မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လုကာ ၂၁:၁-၃၈

မာတိကာ

  • ဆင်း​ရဲ​တဲ့ မု​ဆိုး​မရဲ့ ငွေ​နှစ်​ပြား (၁-၄)

  • အနာဂတ်​အတွက်​ နိမိတ် (၅-၃၆)

    • စစ်​ပွဲ၊ ပြင်း​ထန်​တဲ့ မြေင​လျင်၊ ကပ်​ရော​ဂါ၊ အစာ​ခေါင်း​ပါး​ခြင်း (၁၀၊ ၁၁)

    • ဂျေရု​ဆ​လင်​ကို စစ်​တပ်​ဝိုင်း​ထား (၂၀)

    • လူမျိုး​ခြား​တွေ​အတွက် သတ်​မှတ်​ထား​ချိန် (၂၄)

    • လူ​သား ကြွ​လာ​ခြင်း (၂၇)

    • သဖန်း​ပင် ပုံဥပမာ (၂၉-၃၃)

    • နိုး​ကြား​နေ​ပါ (၃၄-၃၆)

  • ဗိမာန်​တော်​မှာ ယေရှု​သွန်သင်​ပေး (၃၇၊ ၃၈)

၂၁  ယေရှု​က  လူ​တွေ​ကို  ကြည့်​နေ​တုန်း​မှာ​ပဲ သူ​ဌေး​တွေ အလှူ​ငွေ​ပုံး​ထဲ  ငွေ​တွေ​ထည့်​နေ​တာ​ကို မြင်​တယ်။+ ၂  ဆင်းရဲ​တဲ့ မု​ဆိုး​မတစ်​ယောက် တန်​ဖိုး​သိပ်​မရှိ​တဲ့ ဒင်္ဂါး​ငယ်​နှစ်​ပြား* ထည့်​လိုက်​တာ​ကို​လည်း+ မြင်​တယ်။ ၃  အဲဒီ​အခါ ယေရှု​က “ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်။ ဆင်း​ရဲ​တဲ့ ဒီ​မု​ဆိုး​မရဲ့  အလှူ​ငွေ​ဟာ  တ​ခြား​လူ​အား​လုံးရဲ့  အလှူ​ငွေ​ထက်  ပို​များ​တယ်။+ ၄  ဘာ​လို့​လဲ​ဆို​တော့ တခြား​သူ​တွေ​က ပို​လျှံ​တဲ့​ငွေ​ကို ထည့်​ကြတာ။ ဒီ​မု​ဆိုး​မကတော့  ဆင်း​ရဲ​ပေမဲ့ သူ့​ဝမ်း​စာ​ကို အကုန်​ ထည့်​လိုက်​တာ”+ လို့​ပြော​တယ်။ ၅  နောက်​တော့ ဗိမာန်​တော်​ကို လှပ​တဲ့​ကျောက်​တုံး​တွေ၊ အလှူ​ပစ္စည်းတွေ​နဲ့ ဘယ်​လို စီ​ခြယ်​ထား​တဲ့​အကြောင်း လူတချို့  ပြော​ဆို​နေ​ကြ​တဲ့​အခါ၊+ ၆  ယေရှု​က “အခု ခင်​ဗျား​တို့ မြင်​နေ​ရ​သမျှ တစ်​နေ့ ဖြို​ချ​ခံ​ရ​လိမ့်​မယ်။ ကျောက်​တစ်​တုံး​ပေါ် တစ်​တုံး​ဆင့်​ပြီး ကျန်​နေ​မှာ မဟုတ်​ဘူး”+ လို့​ပြော​တယ်။ ၇  သူတို့​က “ဆ​ရာ၊ ဒါ​တွေ ဘယ်​တော့​ဖြစ်​မှာ​လဲ။ ဒါ​တွေ​ဖြစ်​တော့​မယ်​ဆို​ရင် ဘယ်​နိ​မိတ်​တွေ မြင်​ရ​မလဲ”+ ဆို​ပြီး မေး​ကြ​တော့၊ ၈  ယေရှု​က “ခင်​ဗျား​တို့ လမ်း​မလွဲ​အောင် သတိ​ထား​ကြ​ပါ။+ လူ​အများ​က ကျွန်​တော့်​နာ​မည်​ကို​သုံး​ပြီး ‘ကျုပ်​ဟာ ခရစ်​တော်​ပဲ၊’ ‘သတ်​မှတ်​ချိန် ရောက်​လာ​တော့​မယ်’ ဆို​ပြီး ပြော​ကြ​လိမ့်​မယ်။ သူတို့​နောက် ပါ​မသွား​နဲ့။+ ၉  အဲဒီ​အပြင် စစ်​မက်​သတင်း​တွေ၊ ဆူ​ပူ​အုံ​ကြွ​တဲ့​သတင်း​တွေ ကြား​ရ​တဲ့​အခါ မကြောက်​ပါ​နဲ့။ ဒါ​တွေ အရင်​ဖြစ်​ရ​လိမ့်​မယ်။ ဒါ​ပေမဲ့ အဆုံး​က​တော့ ချက်​ချင်း ရောက်​လာ​မှာ မဟုတ်​ဘူး”+ လို့​ပြော​တယ်။ ၁၀  အဲဒီ​နောက် ယေရှု ဆက်​ပြော​တာ​က “လူ​တစ်​မျိုး​နဲ့ တစ်​မျိုး၊+ တစ်​နိုင်ငံ​နဲ့ တစ်​နိုင်​ငံ တိုက်​ခိုက်​ကြ​လိမ့်​မယ်။+ ၁၁  င​လျင်​တွေ အကြီး​အကျယ် လှုပ်​လိမ့်​မယ်။  အစာ​ခေါင်း​ပါး​မှု​တွေ၊ ကပ်​ရော​ဂါ​ဘေး​တွေ တစ်​နေ​ရာ​ပြီး တစ်​နေ​ရာ ဖြစ်​လိမ့်​မယ်။+ ကြောက်​လန့်​စ​ရာ မြင်​ကွင်း​တွေ မြင်​ရ​လိမ့်​မယ်။ ကောင်း​ကင်​မှာ လက္ခ​ဏာတွေ ပေါ်​လာ​တာ​ကို ရှင်း​ရှင်း​လင်း​လင်း မြင်​ရ​လိမ့်​မယ်။ ၁၂  “အဲ​ဒါ​တွေ မဖြစ်​ခင်​မှာ ခင်​ဗျား​တို့ကို ဖမ်း​ပြီး ညှဉ်း​ဆဲ​ကြ​လိမ့်​မယ်။+ တရား​ဇ​ရပ်တွေ​ဆီ ပို့​ပြီး ထောင်​ချ​လိမ့်​မယ်။ ကျွန်​တော့်​နာ​မည်​ကြောင့် ဘုရင်​တွေ၊  ဘုရင်​ခံ​တွေ​ရှေ့  ပို့​လိမ့်​မယ်။+ ၁၃  အဲဒီ​အခါ  သူတို့​ကို သက်သေ​ခံ​ခွင့်​ရ​လိမ့်​မယ်။ ၁၄  ဒါ​ကြောင့် သူတို့​ကို ဘယ်​လို ထု​ချေ​ပြော​ဆို​ရ​မလဲ​ဆို​တာ​  ကြို​တင်  မကျက်​မှတ်​ထား​ဖို့​ ခင်ဗျား​တို့​ စိတ်​ဆုံး​ဖြတ်​ထား​ကြ​ပါ။+ ၁၅  ခင်​ဗျား​တို့  ပြော​ရ​မယ့်​စကား၊ လို​အပ်​တဲ့​ဉာဏ်​ပညာ​ကို  ကျွန်​တော်​ပေး​မယ်။ ခင်ဗျား​တို့​ကို ဆန့်​ကျင်​သူ​အားလုံး စုပေါင်း​ရင်​တောင်  ဟန့်​တား​နိုင်​မှာ၊ ငြင်းခုံ​နိုင်​မှာ  မဟုတ်​ဘူး။+ ၁၆  အဲဒီ​အပြင်  မိ​ဘ၊  ညီ​အစ်​ကို၊  ဆွေ​မျိုး၊ မိတ်ဆွေ​တွေ​က တ​ရား​ရုံး​ဆီ အပ်​မှာ​ဖြစ်​လို့ ခင်​ဗျား​တို့​ထဲ​က​တ​ချို့ အသတ်​ခံ​ရ​လိမ့်​မယ်။+ ၁၇  