မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဟောရှေ ၁၁:၁-၁၂

မာတိကာ

  • အစ္စရေး​ကို ငယ်​ငယ်​က​တည်း​က ဘု​ရား​ချစ် (၁-၁၂)

    • “ငါ့​သား​ကို အီဂျစ်​ပြည်​က​နေ ငါ​ခေါ်​ခဲ့​တယ်” ()

၁၁  “အစ္စရေး​ကို သူ​ငယ်​ငယ်​က​တည်း​က ငါ​ချစ်​ခဲ့​တယ်။+ ငါ့​သား​ကို အီဂျစ်​ပြည်​က​နေ ငါ​ခေါ်​ခဲ့​တယ်။+  ၂  သူတို့* ခေါ်​လေ​လေ အစ္စရေး​က ပြေး​လေ​လေ​ပဲ။+ ဗာလ​ရုပ်​တု​တွေ​ဆီ ပူ​ဇော်​မြဲပူဇော်​တယ်။+ ရုပ်​တု​တွေ​ဆီ ပူ​ဇော်​သက္ကာတွေ ဆက်​သတယ်။+  ၃  ဒါ​ပေမဲ့ ဧ​ဖရိမ်​ကို လမ်း​လျှောက်​တတ်​အောင် ငါ​သင်​ပေးခဲ့​တယ်။+ ရင်​ခွင်​ထဲ ချီ​ပိုက်​ခဲ့​တယ်။+ သူတို့​က​တော့ ငါ​ကု​သပေး​ခဲ့​မှန်း အသိ​အမှတ် မပြု​ကြ​ဘူး။  ၄  လူ​တွေ​သုံး​တဲ့​ကြိုး၊* မေတ္တာ​ကြိုး​နဲ့ သူတို့​ကို ငါ အမြဲဆွဲ​ငင်ခဲ့​တယ်။+ သူတို့​ပခုံး* ပေါ်​က ထမ်း​ပိုး​ကို ဖယ်ပေး​ပြီးတစ်​ယောက်​စီ​ကို ညင်​ညင်​သာသာ အစာ​ကျွေး​ခဲ့​တယ်။  ၅  သူတို့​က ငါ့​ဆီ ပြန်​မလာ​တဲ့​အတွက်+ အီဂျစ်​ပြည်​ကို ပြန်​သွား​ရ​မှာ မဟုတ်​ဘူး။ အဆီး​ရီး​ယား​က သူတို့​ကို အုပ်​စိုး​ရလိမ့်​မယ်။+  ၆  သူ့​ရဲ့​မြို့​တွေ​ပေါ် ဓား​ဘေး ကျရောက်​လိမ့်​မယ်။+ သူတို့​ရဲ့ အကြံ​အစည်​တွေ​ကြောင့် မြို့​ကန့်​လန့်​ကျင်​တွေ​ကို ဖျက်​ဆီး​ပြီး သူတို့​ကို ဝါး​မျို​ပစ်​မယ်။+  ၇  ငါ့​လူ​တွေ​က ငါ့​ကို တ​အား​သစ္စာ​ဖောက်​ချင်​ကြ​တယ်။+ အထက်​အရပ်​ဆီ* သွား​ဖို့ ပရော​ဖက်​တွေ​ခေါ်​ပေမဲ့ တစ်​ယောက်​မှ မထ​ကြ​ဘူး။  ၈  အို ဧ​ဖရိမ်၊ မင်း​ကို ငါ​စွန့်​လွှတ်​ရက်​ပါ့​မလား။+ အို အစ္စရေး၊ မင်း​ကို ရန်​သူ့​လက်​ထဲ အပ်​ရက်​ပါ့​မလား။ မင်း​ကို အာ​ဒ​မာ​မြို့​လို ဖြစ်​သွား​အောင် လုပ်​ရက်​ပါ့​မလား။ ဇေ​ဘိုင်​မြို့​ကို လုပ်​ခဲ့​သလို လုပ်ရက်​ပါ့​မလား။+ ငါ့​စိတ် ပြောင်း​သွား​ပြီ။ သနား​စာ​နာ​စိတ်​တွေ တ​ဖွား​ဖွား​ပေါ်​နေ​ပြီ။+  ၉  ဒေါသ​ကို ငါ မဖွင့်​ချ​တော့​ဘူး။ ဧ​ဖရိမ်​ကို နောက်​ထပ် မဖျက်​ဆီး​တော့​ဘူး။+ ငါ​ဟာ လူ​မှ​မဟုတ်​တာ၊ ဘု​ရား​သခင်​ပဲ။ မင်း​နဲ့​အတူ​ရှိ​နေ​တဲ့ သန့်​ရှင်း​တဲ့​အရှင်​ပဲ။ မင်း​ဆီ​ကို အမျက်​ဒေါသ​နဲ့ ငါ​လာ​မှာ​မဟုတ်​ဘူး။ ၁၀  ယေဟောဝါ​နောက်​ကို သူတို့ လိုက်​ကြ​လိမ့်​မယ်။ ဘု​ရား​သခင်​က ခြင်္သေ့​လို ဟိန်း​ဟောက်​လိမ့်​မယ်။+ အဲဒီ​လို​ဟိန်း​ဟောက်​တဲ့​အခါ ဘုရား​ရဲ့​သား​သမီး​တွေ​က ကြောက်​ရွံ့​တုန်​လှုပ်​ပြီး အနောက်​အရပ်​က​နေ ရောက်​လာ​မယ်။+ ၁၁  သူတို့​ဟာ ငှက်​လို ကြောက်​ရွံ့​တုန်လှုပ်​ပြီး အီဂျစ်​ပြည်​က​နေ ထွက်​လာ​မယ်။ ချိုး​ငှက်​လို အဆီး​ရီး​ယား​ပြည်​က​နေ ထွက်​လာ​မယ်။+ ငါ​က သူတို့​ကို အိမ်​တွေ​မှာ အခြေ​ချ​နေ​ထိုင်​စေ​မယ်” လို့ ယေဟောဝါ​ပြော​တယ်။+ ၁၂  “ဧ​ဖရိမ်​က ငါ့​ကို မု​သာ​တွေ​ပဲ ပြော​တယ်။ အစ္စရေး​အမျိုး​က ငါ့​ကို လှည့်​စား​ပြော​ဆို​တယ်။+ ယုဒ​က​တော့ ဘု​ရား​သခင်​နဲ့​အတူ လျှောက်​လှမ်း​နေ​တုန်း​ပဲ။ အသန့်​ရှင်း​ဆုံး​အရှင်​ကို သူ​သစ္စာ​ရှိ​တယ်။”+

အောက်ခြေမှတ်ချက်များ

အစ္စရေး​ကို​သွန်သင်​ဖို့ စေ​လွှတ်​ခံ​ရ​တဲ့ ပရော​ဖက်​နဲ့ တ​ခြား​သူ​တွေ။
ဒါ​မှ​မဟုတ်၊ “အကြင်နာ​ကြိုး။” က​လေး လမ်း​လျှောက်​သင်​တဲ့​အခါ မိ​ဘ​တွေ​သုံး​တဲ့​ကြိုး။
မူ​ရင်း၊ “မေး​ရိုး။”
မြင့်မြတ်​တဲ့​ဝတ်​ပြု​ရေး။