မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လုကာ ၁၄:၁-၃၅

မာတိကာ

  • ရေ​ဖျဉ်း​စွဲ​နေ​သူ​ကို ဥ​ပုသ်​နေ့​မှာ ကု​ပေး (၁-၆)

  • စိတ်​နှိမ့်​ချ​တဲ့​ဧည့်​သည် ဖြစ်​ပါ (၇-၁၁)

  • ကျေး​ဇူး​မဆပ်​နိုင်​သူ​တွေ​ကို ခေါ်​ဖိတ်​ပါ (၁၂-၁၄)

  • မလာ​နိုင်​ဘူး​လို့ ငြင်း​တဲ့ ဧည့်​သည်​တွေ​အကြောင်း ဥပမာ (၁၅-၂၄)

  • တ​ပည့်​ဖြစ်​ခြင်း​ရဲ့ အကုန်​အကျ (၂၅-၃၃)

  • အငန်​ဓာတ်​ပြယ်​သွား​တဲ့ ဆား (၃၄၊ ၃၅)

၁၄  ဥပုသ်​နေ့​တစ်​နေ့​မှာ ယေရှု​က ဖာ​ရိ​ရှဲ​ခေါင်း​ဆောင်​တစ်​ယောက်​ရဲ့ အိမ်​ကို ဝင်​ပြီး စား​သောက်​တယ်။ အဲဒီ​မှာ​ရှိ​တဲ့ လူ​တွေ​က ယေရှု​ကို အသေအချာ စောင့်​ကြည့်​နေ​ကြ​တယ်။ ၂  ရေ​ဖျဉ်း​စွဲ​ပြီး ဖော​ရောင်​နေ​သူ​တစ်​ယောက် ရှေ့​မှာ​ရှိ​နေ​တယ်။ ၃  ယေရှု​က “ဥ​ပုသ်​နေ့​မှာ ရော​ဂါ​ကု​ပေး​သင့်​သ​လား၊ မကု​ပေး​သင့်​ဘူး​လား” ဆို​ပြီး မေး​တော့+ ပညတ်​ကျမ်း​နှံ့​စပ်​သူ​တွေ​နဲ့ ဖာ​ရိ​ရှဲ​တွေ​က၊ ၄  ဘာ​မှ ပြန်​မဖြေကြ​ဘူး။ ယေရှု​က အဲဒီ​လူ​အပေါ် လက်​တင်​ပြီး ကုသ​ပေး​တယ်။ ပြီး​တော့ ပြန်​ခိုင်း​လိုက်​တယ်။ ၅  အဲဒီ​နောက် ယေရှု​က “ခင်​ဗျား​တို့​ရဲ့​သား  ဒါ​မှ​မဟုတ် နွား​က ဥပုသ်​နေ့​မှာ တွင်း​ထဲ​ကျ​သွား​ရင်+ ချက်​ချင်း မဆွဲ​တင်​မယ့်​သူ ရှိ​သလား” လို့​ မေး​တော့၊+ ၆  သူတို့ ပြန်​မဖြေနိုင်​ကြ​ဘူး။ ၇  ဖိတ်​ခေါ်​ခံ​ရ​သူ​တွေ​က အထင်​ပေါ်​ဆုံး​နေ​ရာ​ကို ရွေး​ထိုင်​ကြ​မှန်း+ ယေရှု သတိ​ထား​မိ​တဲ့​အတွက် ဒီ​ပုံ​ဥပမာ​ကို ပြော​ပြတယ်– ၈  “တစ်​ယောက်​ယောက်​က ခင်​ဗျား​တို့​ကို မင်္ဂလာ​ပွဲ​တက်​ဖို့ ဖိတ်​ခေါ်​တဲ့​အခါ အထင်​ပေါ်​ဆုံး​နေ​ရာ​မှာ မထိုင်​ပါ​နဲ့။+ အိမ်​ရှင်​က ခင်​ဗျား​တို့​ထက် ပို​အရေး​ပါ​သူ​ကို ဖိတ်​ထား​တယ်​ဆို​ရင်၊ ၉  ခင်​ဗျား​တို့​ဆီ လာ​ပြီး ‘သူ့​ကို ဒီ​နေ​ရာ​ပေး​လိုက်​ပါ’ လို့​ပြော​လိမ့်​မယ်။ အဲဒီ​အခါ ရှက်​ရှက်​နဲ့​ထ​ပြီး နောက်​ဆုံး​နေ​ရာ​ကို ပြောင်း​ထိုင်​ရ​လိမ့်​မယ်။ ၁၀  ခင်​ဗျား​တို့ ဖိတ်​ခေါ်​ခံ​ရ​တဲ့​အခါ နောက်​ဆုံး​နေ​ရာ​မှာ သွား​ထိုင်​ပါ။ အဲဒီ​အခါ အိမ်​ရှင်​က လာ​ပြီး ‘မိတ်ဆွေ၊ ရှေ့​ကို ကြွ​ပါ’ လို့​ပြော​လိမ့်​မယ်။ ခင်​ဗျား​လည်း ဧည့်​သည်​အားလုံး​ရှေ့​မှာ ဂုဏ်​တက်​လိမ့်​မယ်။+ ၁၁  ကိုယ့်​ကိုယ်​ကိုယ် ချီး​မြှောက်​တဲ့​သူ​ဟာ နှိမ့်​ချ​ခံ​ရ​မယ်။ နှိမ့်​ချ​တဲ့​သူ​က​တော့ ချီး​မြှောက်​ခံ​ရ​မယ်။”+ ၁၂  အဲဒီ​နောက်  ယေရှု​က ဖိတ်​ခေါ်​တဲ့​အိမ်​ရှင်​ကို  “နေ့​လယ်​စာ​ဖြစ်​ဖြစ်၊ ည​စာ​ဖြစ်​ဖြစ်  တည်​ခင်း​ကျွေး​မွေး​တဲ့​အခါ  ကိုယ့်​မိတ်ဆွေ၊  ဆွေ​မျိုး​သား​ချင်း၊ ချမ်း​သာ​တဲ့ အိမ်​နီး​ချင်း​တွေ​ကို မဖိတ်​ပါ​နဲ့။ အဲဒီ​လို​ဖိတ်​ရင် သူတို့​က ခင်​ဗျား​ကို  ပြန်​ဖိတ်​ပြီး  ဧည့်​ခံ​ကျွေး​မွေး​လိမ့်​မယ်။ ၁၃  စား​သောက်​ပွဲ တည်​ခင်း​တဲ့​အခါ နွမ်း​ပါး​သူ​တွေ၊ မသန်​စွမ်း​သူ​တွေ၊ ခြေ​မသန်​သူ​တွေ၊ မျက်​မမြင်​တွေ​ကို ဖိတ်​ပါ။+ ၁၄  သူတို့​ဟာ ကျေး​ဇူး​ပြန်​မဆပ်​နိုင်​သူ​တွေ​ဖြစ်​လို့ ခင်​ဗျား ပျော်​ရွှင်​ချမ်း​မြေ့ရ​လိမ့်​မယ်။ ဖြောင့်​မတ်​သူ​တွေ ရှင်​ပြန်​ထ​မြောက်​ချိန်​ရောက်ရင်+ ခင်ဗျား​ ကျေး​ဇူး​ဆပ်​ခံ​ရ​လိမ့်​မယ်” လို့​ပြော​တယ်။ ၁၅  အတူ​စား​သောက်​နေ​တဲ့  ဧည့်​သည်​တစ်​ယောက်​က ယေရှု​ပြော​တာ​ကို ကြား​တဲ့​အခါ “ဘုရား​သခင့် နိုင်​ငံ​တော်​မှာ စား​သုံး​ရ​မယ့်​သူ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့​ရ​လိမ့်​မယ်” လို့​ပြော​တယ်။ ၁၆  အဲဒီ​အခါ  ယေရှု ပြန်​ပြော​လိုက်​တာ​က– “လူ​တစ်​ယောက်​ဟာ စား​သောက်​ပွဲ​ကြီး  