ကျွန်​တော့်​နာမည်​ကြောင့် ခင်​ဗျား​တို့​ကို လူ​တွေ မုန်း​ကြ​လိမ့်​မယ်။+ ၁၈  ဒါ​ပေမဲ့ ခင်​ဗျား​တို့​ရဲ့ ဆံ​ခြည်​တစ်​မျှင်​တောင်  ပျက်​စီး​မှာ မဟုတ်​ဘူး။+ ၁၉  ခံ​နိုင်​ရည်​ရှိ​မယ်​ဆို​ရင် ခင်​ဗျား​တို့ အသက်​ရ​လိမ့်​မယ်။+ ၂၀  “ဂျေရု​ဆ​လင်​မြို့​ကို စစ်​တပ်​ဝိုင်း​ရံ​ထား​တာ ခင်​ဗျား​တို့ မြင်​ရ​တဲ့​အခါ+ ဒီ​မြို့​ပျက်​စီး​တော့​မယ်​ဆို​တာ  သိ​လိုက်​ပါ။+ ၂၁  အဲဒီ​အချိန်​ရောက်ရင် ယုဒ​နယ်​မှာ​နေ​တဲ့​သူ​တွေ တောင်​ပေါ်​ကို ပြေး​ကြ။+ မြို့​ထဲ​က​လူ​တွေ မြို့​ပြင် ထွက်​ကြ။ တော​ရွာ​က လူ​တွေ​လည်း မြို့​ထဲ မဝင်​နဲ့​တော့။ ၂၂  အဲဒီ​အချိန်​ဟာ ကျမ်း​စာ​မှာ ရေး​ထား​သမျှ ပြည့်​စုံ​ဖို့ လူ​တွေ​ကို ဘုရား​သခင် ဒဏ်​စီ​ရင်​မယ့်​အချိန် ဖြစ်​လို့​ပဲ။ ၂၃  အဲဒီ​အချိန်​ကာလ​မှာ ကိုယ်​ဝန်​ဆောင်​တွေ၊ နို့​တိုက်​မိ​ခင်​တွေ ပို​ဒုက္ခရောက်​လိမ့်​မယ်။+ ဒီ​ပြည်​မှာ ဆင်း​ရဲ​ဒုက္ခ အကြီး​အကျယ် ကျ​ရောက်​ပြီး ဒီ​လူ​တွေ ပြစ်​ဒဏ်​ပေး​ခံ​ရ​လိမ့်​မယ်။ ၂၄  သူတို့​ဟာ ဓား​ဘေး​နဲ့ ဖျက်​ဆီး​ခံ​ရ​လိမ့်​မယ်။ တ​ခြား​တိုင်း​ပြည်​ကို သုံ့​ပန်း​အဖြစ် ဖမ်း​ခေါ်​ခံ​ရ​လိမ့်​မယ်။+  လူမျိုး​ခြား​တွေ​အ​တွက်​ သတ်​မှတ်​ထား​ချိန် စေ့​သွား​တဲ့​အထိ ဂျေရု​ဆ​လင်​မြို့​ကို လူမျိုး​ခြား​တွေ နင်း​ချေ​ကြ​လိမ့်​မယ်။+ ၂၅  “နေ၊ လ၊ ကြယ်​တွေ​မှာ ထူး​ခြား​တဲ့​ လက္ခ​ဏာတွေ ပေါ်​လာ​လိမ့်​မယ်။+ ကမ္ဘာ​မြေပေါ်​က လူမျိုး​အပေါင်း​က​လည်း စိတ်​ဒုက္ခရောက်​ပြီး ပင်လယ်​လှိုင်း​တံ​ပိုး မြည်​ဟည်း​သံ​ကြောင့် ကြံ​ရာ​မရ ဖြစ်​လိမ့်​မယ်။ ၂၆  လူ​တွေ​ဟာ ကမ္ဘာ​ပေါ်​မှာ ဖြစ်​လာ​မယ့်​အရာတွေ​ကို မျှော်​မြင်​ပြီး ကြောက်​လွန်း​လို့ မေ့​မြော​သွား​ကြ​လိမ့်​မယ်။  ကောင်း​ကင်​တန်ခိုး​တွေ  တုန်​လှုပ်​လိမ့်​မယ်။ ၂၇  အဲဒီ​နောက် လူ​သား​က+ မိုး​တိမ်​ခြံ​ရံ​ပြီး မဟာ​ဘုန်း​တန်ခိုး​နဲ့ လာ​တာ​ကို