မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဟောရှေ ၃:၁-၅

မာတိကာ

  • ဖောက်​ပြန်​တဲ့​ဇနီး​ကို ဟောရှေ ပြန်​ရွေး (၁-၃)

  • ယေဟောဝါ​ဆီ အစ္စရေးတွေ ပြန်​လာ (၄၊ ၅)

 အဲဒီ​နောက်  ယေဟောဝါ​က “တခြား​ယောက်ျား​နဲ့ ချစ်​ကြိုက်​ပြီး ဖောက်​ပြန်​နေ​တဲ့​ မိန်း​မကို​  မင်း ပြန်​ချစ်​လိုက်​ပါ။+ တ​ခြား​ဘု​ရားတွေ​ဆီ လှည့်သွား​ပြီး+ စ​ပျစ်​သီး​ပျဉ်​တွေ ပူဇော်​ရတာ​ကို နှစ်​သက်​တဲ့ အစ္စရေးတွေ​ကို ငါယေဟောဝါ ချစ်​သလို+ သူ့​ကို​ချစ်​ပါ” လို့ ကျွန်​တော့်​ကို ပြော​တယ်။ ၂  ဒါ​နဲ့ ကျွန်​တော်​လည်း သူ့​ကို ငွေ ၁၅ စ၊​ မု​ယော​တစ်​ဟော​မဲ​ခွဲ​နဲ့* ပြန်​ဝယ်​တယ်။ ၃  ပြီး​တော့ “မင်း​ဟာ ငါ့​ဇနီး​အဖြစ် ရက်​ပေါင်း​များ​စွာ နေ​ရ​မယ်။ ပြည့်​တန်​ဆာ မလုပ်​ရ​ဘူး။ တ​ခြား​ယောက်ျား​နဲ့ မဖောက်​ပြန်​ရ​ဘူး။ ငါ​လည်း မင်း​နဲ့​အတူ မအိပ်​ဘူး” ဆို​ပြီး သူ့​ကို ပြော​တယ်။ ၄  အလား​တူ၊ အစ္စရေးတွေ​လည်း ဘုရင်​ မရှိ၊+ မင်း​ညီ​မင်း​သား မရှိ၊ ပူဇော်​သက္ကာ မရှိ၊ ကိုးကွယ်​ရာ​ကျောက်​တိုင် မရှိ၊ သင်​တိုင်း*+ မရှိ၊ တေ​ရပ်​ရုပ်​တု*+ မရှိ​ဘဲ ရက်​ပေါင်း​များ​စွာ နေ​ထိုင်​ရ​မယ်။ ၅  အဲဒီ​နောက် အစ္စရေးတွေ ပြန်​လာ​ပြီး သူတို့​ရဲ့​ဘု​ရား  ယေဟောဝါ​နဲ့  ဘု​ရင်​ဒါဝိဒ်​ကို  ရှာ​ကြ​လိမ့်​မယ်။+ အဆုံး​ပိုင်း​ကာလ​တွေ​မှာ ကောင်းမြတ်​ခြင်း​ကျေး​ဇူး​ကို ခံစား​ရ​ဖို့ ယေဟောဝါ​ကို ကြောက်​ရွံ့​ရိုသေ​တဲ့​စိတ်​နဲ့ ပြန်​လာ​ကြ​လိမ့်​မယ်။+

အောက်ခြေမှတ်ချက်များ

တစ်​ဟော​မဲ​က ၂၂၀ လီ​တာ​ဆံ့​တဲ့ ပုံး​တစ်​ပုံး​စာ​ရှိ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။