ဗာ​ရှာ​အပေါ် ချ​မှတ်​မယ့် စီရင်​ချက်​ကို  ဟာ​နေ​နိ​ရဲ့​သား+ ယေဟု​က​တစ်ဆင့်+ ယေဟောဝါ ကြေ​ညာ​တယ်– ၂  “မင်း​ကို မြေမှုန့်​ထဲ​က​နေ ငါ​ချီး​မြှောက်​ပြီး ငါ့​လူမျိုး​အစ္စရေး​ရဲ့ ခေါင်း​ဆောင်​အဖြစ် ခန့်​ခဲ့​တယ်။+ ဒါ​ပေမဲ့ မင်း​က ယေ​ရော​ဗောင်​ရဲ့ လမ်း​စဉ်​အတိုင်း ဆက်​လိုက်​ပြီး အစ္စရေး​တွေ​ကို အပြစ်​ကျူး​လွန်​စေ​တယ်။ ဒီ​တော့ သူတို့​လည်း အပြစ်​တွေ​ကျူး​လွန်​ပြီး ငါ့​ကို အမျက်​ထွက်​အောင် လုပ်​ကြ​တယ်။+ ၃  ဒါ​ကြောင့် ဗာ​ရှာ​နဲ့​သူ့​အမျိုး​ကို ငါ​ရှင်း​ထုတ်​ပစ်​မယ်။ သူ့​အမျိုး​ကို နေ​ဗတ်​ရဲ့​သား ယေ​ရော​ဗောင်​အမျိုး​လို ဖြစ်​စေ​မယ်။+ ၄  ဗာ​ရှာ​အမျိုး​ထဲ​က ဘယ်​သူ​မဆို မြို့​ထဲ​မှာ​သေရင် ခွေး​တွေ စား​လိမ့်​မယ်၊ မြို့​ပြင်​မှာ​သေရင် ငှက်​တွေ စား​လိမ့်​မယ်။” ၅  ဗာ​ရှာ​ရဲ့ ကျန်​တဲ့​သမိုင်း​ကြောင်း​တွေ၊  လုပ်​ဆောင်​ခဲ့​တာ​တွေ၊  စွမ်း​ဆောင်​ချက်​တွေ​ကို အစ္စရေး​ဘုရင်​တွေ​ရဲ့ ရာ​ဇ​ဝင်​မှတ်​တမ်း​မှာ ရေး​ထား​တယ်။ ၆  နောက်​ပိုင်း​မှာ  ဗာ​ရှာ ကွယ်​လွန်​သွား​တဲ့​အတွက်  တိ​ရ​ဇာ​မြို့​မှာ+ သင်္ဂြိုဟ်​လိုက်​ကြ​တယ်။ သား​တော်​ဧလာ​က ထီး​နန်း​ဆက်​ခံ​တယ်။ ၇  ဗာ​ရှာ​နဲ့​သူ့​အမျိုး​ခံ​ရ​မယ့် စီရင်​ချက်​ကို ဟာ​နေ​နိ​ရဲ့​သား ပရော​ဖက် ယေဟု​က​တစ်ဆင့် ယေဟောဝါ ကြေ​ညာ​တယ်။ ဗာ​ရှာ​က ယေဟောဝါ​ရှေ့​မှာ မကောင်း​တာ​တွေ​လုပ်​ပြီး အမျက်​ထွက်​စေ​တဲ့​အတွက်၊ နာ​ဒပ်​ကို ကွပ်​မျက်​တဲ့​အတွက် သူ့​အမျိုး​ဟာ ယေ​ရော​ဗောင်​ရဲ့​အမျိုး​လို ဖြစ်​ခဲ့​ရ​တယ်။+ ၈  ယုဒ​ဘုရင်​အာ​သ နန်း​စံ ၂၆ နှစ်​မြောက်​မှာ ဗာ​ရှာ​ရဲ့​သား ဧ​လာ​က အစ္စရေး​ပြည်​မှာ  နန်း​တက်​လာ​ပြီး​ တိရဇာ​မြို့​မှာ ၂ နှစ် စိုး​စံ​တယ်။ ၉  မြင်း​ရထား​တပ် တစ်​ဝက်​ကို ကြီး​ကြပ်​ရ​တဲ့ တပ်​မှူး​ဇိ​မရိ​က ဘုရင်​ကို​လုပ်​ကြံ​ဖို့ လျှို့ဝှက်​ကြံ​စည်​တယ်။ တိ​ရ​ဇာ​မြို့​မှာ နန်း​ထိုင်​တဲ့ ဧ​လာ​ဟာ တိ​ရ​ဇာ​မြို့​က နန်း​တော်​အုပ် အာ​ဇ​ရဲ့​အိမ်​မှာ သောက်​စား​မူး​ယစ်​နေ​တုန်း၊ ၁၀  ဇိ​မရိ ဝင်​လာ​ပြီး ဧ​လာ​ကို လုပ်​ကြံ​လိုက်​တယ်။+ ယုဒ​ဘုရင်​အာ​သနန်း​စံ ၂၇ နှစ်​မြောက်​မှာ ဇိ​မရိ နန်း​တက်​တယ်။ ၁၁  ဇိမ​ရိ​က ဘုရင်​ဖြစ်​လာ​ပြီး ရာ​ဇ​ပလ္လင်​ပေါ် နန်း​ထိုင်​တာ​နဲ့  ဗာ​ရှာ​ရဲ့  အမျိုး​အားလုံး​ကို ကွပ်​မျက်​လိုက်​တယ်။  ဆွေ​တော်​မျိုး​တော်​ဖြစ်​စေ၊ မိတ်ဆွေ​ဖြစ်​စေ  ယောက်ျား​တစ်​ယောက်​ကို​မှ မချန်​ထား​ဘူး။ ၁၂  ဒီ​လို​နဲ့ ဇိ​မရိ​ဟာ ဗာ​ရှာ​ရဲ့​အမျိုး တစ်​မျိုး​လုံး​ကို သုတ်​သင်​လိုက်​တယ်။ ဗာ​ရှာ​ခံ​ရ​မယ့် စီရင်​ချက်​အကြောင်း ပရော​ဖက် ယေဟု​က​တစ်​ဆင့်  ယေဟောဝါ ကြေညာ​တဲ့​အတိုင်း  ဖြစ်​လာ​တယ်။+ ၁၃  ဗာ​ရှာ​နဲ့ သား​တော်​ဧ​လာ​က အပြစ်​တွေ​ကျူး​လွန်​ပြီး အစ္စရေး​တွေ​ကို​လည်း အပြစ်​ကျူး​လွန်​စေ​ခဲ့​တယ်၊ အသုံး​မဝင်​တဲ့ ရုပ်​တု​တွေ ကိုးကွယ်​ပြီး အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို အမျက်​ထွက်​အောင် လုပ်​ခဲ့​တဲ့​အတွက် အဲဒီ​လို​ဖြစ်​ရ​တာ​ပဲ။+ ၁၄  ဧ​လာ​ရဲ့ ကျန်​တဲ့​သမိုင်း​ကြောင်း​တွေ၊ လုပ်​ဆောင်​ခဲ့​တာ​တွေ​ကို အစ္စရေး​ဘုရင်​တွေ​ရဲ့ ရာ​ဇ​ဝင်​မှတ်​တမ်း​မှာ ရေး​ထား​တယ်။ ၁၅  ယုဒ​ဘုရင်​အာ​သ နန်း​စံ ၂၇ နှစ်​မြောက်​မှာ  ဇိ​မရိ​က  တိ​ရ​ဇာ​မြို့​မှာ ခုနစ်​ရက် စိုး​စံ​တယ်။ အဲဒီ​အချိန်​မှာ စစ်​သည်​တွေ​က ဖိ​လိ​တိ​လူ​တွေ​ပိုင်​တဲ့ ဂိ​ဗ​သုန်​မြို့​ကို+ တိုက်​ခိုက်​ဖို့ တပ်​ချ​ထား​တယ်။ ၁၆  ဇိ​မရိ​က လျှို့ဝှက်​ကြံ​စည်​ပြီး ဘုရင်​ကို လုပ်​ကြံ​လိုက်​ပြီဆို​တဲ့ သတင်း​ကို တပ်​ချ​ထား​တဲ့​စစ်​သည်​တွေ ကြား​တယ်။ ဒါ​ကြောင့် အဲဒီ​နေ့​မှာ​ပဲ တပ်​စ​ခန်း​မှာ​ရှိ​တဲ့ အစ္စရေး​တွေ​က ဗိုလ်​ချုပ်​သြမရိ​ကို+ အစ္စရေး​ဘုရင်​အဖြစ် မင်း​မြှောက်​လိုက်​တယ်။ ၁၇  ပြီး​တော့ သြမရိ​နဲ့ အစ္စရေး​စစ်​သည်​တွေ​က ဂိ​ဗ​သုန်​မြို့​က​နေ ချီ​တက်​သွား​ပြီး တိ​ရ​ဇာ​မြို့​ကို ဝိုင်း​ထား​လိုက်​တယ်။ ၁၈  မြို့​တော် သိမ်း​ပိုက်​ခံ​ရ​ပြီဆို​တာ​ကို