တည်​ခင်း​ပြီး+  လူ​အ​များ​ကြီး​ကို ဖိတ်​ခေါ်​တယ်။ ၁၇  စား​သောက်​ချိန်​ရောက်​တော့ ဖိတ်​ခေါ်​ထား​သူ​တွေ​ဆီ ကျွန်​ကို​လွှတ်​ပြီး ‘လာ​ကြ​ပါ၊ အားလုံး​အသင့်​ဖြစ်​နေ​ပြီ’ လို့​ပြော​ခိုင်း​လိုက်​တယ်။ ၁၈  ဒါ​ပေမဲ့ သူတို့​အား​လုံး​က မလာ​နိုင်​တဲ့​အကြောင်း တစ်​ယောက်​တစ်​မျိုး ဆင်​ခြေ​ပေး​ကြ​တယ်။+ တစ်​ယောက်​က ‘ကျွန်​တော် လယ်​တစ်​ကွက် ဝယ်​ထား​လို့ သွား​ကြည့်​ရဦး​မယ်။ မလာ​နိုင်​တာ​ကို စိတ်​မရှိ​ပါ​နဲ့’ လို့​ပြော​တယ်။ ၁၉  နောက်​တစ်​ယောက်​က ‘ကျွန်​တော် နွား​ငါး​ရှဉ်း ဝယ်​ထား​လို့ သွား​ပြီး အစမ်း​ခိုင်း​ကြည့်​ဦး​မယ်။ မလာ​နိုင်​တာ​ကို စိတ်​မရှိ​ပါ​နဲ့’ လို့​ပြော​တယ်။+ ၂၀  နောက်​တစ်​ယောက်​က​လည်း ‘ကျွန်​တော် လက်​ထပ်​ပြီး​ခါ​စ​မို့လို့ မလာ​နိုင်​ပါ​ဘူး’ လို့​ ပြော​တယ်။ ၂၁  ကျွန်​က ပြန်​လာ​ပြီး သခင်​ကို အကြောင်း​စုံ ပြော​ပြတယ်။ သခင်​က ဒေါသ​ထွက်​ပြီး ‘လမ်း​မတွေ၊ လမ်း​သွယ်တွေ​ဆီ အမြန်​သွား။  နွမ်း​ပါး​သူ​တွေ၊  မသန်​စွမ်း​သူ​တွေ၊ မျက်​မမြင်​တွေ၊ ခြေ​မသန်​သူ​တွေ​ကို ခေါ်​လာခဲ့’ လို့​ပြော​တယ်။ ၂၂  ကျွန်​က ပြန်​ရောက်​လာ​ပြီး ‘သခင်​မှာ​တဲ့​အတိုင်း ကျွန်​တော် လုပ်​ပြီး​ပါ​ပြီ။ ဒါ​ပေမဲ့  နေ​ရာ​လွတ်​တွေ ရှိ​ပါ​သေး​တယ်’ လို့​ပြော​တော့၊ ၂၃  သခင်​က ‘မြို့​ပြင်​လမ်း​မတွေ၊ လမ်း​ကြို​လမ်း​ကြား​တွေ​ဆီ သွား​ပြီး ငါ့​အိမ်​ပြည့်​သွား​အောင် လူ​တွေ​ကို ရ​အောင်​ခေါ်​လာခဲ့။+ ၂၄  မင်း​တို့​ကို ငါ​ပြော​မယ်။ ငါ​ဖိတ်​ထား​တဲ့​သူ​တွေ တစ်​ယောက်​မှ စား​သောက်​ပွဲ​ကို မလာ​စေ​နဲ့’ လို့​ပြော​တယ်။”+ ၂၅  အဲဒီ​နောက် ယေရှု ခ​ရီး​သွား​တဲ့​အခါ လူ​တွေ​အများ​ကြီး လိုက်​ပါ​လာ​တယ်။ ယေရှု​က သူတို့​ကို လှည့်​ကြည့်​ပြီး  အခု​လို​ပြော​တယ်– ၂၆  “လူ​တစ်​ယောက်​က