မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယောလ ၁:၁-၂၀

မာတိကာ

  • ပြင်း​ထန်​တဲ့ အင်း​ဆက် ကပ်​ဘေး (၁-၁၄)

  • “ယေဟောဝါ​ရဲ့​နေ့ နီး​နေ​ပြီ” (၁၅-၂၀)

    • ယေဟောဝါ​ကို ပရော​ဖက်​အော်​ခေါ် (၁၉၊ ၂၀)

 ပေသွေ​လ​ရဲ့​သား   ယောလ*​ ဆင့်ဆို​တဲ့ ယေဟောဝါ​ရဲ့​စကား–  ၂  “အကြီး​အကဲ​တို့၊ နား​ထောင်​ကြ။ ပြည်​သူ​ပြည်​သား​အပေါင်း​တို့၊ အာရုံ​စိုက်​ကြ။ ခင်​ဗျား​တို့​လက်​ထက် ဒါ​မှ​မဟုတ် ဘိုး​ဘေး​တွေ​လက်​ထက်​မှာ ဒီ​လို​ဖြစ်​ပျက်​ဖူး​သလား။+  ၃  ဒီ​အကြောင်း​ကို ခင်​ဗျား​တို့​ရဲ့​သား​တွေ​ကို ပြော​ပြပါ။ သူတို့​က ကိုယ့်​သား​တွေ​ကို၊အဲဒီ​သား​တွေ​က​လည်း နောက်​မျိုး​ဆက်​ကို ပြော​ပြပါ​စေ။  ၄  ဝါး​မျို​ကျိုင်း​ကောင်​စား​ပြီး ကျန်​တာ​ကို အုံ​ဖွဲ့​ကျိုင်း​တွေ စား​ပစ်​တယ်။+ အုံ​ဖွဲ့​ကျိုင်း​တွေ​စား​ပြီး ကျန်​တာ​ကို ကျိုင်း​ကောင်​ပေါက်​တွေ စားပစ်​တယ်။ ကျိုင်း​ကောင်​ပေါက်​တွေ​စား​ပြီး ကျန်​တာ​ကို အဖျက်​ကျိုင်း​တွေ စား​ပစ်​တယ်။+  ၅  ယစ်​ထုတ်​ကြီး​တို့၊+ နိုး​ထ​ပြီး ငို​ကြွေး​ကြ။ စ​ပျစ်​ဝိုင်​သောက်​သူ​အပေါင်း​တို့၊ချို​မြတဲ့​စ​ပျစ်​ဝိုင် ပြတ်​လပ်​သွား​ပြီဖြစ်​လို့ မြည်​တမ်း​ကြ။+  ၆  ခွန်​အား​ကြီး​ပြီး မရေ​တွက်​နိုင်​အောင်​များ​တဲ့ လူမျိုး​တစ်​မျိုး​ဟာ ငါ့​ပြည်​ကို တက်​လာ​ပြီ။+ သူ့​မှာ ခြင်္သေ့​သွား၊+ ခြင်္သေ့​မေး​ရိုး ရှိ​တယ်။  ၇  ငါ့​စ​ပျစ်​ပင်​ကို သူ ဖျက်​ဆီး​ပစ်​တယ်။ ငါ့​သဖန်း​ပင်​ကို သစ်​ငုတ်​တို ဖြစ်​စေ​တယ်။ သစ်​ခေါက်​တွေ​ကို ခွာ​ပြီး လွှင့်​ပစ်​တဲ့​အတွက် အကိုင်း​အခက်​တွေ​မှာ သစ်​ခေါက်​တွေ မရှိ​တော့​ဘူး။  ၈  ပျို​ရွယ်​ချိန်​မှာ စေ့​စပ်​ထား​တဲ့ ခင်ပွန်း​လောင်း ဆုံး​ၡုံး​သွား​လို့ အထည်​ကြမ်း* ဝတ်​ထား​တဲ့ အပျို​စင်​လို ငို​ကြွေး​မြည်​တမ်း​ပါ။  ၉  ယေဟောဝါ​ရဲ့ အိမ်​တော်​မှာ ကောက်​နှံ​အလှူ၊+ သွန်း​လောင်း​ရာ​အလှူ​တွေ+ ပြတ်​လပ်​သွား​လို့ ယေဟောဝါ​အတွက် အမှု​ဆောင်​တဲ့ ပု​ရော​ဟိတ်​တွေ ညည်း​တွား​ငို​ကြွေး​နေ​တယ်။ ၁၀  လယ်​မြေတွေ ဖျက်​ဆီး​ခံ​ရလို့ မြေကြီး​ဟာ ညည်း​တွား​ငို​ကြွေး​နေ​တယ်။+ ကောက်​နှံ​တွေ ပျက်​စီး​သွား​ပြီ။ စပျစ်​ဝိုင်​သစ်​တွေ၊ ဆီ​တွေ​လည်း ပြတ်​လပ်​ကုန်​ပြီ။+ ၁၁  ဂျုံ​နဲ့ မု​ယော​စ​ပါး​တွေ၊ ရိတ်​သိမ်း​မယ့်​သီး​နှံ​တွေ ပျက်​စီး​သွား​လို့ လယ်​သမား​တွေ စိတ်​ပျက်​လက်​ပျက် ဖြစ်​ကုန်​ပြီ။ စ​ပျစ်​ခြံ​လုပ်​သား​တွေ ငို​ကြွေး​မြည်​တမ်း​ကုန်​ပြီ။ ၁၂  စ​ပျစ်​ပင် ခြောက်​သွေ့​သွား​ပြီ။ သဖန်း​ပင် ညှိုး​နွမ်း​သွား​ပြီ။ သလဲ​ပင်၊ စွန်​ပလွံ​ပင်၊ ပန်း​သီး​ပင်​နဲ့ တော​သစ်​ပင်​အားလုံး ခြောက်​သွေ့​ကုန်​ပြီ။+ လူ​တွေရဲ့  ရွှင်​လန်း​ခြင်း​ဟာ အရှက်​ကွဲ​ခြင်း ဖြစ်​သွား​ပြီ။ ၁၃  ပု​ရော​ဟိတ်​တို့၊ အထည်​ကြမ်း​ဝတ်​ပြီး ညည်း​တွား​ငို​ကြွေး​ကြ။ ပူ​ဇော်ရာ​ပလ္လင်​မှာ အမှု​ဆောင်​သူတို့၊+ မြည်​တမ်း​ကြ။ ဘု​ရား​သခင်​အတွက် အမှု​ဆောင်​သူတို့၊ ဝင်​လာ​ကြ။ တစ်​ည​လုံး အထည်​ကြမ်း ဝတ်​ထား​ကြ။ ဘု​ရား​သခင့်​အိမ်​တော်​မှာ ကောက်​နှံ​အလှူ​တွေ၊+ သွန်း​လောင်း​ရာ​အလှူ​တွေ+  ပြတ်​လပ်​သွား​ပြီ။ ၁၄  အစာ​ရှောင်​ချိန်​ကို ကြေ​ညာ​လိုက်​ပါ။ အထူး​စည်း​ဝေး​ပွဲ​တက်​ဖို့ ခေါ်​လိုက်​ပါ။+ အကြီး​အကဲ​တွေ၊ ပြည်​သူ​ပြည်​သား​တွေ​ကို ယေဟောဝါ​ဘု​ရားရဲ့ အိမ်​တော်​မှာ စု​ဝေး​ခိုင်း​ပါ။+ ယေဟောဝါ​ဆီ​မှာ အော်​ဟစ်​အကူ​အညီ တောင်း​ကြ​ပါ။ ၁၅  အဲဒီ​နေ့​ကြောင့် အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်။ ယေဟောဝါ​ရဲ့​နေ့ နီး​နေ​ပြီ။+ အဲဒီ​နေ့​ဟာ အနန္တ​တန်ခိုး​ရှင်​ရဲ့ ဖျက်​ဆီး​ခြင်း​ဘေး​လို ရောက်​လာ​လိမ့်​မယ်။ ၁၆  ငါ​တို့​မျက်​စိ​ရှေ့​မှာ​တင် အစာ​ရေ​စာ ပြတ်​လပ်​သွား​ပြီ မဟုတ်​လား။ ဘု​ရား​သခင့် အိမ်​တော်​မှာ ဝမ်းမြောက်​ခြင်း​နဲ့ ရွှင်​လန်း​ခြင်း မရှိ​တော့​ဘူး မဟုတ်​လား။ ၁၇  မျိုး​စေ့​တွေ​က* ဂေါ်​ပြား​အောက်​မှာ ရှုံ့​တွ​ကုန်​ပြီ။ သို​လှောင်​ရုံ​တွေ ပျက်​စီး​ကုန်​ပြီ။ ကောက်​နှံ​တွေ မအောင်​တဲ့​အတွက် စ​ပါး​ကျီ​တွေ ပြို​ပျက်​ကုန်​ပြီ။ ၁၈  ခြံ​မွေး​တိ​ရစ္ဆာန်တွေ​တောင် ညည်းတွား​နေ​ရ​ပြီ။ စား​ကျက်​မရှိ​တော့လို့ နွား​အုပ်​တွေ လျှောက်​သွား​နေ​ရ​တယ်။ သိုး​အုပ်​တွေ​လည်း ပြစ်​ဒဏ်​ခံ​နေ​ရ​တယ်။ ၁၉  အို ယေဟောဝါ၊ ကိုယ်​တော့်​ကို ကျွန်​တော် အော်​ခေါ်​ပါ့​မယ်။+ တော​ကန္တာရ​ထဲ​က စား​ကျက်​တွေ မီး​လောင်​သွား​လို့​ပါ။ တော​သစ်​ပင်​တွေ​ကို​လည်း မီး​လျှံတွေ ဝါး​မျို​လိုက်​လို့​ပါ။ ၂၀  စမ်း​ချောင်း​တွေ ခန်း​ခြောက်​ပြီး တော​ကန္တာရ​ထဲ​က စား​ကျက်​တွေ မီး​လောင်​သွား​လို့ သား​ရဲတွေ​တောင် ကိုယ်​တော့်​ကို တမ်း​တ​နေ​ရ​ပြီ။”

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ယေဟောဝါ​ဟာ ဘု​ရား​သခင်။”
ခက်​ဆစ်​ကို​ကြည့်။
“သဖန်း​သီး​ခြောက်​တွေ​က” လည်း​ဖြစ်​နိုင်။