ဇိ​မရိ​သိ​တာ​နဲ့ နန်း​တော်​ရဲ့ ခံ​တပ်​မျှော်​စင်​ထဲ ဝင်​ပြီး နန်း​တော်​ကို မီး​ရှို့​လိုက်​တယ်၊ ကိုယ်​တိုင်​လည်း မီး​အလောင်​ခံ​ပြီး သေသွား​တယ်။+ ၁၉  ဒီ​လို​ဖြစ်​ရ​တာ​ဟာ ယေဟောဝါ​ရှေ့​မှာ မကောင်း​တာ​တွေ လုပ်​ခဲ့​တဲ့ သူ​ကိုယ်​တိုင်​ရဲ့ အပြစ်​ကြောင့်​ပဲ။ သူ​ဟာ အစ္စရေး​တွေ​ကို အပြစ်​ကျူး​လွန်​စေ​ခဲ့​တဲ့ ယေ​ရော​ဗောင်​ရဲ့ လမ်း​စဉ်​ကို လိုက်​ခဲ့​တယ်။+ ၂၀  ဇိ​မရိ​ရဲ့ ကျန်​တဲ့​သမိုင်း​ကြောင်း​တွေ၊ ဘုရင်​ကို​လုပ်​ကြံ​ဖို့ လျှို့ဝှက်​ကြံ​စည်​တာ​တွေ​ကို အစ္စရေး​ဘုရင်​တွေ​ရဲ့ ရာ​ဇ​ဝင်​မှတ်​တမ်း​မှာ ရေး​ထား​တယ်။ ၂၁  အဲဒီ​နောက် အစ္စရေး​တွေ​ထဲ​မှာ ဂိ​နတ်​ရဲ့​သား  တိ​ဗ​နိ​ကို​ထောက်​ခံ​ပြီး မင်းမြှောက်​ချင်​တဲ့ အုပ်​စု​နဲ့ သြမရိ​ကို ထောက်​ခံ​တဲ့ အုပ်​စု​ဆို​ပြီး နှစ်​စု​ကွဲ​သွားတယ်။ ၂၂  ဒါ​ပေမဲ့ သြမရိ​ကို ထောက်​ခံ​တဲ့ အုပ်​စု​က ဂိ​နတ်​ရဲ့​သား တိ​ဗ​နိ​ကို​ထောက်​ခံ​တဲ့ အုပ်​စု​ကို အနိုင်​ရ​သွား​တယ်။ တိ​ဗ​နိ သေဆုံး​သွား​ပြီး ဩမရိ နန်း​တက်​လာ​တယ်။ ၂၃  ယုဒ​ဘုရင်​အာ​သ နန်း​စံ ၃၁ နှစ်​မြောက်​မှာ သြမရိ​က အစ္စရေး​ပြည်​မှာ နန်း​တက်​လာ​ပြီး ၁၂ နှစ် စိုး​စံ​တယ်။ တိ​ရ​ဇာ​မြို့​မှာ ၆ နှစ် နန်း​ထိုင်​ပြီး​နောက် ၂၄  ရှမာရိ​တောင်​ကို ရှ​မေရ​ဆီ​က​နေ ငွေ ၂ တဲ​လင့်* နဲ့​ဝယ်​ပြီး တောင်​ပေါ်​မှာ မြို့​တည်​တယ်။ သူ​တည်​တဲ့​မြို့​ကို ပိုင်​ရှင်​ရှ​မေရ​ရဲ့ နာ​မည်​ကို အစွဲ​ပြု​ပြီး ရှမာရိ*+ လို့​မှည့်​ခေါ်​တယ်။ ၂၅  သြမရိ​က ယေဟောဝါ​ရှေ့​မှာ မကောင်း​တာ​တွေ ဆက်​လုပ်​တယ်၊ အရင်​က​ဘုရင်​တွေ​ထက် ပို​ဆိုး​တယ်။+ ၂၆  သူ​က နေ​ဗတ်​သား ယေ​ရော​ဗောင်​ရဲ့ လမ်း​စဉ်​အတိုင်း လိုက်​ခဲ့​တယ်။ အစ္စရေး​တွေ​ကို အသုံး​မဝင်​တဲ့ ရုပ်​တု​တွေ ကိုးကွယ်​အောင်၊+ အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို အမျက်​ထွက်​အောင်​လုပ်​ခဲ့​တဲ့ ယေ​ရော​ဗောင်​ရဲ့ လမ်း​စဉ်​အတိုင်း