ကျွန်​တော့်​ဆီ​တော့ လာ​ပါ​ရဲ့။ ဒါ​ပေမဲ့ မိ​ဘ၊ သား​မယား၊ ညီ​အစ်​ကို​မောင်​နှ​မနဲ့ ကိုယ့်​အသက်​ကို ပို​ချစ်​နေ​ရင်*+ သူ​ဟာ ကျွန်​တော့်​တ​ပည့် မဖြစ်​နိုင်​ဘူး။+ ၂၇  ဒုက္ခ​သစ်​တိုင်​ကို* ထမ်း​ပြီး ကျွန်​တော့်​နောက် မလိုက်​တဲ့​သူ​ဟာ ကျွန်​တော့်​တ​ပည့် မဖြစ်​နိုင်​ဘူး။+ ၂၈  ခင်​ဗျား​တို့​ထဲ​က တစ်​ယောက်​ဟာ မျှော်​စင်​ဆောက်​မယ်​ဆို​ရင် ပြီး​အောင်​ဆောက်​ဖို့ ငွေ​လောက်၊ မလောက် အရင်​ဆုံး​ထိုင်​ပြီး ကုန်​ကျ​စ​ရိတ်​ကို တွက်​ချက်​မယ်​မဟုတ်​လား။ ၂၉  အဲဒီ​လို​သာ မတွက်​ရင် အုတ်​မြစ်​ချ​ပေမဲ့ အပြီး​သတ်​နိုင်​မှာ မဟုတ်​ဘူး။ ဒါ​ကို မြင်​တဲ့​သူ​တွေ​က၊ ၃၀  ‘ဒီ​လူ စ​တော့ ဆောက်​ပါ​ရဲ့။ အပြီး​မသတ်​နိုင်​တော့​ဘူး’ ဆို​ပြီး လှောင်​ပြောင်​ကြ​လိမ့်​မယ်။ ၃၁  ဘု​ရင်​တစ်ပါး​က တ​ခြား​ဘု​ရင်​နဲ့ စစ်​တိုက်​မယ်​ဆို​ပါ​စို့။ စစ်​သည်​အင်​အား ၂၀,၀၀၀ နဲ့ ချီ​တက်​လာ​တဲ့​ဘု​ရင်​ကို စစ်​သည် ၁၀,၀၀၀ နဲ့ ခု​ခံ​နိုင်​မနိုင် အရင်​ဆုံး​ထိုင်​ပြီး တိုင်​ပင်​မယ်​မဟုတ်​လား။ ၃၂  မခု​ခံ​နိုင်​မှန်း​သိ​ရင် စစ်​ချီ​လာ​တဲ့​ဘု​ရင် အဝေး​မှာ​ရှိ​နေ​တုန်း သံ​တ​မန်​တွေ လွှတ်​ပြီး စစ်​ပြေငြိမ်း​ဖို့ ကမ်း​လှမ်း​မှာ​ပဲ။ ၃၃  ခင်​ဗျား​တို့​လည်း ကိုယ်​ပိုင်​ဆိုင်​သမျှ​ကို မစွန့်​လွှတ်​နိုင်​ဘူး​ဆို​ရင် ကျွန်​တော့်​တ​ပည့် မဖြစ်​နိုင်ဘူး။+ ၃၄  “ဆား​ဟာ ကောင်း​ပါ​တယ်။ ဒါ​ပေမဲ့ ဆား​မှာ အငန်​ဓာတ် မရှိ​တော့ရင် ပြန်​ငန်​အောင် လုပ်​လို့ရ​သလား။+ ၃၅  အဲဒီ​ဆား​ဟာ မြေအတွက်၊ မြေသြဇာ​အတွက် အသုံး​မဝင်​တော့​တာ​မို့ လွှင့်​ပစ်​လိုက်​ရ​တာ​ပဲ။ နား​ရှိ​တဲ့​သူ ကြား​ပါ​စေ။”+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “မမုန်း​ရင်။”
ခက်​ဆစ်​ကို​ကြည့်။