မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝတ်ပြုရာ ၁၂:၁-၈

မာတိကာ

  • မီးဖွား​ပြီးနောက် သန့်စင်ခြင်း (၁-၈)

၁၂  ယေဟောဝါ​က  မောရှေ​ကို မိန့်မှာ​တယ်– ၂  “အစ္စရေးတွေကို ပြောပါ။ ‘မိန်းမ​တစ်ယောက် ကိုယ်ဝန်ဆောင်​ပြီး  သားလေး​မွေးတဲ့​အ​ခါ ရာသီ​လာ​ချိန်  မသန့်ရှင်း​တဲ့ နေ့​တွေ​မှာ​လိုပဲ  ခုနစ်​ရက်​လုံး မသန့်ရှင်း​ဘူး။+ ၃  ရှစ်​ရက်​မြောက်​နေ့​ကျ​ရင် ကလေးကို အရေဖျားဖြတ် ပေး​ရမယ်။+ ၄  မိခင်​ဟာ သွေးဆင်း​ပြီး သန့်ရှင်း​သွား​တဲ့​အထိ နောက်ထပ် ၃၃ ရက်​လုံး အိမ်​မှာပဲ နေ​ရမယ်။ သန့်စင်​သွား​တဲ့​နေ့ရက်​တွေ မစေ့​မချင်း သန့်ရှင်းမြင့်မြတ်​တဲ့​အရာကို မ​ကိုင်​ရဘူး။ သန့်ရှင်းရာဌာန​တော်ကို​လည်း မသွား​ရဘူး။ ၅  “‘သမီး​မွေး​လာတဲ့အခါ ၁၄ ရက်​လုံး မသန့်ရှင်း​ဘူး။ ရာသီ​လာ​ချိန်မှာ​လိုပဲ မသန့်ရှင်း​ဘူး။ သွေးဆင်း​ပြီး သန့်ရှင်း​သွား​တဲ့​အထိ နောက်ထပ် ၆၆ ရက်​လုံး အိမ်​မှာပဲ နေ​ရမယ်။ ၆  သား ဒါမှမဟုတ် သမီး​မွေး​ပြီးလို့ သန့်စင်​သွား​တဲ့ နေ့ရက်​တွေ စေ့​တဲ့​အ​ခါ မီးရှို့​ရာ​အလှူ​အတွက် တစ်နှစ်​သား​အရွယ် သိုးထီး​လေး​တစ်ကောင်၊+ အပြစ်ဖြေ​ရာ​အလှူ​အတွက် ခိုကလေး ဒါမှမဟုတ် ချိုး​တစ်ကောင်​ကို တွေ့ဆုံ​ရာ​တဲတော် ဝင်ပေါက်​ဆီ ယူ​လာပြီး ပုရောဟိတ်​ကို ပေး​ရမယ်။ ၇  ပုရောဟိတ်​က  အဲဒီ​အကောင်​ကို ယေဟောဝါ​ရှေ့  ဆက်သ​ပြီး   မိခင်​အတွက် အပြစ်ဖြေ​ပေး​ရမယ်။ မိခင်​လည်း သွေး​မဆင်း​တော့​လို့ သန့်ရှင်း​သွား​လိမ့်မယ်။ ဒါဟာ သား ဒါမှမဟုတ် သမီးကို မွေးဖွား​တဲ့ မိခင်​တိုင်း လိုက်နာ​ရမယ့် ပညတ်​ပဲ။ ၈  သိုး​ကို မတတ်နိုင်​ဘူးဆို​ရင် ချိုး​နှစ်ကောင် ဒါမှမဟုတ် ခိုကလေး​နှစ်ကောင် ယူလာ​ရမယ်။+ မီးရှို့​ရာ​အလှူ​အတွက် တစ်ကောင်၊ အပြစ်ဖြေ​ရာ​အလှူ​အတွက် တစ်ကောင်​ဖြစ်တယ်။ ပုရောဟိတ်​က မိခင်​အတွက် အပြစ်ဖြေ​ပေး​ရမယ်။ အဲဒီအခါ မိခင်​လည်း သန့်ရှင်း​သွား​လိမ့်မယ်။’”

အောက်ခြေမှတ်ချက်များ