မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဟောရှေ ၅:၁-၁၅

မာတိကာ

  • ဧ​ဖရိမ်​နဲ့ ယုဒ​ကို တ​ရား​စီ​ရင် (၁-၁၅)

 “ပု​ရော​ဟိတ်​တို့၊ နား​ထောင်​ကြ။+ အစ္စရေး​အမျိုး၊ အာ​ရုံ​စိုက်​ကြ။ နန်း​တွင်း​သူ နန်း​တွင်း​သား​တို့၊ နားထောင်​ကြ။ မင်း​တို့​လည်း တ​ရား​စီ​ရင်​ခံ​ရ​မယ်။ မင်း​တို့​ဟာ မိ​ဇ​ပါ​မြို့​က ထောင်​ချောက်​ပဲ။ တာ​ဗော်​တောင်​ပေါ်​မှာ+ ဖြန့်​ထား​တဲ့ ပိုက်​ကွန်​ပဲ။  ၂  ငါ့​ဆီ​က​နေ လမ်း​လွဲ​သွား​သူ​တွေ​ဟာ အကြီး​အကျယ် သတ်​ဖြတ်​နေ​ကြ​တယ်။ သူတို့​အားလုံး​ကို ငါ​သတိ​ပေး​နေ​တယ်။*  ၃  ဧ​ဖရိမ်​ကို ငါ​သိ​တယ်။ အစ္စရေး​ဟာ ငါ့​ကို​ပုန်း​ရှောင်​လို့ မရ​ဘူး။ ဧ​ဖရိမ်၊ မင်း​ဟာ အခု လူ​တ​ကာ​နဲ့ ဖောက်​ပြန်​နေ​ပြီ။ အစ္စရေး​က ကိုယ့်​ကိုယ်​ကိုယ် ညစ်​ညူး​အောင်​လုပ်​နေ​ပြီ။+  ၄  သူတို့​ဆီ​မှာ ပြည့်​တန်​ဆာ​လုပ်​ချင်​စိတ် ရှိ​နေ​တဲ့​အတွက်+ သူတို့​လုပ်​ရပ်တွေ​က ဘု​ရား​သခင်​ဆီ ပြန်​မလာ​နိုင်​အောင် တား​ဆီး​နေ​တယ်။ ယေဟောဝါ​ဟာ သူတို့​ရဲ့ ဘု​ရား​သခင်​ဖြစ်​မှန်း အသိ​အမှတ်​မပြု​ကြ​ဘူး။  ၅  အစ္စရေးရဲ့​မာ​န​က မိမိ​အကြောင်း သက်​သေထွက်​ဆို​နေ​တယ်။+ အစ္စရေးရော ဧ​ဖရိမ်​ပါ အပြစ်​နွံ​ထဲ လဲ​နေ​တယ်။ ယုဒ​လည်း အတူ​လဲ​ကျ​တယ်။+  ၆  သူတို့​က သိုး​အုပ်​တွေ၊ တိ​ရစ္ဆာန်​အုပ်​တွေ​နဲ့​အတူ ယေဟောဝါ​ကို လာ​ရှာ​တယ်။ ဒါ​ပေမဲ့ မတွေ့​ဘူး။ သူတို့​ဆီ​က​နေ ထွက်​ခွာ​သွား​ပြီ။+  ၇  ယေဟောဝါ​ကို သူတို့ သစ္စာ​ဖောက်​တယ်။+ တိုင်း​တစ်ပါး​က​လေး​တွေ​ကို မွေးကြ​တယ်။ အခု၊ သူတို့​ရော သူတို့​ရဲ့​လယ်​မြေပါ တစ်​လ​အတွင်း ဝါး​မျို​ခံ​ရ​လိမ့်​မယ်။  ၈  ဂိ​ဗာ​မြို့​မှာ တံ​ပိုး​မှုတ်​ကြ။+ ရာမ​မြို့​မှာ ခ​ရာ​မှုတ်​ကြ။+ ဗေ​သဝင်​မြို့​မှာ စစ်​ငြာ​သံ​ပေး​ကြ။+ အို ဗင်​ယာ​မိန်၊ မင်း​နောက်​ကို ငါ​တို့​လိုက်​မယ်။  ၉  အို ဧ​ဖရိမ်၊ ပြစ်​ဒဏ်​ခံ​ရ​တဲ့​နေ့​မှာ မင်း​ဟာ လူ​တွေ​ထိတ်​လန့်​စ​ရာ ဖြစ်​သွား​မယ်။+ အစ္စရေး​အနွယ်​တွေ ကျိန်း​သေကြုံ​ရ​မယ့်​အရာ​ကို ငါ​အသိ​ပေး​ပြီး​သား​ပဲ။ ၁၀  ယုဒ​မင်း​ညီ​မင်း​သား​တွေ​ဟာ နယ်​နိ​မိတ်​မှတ်​တိုင် ရွှေ့​တဲ့​သူ​တွေ​နဲ့ တူ​တယ်။+ သူတို့​အပေါ် ငါ့​အမျက်​ဒေါသ​ကို ရေ​လို​သွန်​ချ​မယ်။ ၁၁  ဧ​ဖရိမ်​ဟာ ဖိ​နှိပ်​ခံ​လိုက်​ရ​ပြီ။ နင်း​ခြေ​ခံ​ရ​လိုက်​ပြီ။ ဒါ​ဟာ သူ​ခံ​ထိုက်​တဲ့​အရာ​ပဲ။ ရန်​သူ​နောက်​ကို​လိုက်​ဖို့ သူ​စိတ်​ပိုင်း​ဖြတ်​ထား​တာ​ကိုး။+ ၁၂  ပိုး​စား​သလို ဧ​ဖရိမ်​ကို ငါ​စား​ပစ်​မယ်။ ယုဒ​အမျိုး​ကို ပုပ်​ဆွေး​စေ​မယ်။ ၁၃  ဧ​ဖရိမ်​က ကိုယ့်​ရော​ဂါ​ကို မြင်​တဲ့​အခါ၊ ယုဒ​က ကိုယ့်​အနာ​ကို မြင်​တဲ့​အခါ ဧ​ဖရိမ်​က အဆီး​ရီး​ယား​ဆီ သွား​တယ်။+ ဘု​ရင်​တစ်ပါး​ဆီ စေ​တ​မန်​တွေ လွှတ်​တယ်။ ဒါ​ပေမဲ့ အဲဒီ​ဘု​ရင်​က မင်း​ကို မကု​သပေး​နိုင်​ဘူး။ မင်း​ရဲ့​အနာ ပျောက်​အောင် မလုပ်​ပေး​နိုင်​ဘူး။ ၁၄  ငါ​ဟာ ဧ​ဖရိမ်​အတွက် ခြင်္သေ့​ပျို​လို၊ယုဒ​အမျိုး​အတွက် သန်​မာ​တဲ့​ခြင်္သေ့​လို ဖြစ်​မယ်။ သူတို့​ကို အပိုင်း​ပိုင်း​ဆွဲ​ဖဲ့​ပြီး ထွက်​သွား​မယ်။+ သူတို့​ကို ကိုက်​ချီ​သွား​မယ်။ ကယ်​တင်​မယ့်​သူ တစ်​ယောက်​မှ​ရှိ​မှာ မဟုတ်​ဘူး။+ ၁၅  ငါ​ထွက်​သွား​ပြီး ငါ့​နေ​ရာ​ဆီ ပြန်​သွား​မယ်။ အပြစ်​ရဲ့ အကျိုး​ဆက်​ကို သူတို့​ပြန်​ခံ​ရ​ပြီး​ချိန်​အထိ အဲဒီ​မှာ​ပဲ နေ​မယ်။ သူတို့​က ငါ့​မျက်​နှာ​သာ​ရ​ဖို့ ကြိုးစား​ကြ​လိမ့်​မယ်။+ ဒုက္ခရောက်​တဲ့​အခါ ငါ့​ကို​ရှာ​ကြ​လိမ့်​မယ်။”+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ငါ ဆုံးမ​မယ်။”