လိုက်​ခဲ့​တယ်။ ၂၇  သြမရိ​ရဲ့ ကျန်​တဲ့​သမိုင်း​ကြောင်း​တွေ၊ လုပ်​ဆောင်​ခဲ့​တာ​တွေ၊ စွမ်း​ဆောင်​ချက်​တွေ​ကို အစ္စရေး​ဘုရင်​တွေ​ရဲ့ ရာ​ဇ​ဝင်​မှတ်​တမ်း​မှာ ရေး​ထား​တယ်။ ၂၈  နောက်​ပိုင်း​မှာ ဩမရိ ကွယ်​လွန်​သွား​တဲ့​အတွက် ရှမာရိ​မြို့​မှာ သင်္ဂြိုဟ်​လိုက်​ကြ​တယ်။ သား​တော်​အာဟပ်​က+ ထီး​နန်း​ဆက်​ခံ​တယ်။ ၂၉  ယုဒ​ဘုရင်​အာ​သ နန်း​စံ ၃၈ နှစ်​မြောက်​မှာ သြမရိ​ရဲ့​သား အာဟပ်​က  အစ္စရေး​ပြည်​မှာ  နန်း​တက်​လာ​တယ်။  သြမရိ​ရဲ့​သား  အာဟပ်​က ရှမာရိ​မြို့​မှာ+ နန်း​ထိုင်​ပြီး အစ္စရေး​ပြည်​ကို ၂၂ နှစ် စိုး​စံ​တယ်။ ၃၀  သြမ​ရိ​ရဲ့သား အာဟပ်​က ယေဟောဝါ​ရှေ့​မှာ  မကောင်း​တာ​တွေ  ဆက်​လုပ်​တယ်၊ အရင်​က​ဘုရင်​တွေ​ထက် ပို​ဆိုး​တယ်။+ ၃၁  နေ​ဗတ်​သား ယေ​ရော​ဗောင်​ရဲ့ အပြစ်​လမ်း​စဉ်​အတိုင်း+ လိုက်​တာ​ကို  မကျေ​နပ်​သေး​ဘဲ  ဆိုင်​ဒုန်​ဘုရင်+ ဧ​သဗာလ​ရဲ့​သမီး ယေဇဗေလ​ကို​လည်း+ မိ​ဖု​ရား​မြှောက်​ပြီး ဗာလ​ဘုရား​ကို+ ဦး​ချ​ဝတ်​ပြု​တယ်။ ၃၂  ဒါ့​အပြင် ရှမာရိ​မြို့​မှာ သူ​တည်​ဆောက်​ထား​တဲ့  ဗာလ​ဘုရား​ကျောင်း​မှာ+ ဗာလ​ဘုရား​အတွက် ယဇ်​ပလ္လင်​တစ်​ခု  တည်​တယ်။ ၃၃  အာဟပ်​က ကိုးကွယ်​ရာ​သစ်​တိုင်*+ ကို​လည်း လုပ်​တယ်။ အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို အရင်​က အစ္စရေး​ဘုရင်​တွေ​ထက် ပို​ပြီး​အမျက်​ထွက်​စေ​ခဲ့​တယ်။ ၃၄  အာဟပ်​လက်​ထက်​မှာ ဗေသ​လ​မြို့​သား ဟိ​ဧ​လ​က ယေ​ရိ​ခေါ​မြို့​ကို ပြန်​ဆောက်​တယ်။ မြို့​ကို​အုတ်​မြစ်​ချ​တဲ့​အခါ သူ့​ရဲ့​သား​ဦး​အဘိ​ရံ သေသွား​တယ်။ မြို့​တံခါး​တွေ​ကို တပ်​ဆင်​တဲ့​အခါ သား​ထွေး​စေ​ဂုပ် သေသွား​တယ်။ နုန်​ရဲ့​သား ယောရှု​က​တစ်ဆင့် ယေဟောဝါ ပြော​ခဲ့​တဲ့​အတိုင်း ဖြစ်​လာ​တယ်။+

အောက်ခြေမှတ်ချက်များ

တစ်​တဲ​လင့်​က ၃၄.၂ ကီ​လို​နဲ့​ညီ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
အဓိပ္ပာယ်၊ “ရှ​မေရ​အမျိုး ပိုင်​တဲ့​မြို့။”
ခက်​ဆစ်​ကို​ကြည့်။