မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝတ်ပြုရာ ၂၁:၁-၂၄

မာတိကာ

  • ပုရောဟိတ်များ သန့်ရှင်း​ရ၊ မ​ညစ်ညူး​ရ (၁-၉)

  • ပုရောဟိတ်မင်း ကိုယ်​ကို​မ​ညစ်ညူး​စေ​ရ (၁၀-၁၅)

  • ပုရောဟိတ်​တွေ ကိုယ်အင်္ဂါ မချို့ယွင်း​ရ (၁၆-၂၄)

၂၁  ယေဟောဝါ​က  မောရှေ​ကို ဆက်​ပြောတယ်– “အာရုန်ရဲ့သား  ပုရောဟိတ်တွေကို  ပြောပါ။ ‘ဘယ်​ပုရောဟိတ်​မှ ကို​ယ့်​လူမျိုး​ထဲက သေလွန်သူ​အတွက် ကိုယ်​ကို မ​ညစ်ညူး​စေ​ရဘူး။+ ၂  ဒါပေမဲ့  သွေးသား​နီးစပ်​သူ ကို​ယ့်​မိဘ၊ သားသမီး၊ ညီအစ်ကို​အတွက်​တော့ ကိုယ်​ကို ညစ်ညူး​စေနိုင်တယ်။ ၃  တစ်အိမ်​တည်း အတူ​နေထိုင်တဲ့၊ အိမ်ထောင်​မကျ​သေး​တဲ့ အပျိုစင်​နှမ​အတွက်​လည်း ကိုယ်​ကို​ညစ်ညူး​စေနိုင်တယ်။ ၄  ကို​ယ့်​လူမျိုး​ထဲက အိမ်ထောင်သည်​မိန်းမ​အတွက် ကိုယ်​ကို​မ​ညစ်ညူး​စေ​ရဘူး။ အဲဒီလိုလုပ်ရင် သူ မ​သန့်​မ​ရှင်း​ဖြစ်သွားလိမ့်မယ်။ ၅  ခေါင်းတုံး တုံး​တာ၊+ မုတ်ဆိတ်​မွေး​ရိတ်​တာ၊ ကို​ယ့်​အ​သားကို​ဓား​နဲ့ မွှန်း​တာ+ မလုပ်ရဘူး။ ၆  ပုရောဟိတ်​တွေ​ဟာ မိမိတို့​ရဲ့ ဘုရားသခင်အတွက် သန့်ရှင်းသူ​တွေ ဖြစ်​ရမယ်။+ ဘုရားသခင်ရဲ့​နာမည်ကို ကဲ့ရဲ့ရှုတ်ချ​စ​ရာ မဖြစ်စေ​ရဘူး။+ ယေဟောဝါ​အတွက် မီးရှို့​ရာ​အလှူ​တွေ၊ ဘုရားသခင်ရဲ့ အစားအစာ​တွေကို ဆက်သ​ရသူ​ဖြစ်လို့ သူတို့​သန့်ရှင်း​ရမယ်။+ ၇  ပြည့်တန်ဆာမ၊+ အပျိုစင်​မဟုတ်​တော့​တဲ့ မိန်းမ၊ ကွာရှင်း​ထားတဲ့ မိန်းမ​ကို+ လက်မ​ထပ်​ရဘူး။ ပုရောဟိတ်​ဟာ ဘုရားသခင်အတွက် သန့်ရှင်း​တဲ့​သူ​ပဲ။ ၈  ဘုရားသခင်ရဲ့ အစားအစာ ဆက်သ​သူ​ဖြစ်လို့ ပုရောဟိတ်​ကို သန့်ရှင်းသူ​လို့ ယူမှတ်​ရမယ်။+ မင်း​တို့ကို သန့်ရှင်း​တဲ့​လူမျိုး​အဖြစ် သီးခြားခွဲ​ထားတဲ့​အရှင် ငါ​ယေဟောဝါဟာ သန့်ရှင်းမြင့်မြတ်​တဲ့​အတွက် သူ့ကို သန့်ရှင်းသူ​လို့ ယူမှတ်​ရမယ်။+ ၉  “‘ပုရောဟိတ်​ရဲ့​သမီး​က  ပြည့်တန်ဆာ​လုပ်ပြီး  ကို​ယ့်​အသရေပျက်​အောင်​လုပ်ရင် ဖခင်​ကို အရှက်ခွဲ​ရာ​ရောက်​တယ်။ သူ့ကို သေဒဏ်ပေး​ပြီး မီးရှို့​ရမယ်။+ ၁၀  “‘ညီအစ်ကို​တွေ​ထဲမှာ ခေါင်း​ပေါ်  ဘိသိက်ဆီ  လောင်း​ခံရသူ၊+ ပုရောဟိတ်​အဝတ်​တွေ ဝတ်​ဖို့ ခန့်အပ်​ခံရသူ+  ပုရောဟိတ်မင်းဟာ ဆံပင်​တွေ မ​ဖြီး​ဘဲ  မနေ​ရဘူး။  အဝတ်​တွေကိုလည်း