သူတို့​မြင်​ရ​လိမ့်​မယ်။+ ၂၈  ဒါ​တွေ စ​ဖြစ်​ပြီဆို​ရင် ခင်ဗျား​တို့​ကို ကယ်​တင်​မယ့်​အချိန် ရောက်​ခါ​နီး​ပြီဖြစ်​လို့  မတ်​မတ်​ရပ်​ပြီး ခေါင်း​မော့​ထား​ကြပါ။” ၂၉  ယေရှု​က အဲ​ဒါ​နဲ့​ပတ်​သက်​ပြီး ပုံဥပ​မာ​တစ်​ခု ပြော​ပြတယ်– “သဖန်း​ပင်​က​အစ အပင်​အားလုံး​ကို သတိ​ပြု​ကြည့်​ပါ။+ ၃၀  ရွက်​နု​ပေါက်​လာ​တာ​ကို မြင်​ရရင် နွေရာ​သီ ရောက်​တော့​မယ်​ဆို​တာ ခင်​ဗျား​တို့ သိ​တယ်။ ၃၁  အဲဒီ​လို​ပဲ၊ ဒါ​တွေ​ဖြစ်​နေ​တာ​ကို မြင်​ရရင် ဘုရား​သခင့်​နိုင်​ငံ​တော် နီး​နေ​ပြီဆို​တာ သိ​ကြ​ပါ။ ၃၂  ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်။ ဒါ​တွေ​အားလုံး မဖြစ်​ခင် ဒီ​လူမျိုး​ဆက်* လုံး​ဝ ကွယ်​ပျောက်​မှာ မဟုတ်​ဘူး။+ ၃၃  ကောင်း​ကင်​နဲ့​မြေကြီး ကွယ်​ပျောက်​လိမ့်​မယ်။ ဒါ​ပေမဲ့ ကျွန်တော့်​စကား​တွေ ဘယ်​တော့​မှ ကွယ်​ပျောက်​မှာ မဟုတ်​ဘူး။+ ၃၄  “စား​ကြူး​သောက်​ကြူး​တာ​တွေ၊+  ဘဝ​ရဲ့  စိုး​ရိမ်​ပူ​ပန်​စ​ရာတွေ​ကြောင့်+ စိတ်​နှလုံး ဝန်​ပိ​မနေ​ဖို့ ခင်​ဗျား​တို့ သတိ​ထား​ကြ​ပါ။ အဲဒီ​နေ့ ရုတ်​တ​ရက် ရောက်​လာ​တဲ့​အခါ၊ ၃၅  ခင်​ဗျား​တို့ ထောင်​ချောက်​မိ​သွား​လိမ့်​မယ်။+ အဲဒီ​နေ့​ကို မြေတစ်​ပြင်​လုံး​မှာ​ရှိ​တဲ့ လူ​အားလုံး ကြုံ​ရ​မှာ။ ၃၆  ဒါ​ကြောင့် နိုး​ကြား​နေ​ပါ။+ အမြဲ တိုး​လျှိုး​အသနား​ခံ​ပါ။+ ဒါ​မှ ဒါ​တွေ​ဖြစ်​ပျက်​လာ​တဲ့​အခါ ခင်​ဗျား​တို့ လွတ်​မြောက်​ပြီး လူ​သား​ရှေ့​မှာ ရပ်​နေ​နိုင်​လိမ့်​မယ်။”+ ၃၇  ယေရှု​က နေ့​အချိန်​ဆို​ရင် ဗိမာန်​တော်​မှာ သွန်သင်​တယ်။ ည​အချိန်​ဆို​ရင် သံ​လွင်​တောင်​ကို ထွက်​သွား​ပြီး နေ​လေ့​ရှိ​တယ်။ ၃၈  လူ​တွေ​က ယေရှု​ရဲ့​စကား​ကို ကြား​နာ​ဖို့ ဗိမာန်​တော်​ကို မနက်​စော​စော လာ​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “လက်​တာ​နှစ်​ပြား။” နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။