မ​ဆုတ်ဖြဲ​ရဘူး။+ ၁၁  လူသေ​အလောင်း​နား​ကို မသွား​ရဘူး။+ ကို​ယ့်​မိဘ​အတွက်​တောင် ကိုယ်​ကို​မ​ညစ်ညူး​စေ​ရဘူး။ ၁၂  ဆက်ကပ်​အပ်နှံခြင်း အမှတ်အသား​ဖြစ်တဲ့ ဘုရားသခင်ရဲ့ ဘိသိက်ဆီ​ကို+ သူ့​အပေါ် လောင်း​ထားတဲ့အတွက် သန့်ရှင်း​ရာ ဌာနတော်​က​နေ မ​ထွက်သွား​ရဘူး။ ဘုရားသခင်ရဲ့ သန့်ရှင်း​ရာ ဌာန​တော်ကို မ​ညစ်ညူး​စေ​ရဘူး။+ ငါ​ဟာ ယေဟောဝါ​ပဲ။ ၁၃  “‘ပုရောဟိတ်​က အပျိုစင်​ကိုပဲ လက်ထပ်​ရမယ်။+ ၁၄  မုဆိုးမ၊ တစ်ခု​လပ်၊ အပျိုစင်​မဟုတ်​သူ၊ ပြည့်တန်ဆာ​ကို လက်မ​ထပ်​ရဘူး။ ကို​ယ့်​လူမျိုး​ထဲက အပျိုစင်​ကိုပဲ လက်ထပ်​ရမယ်။ ၁၅  ကို​ယ့်​မျိုးရိုး ညစ်ညူး​အောင် မလုပ်ရဘူး။+ ငါ​ယေဟောဝါဟာ သူ့ကို သန့်ရှင်းသူ​အဖြစ် သီးခြားခွဲ​ထားတဲ့​အရှင် ဖြစ်တယ်။’” ၁၆  ယေဟောဝါ​က  မောရှေ​ကို ဆက်​ပြောတယ်– ၁၇  “အာရုန်​ကို ပြော​လိုက်ပါ၊  ‘မင်း​ရဲ့​သားစဉ်မြေးဆက်​မှာ  ကိုယ်အင်္ဂါ​ချို့ယွင်း​တဲ့ ဘယ်​ယောက်ျား​မှ  ဘုရားသခင်ရဲ့  အစားအစာကို  ဆက်သ​ဖို့  မလာ​ရဘူး။ ၁၈  ကိုယ်အင်္ဂါ ချို့ယွင်း​နေရင် သန့်ရှင်း​ရာ ဌာန​တော်ကို မလာ​ရဘူး။ မျက်မမြင်​သူ၊ ခြေထောက်​မသန်​သူ၊ နှုတ်ခမ်း​ပဲ့​နေ​သူ၊ ခြေလက်အင်္ဂါ မညီ​သူ၊ ၁၉  ခြေကျိုး​နေ​သူ၊  လက်​ကျိုး​နေ​သူ၊ ၂၀  ကျောခုံး​သူ၊ ပု​ညှ​က်​သူ၊ မျက်စိ​ချို့ယွင်း​သူ၊ နှင်း​ခူ​ပေါက်​နေ​သူ၊ ပွေး​ပေါက်​နေ​သူ၊  ဝှေး​စေ့​ပျက်စီး​နေ​သူ+ မလာ​ရဘူး။ ၂၁  ပုရောဟိတ်​အာရုန်​ရဲ့  သားမြေး​တွေ​ထဲမှာ ချို့ယွင်းချက်​ရှိသူ​က ယေဟောဝါ​အတွက် မီးရှို့​ရာ​အလှူ​တွေ  ဆက်သ​ဖို့ မလာ​ရဘူး။ သူ့မှာ ချို့ယွင်းချက် ရှိနေ​လို့ ဘုရားသခင်ရဲ့ အစားအစာ ဆက်သ​ဖို့ မလာ​ရဘူး။ ၂၂  အသန့်ရှင်းဆုံး​အရာတွေနဲ့+  သန့်ရှင်း​ရာတွေ​ထဲက+ ဘုရားသခင်ရဲ့  အစားအစာကို​တော့ စား​နိုင်တယ်။ ၂၃  ဒါပေမဲ့ သူ့မှာ ချို့ယွင်းချက် ရှိနေ​လို့ ကန့်လန့်ကာ အနား​ကိုရော၊+ ပူဇော်ရာပလ္လင်+ အနား​ကိုရော မလာ​ရဘူး။ ငါ​ယေဟောဝါဟာ ပုရောဟိတ်တွေကို သန့်ရှင်းသူ​တွေ​အဖြစ် သီးခြားခွဲ​ထားတဲ့ အရှင်​ဖြစ်လို့+ သန့်ရှင်းရာဌာန​တော်ကို+ ညစ်ညူး​အောင် မလုပ်ရဘူး။’” ၂၄  မောရှေ​က ဒီစကားတွေကို အာရုန်၊ သူ့​သားတွေ​နဲ့ အစ္စရေး​အားလုံးကို ပြန်ပြော​ပြ​တယ်။

အောက်ခြေမှတ်ချက်များ