မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယောဘ ၂၂:၁-၃၀

မာတိကာ

  • ဧ​လိ​ဖတ်​ရဲ့ တ​တိ​ယ​ပြော​ဆို​ချက် (၁-၃၀)

    • ‘လူ​ဟာ ဘု​ရား​ကို အကျိုး​ပြု​လို့​လား’ (၂၊ ၃)

    • လော​ဘ​ကြီး​သူ၊ မတ​ရား​တဲ့​သူ​လို့ ယောဘ​ကိုစွပ်စွဲ (၆-၉)

    • ‘ဘု​ရား​ဆီ ပြန်​လှည့်​လာ​ပါ၊ ပြန်​ထူ​ထောင်​ပေး​လိမ့်​မယ်’ (၂၃)

၂၂  တေ​မန်​အမျိုး​သား ဧ​လိ​ဖတ်+ ပြန်​ပြော​တာ​က–  ၂  “လူ​က ဘုရား​သခင်​အတွက် အသုံး​ဝင်​လို့​လား။ ထိုး​ထွင်း​ဉာဏ်​ရှိ​သူ​က​ရော ဘုရား​ကို အကျိုး​ပြု​လို့​လား။+  ၃  ခင်​ဗျား​ဖြောင့်​မတ်​တာ​ကို အနန္တ​တန်ခိုး​ရှင် အရေး​စိုက်​ပါ့​မလား။ သမာ​ဓိ​လမ်း​စဉ်​အတိုင်း ခင်​ဗျား​လိုက်​လျှောက်​လို့​ကော ဘုရား​က ဘာ​အကျိုး​ရ​လို့​လဲ။+  ၄  ခင်​ဗျား​သာ တ​ကယ်​ကြည်​ညို​တယ်​ဆို​ရင်ဘုရား​က ဒဏ်​ပေး​ပြီး တရား​စီရင်​ပါ့​မလား။  ၅  ကမ်း​ကုန်​အောင် ဆိုး​ညစ်​လို့၊အမှား​တွေ များ​လွန်း​လို့ အခု​လို​ခံ​နေ​ရ​တာ မဟုတ်​လား။+  ၆  ခင်​ဗျား​က ညီ​အစ်​ကို​တွေ​ရဲ့ အပေါင်​ပစ္စည်း​ကို မတရား​သိမ်း​တယ်။ မရှိ​ဆင်း​ရဲ​သား​တွေ​ရဲ့ အဝတ်​ကို​တောင် ချွတ်​ယူ​တယ်။+  ၇  မော​ပန်း​နေ​သူ​ကို ရေ​မတိုက်​ဘူး။ ဆာ​လောင်​နေ​သူ​ကို စား​စ​ရာ​မပေး​ဘူး။+  ၈  ခင်​ဗျား​လို သြဇာ​အာ​ဏာ​ရှိ​သူ​တွေ​က​တော့ မြေယာ​တွေ ပိုင်​ဆိုင်​တယ်။+ အခွင့်​ထူး​ခံ​တွေ​ အဲဒီ​မှာ​ နေ​ထိုင်​တယ်။  ၉  ခင်​ဗျား​က မု​ဆိုး​မတွေ​ကို လက်​ဗ​လာ​နဲ့ နှင်​လွှတ်​တယ်။ မိ​ဘ​မဲ့​က​လေး​တွေ​ရဲ့ လက်​ရုံး​ကို ချိုး​ပစ်​တယ်။ ၁၀  ဒါ​ကြောင့် ပတ်​လည်​မှာ ထောင်​ချောက်​တွေ ဝိုင်း​နေ​တာ။+ ကြောက်​စ​ရာတွေ ရုတ်​တ​ရက်​ပေါ်​လာ​ပြီး ခင်​ဗျား​ကို ခြောက်​လှန့်​နေ​တာ။ ၁၁  ဘာ​ကို​မှ မမြင်​နိုင်​လောက်​အောင် မှောင်​မိုက်​နေ​တာ။ ခင်​ဗျား​ကို ရေ​တွေ လွှမ်း​မိုး​နေ​တာ။ ၁၂  ဘုရား​သခင်​က အမြင့်​ဆုံး​ကောင်း​ကင်​မှာ ရှိ​တယ်​မဟုတ်​လား။ ကြယ်​တွေ ဟိုး​အမြင့်​မှာ​ရှိ​နေ​တာ​ကို ကြည့်​လိုက်​စမ်း​ပါ။ ၁၃  ဒါ​တောင် ခင်​ဗျား​က ‘ဘုရား​သခင် ဘာ​သိ​မှာ​တုံး။ အမှောင်​ထု​ကြီး​ကို ထိုး​ဖောက်​ပြီး တရား​စီရင်​နိုင်​လို့​လား။ ၁၄  တိမ်​တိုက်​ကြီး ကာ​ဆီး​ထား​လို့ ဘုရား မမြင်​ဘူး။ ဘုရား​က ကောင်း​ကင်​အမိုး​ခုံး​ပေါ်​မှာ​ပဲ သွား​လာ​နေ​တာ’ လို့ ပြော​သေး​တယ်။ ၁၅  လူ​ဆိုး​တွေ လျှောက်​ခဲ့​တဲ့လမ်း​ဟောင်း​ကို ခင်​ဗျား​လိုက်မလို့လား။ ၁၆  သူတို့​ဟာ အချိန်​မတန်​ခင် ဖယ်​ရှား​ခံ​လိုက်​ရ​တာ။ သူတို့​ရဲ့​အုတ်​မြစ် ရေ​ထု​ကြီး​နဲ့ မျော​ပါ​သွား​တာ။+ ၁၇  စစ်​မှန်​တဲ့​ဘုရား​သခင်​ကို ‘လာ​မနှောင့်​ယှက်​ပါ​နဲ့၊’‘အနန္တ​တန်ခိုး​ရှင်​က ကျုပ်​တို့​ကို ဘာ​လုပ်​နိုင်​မှာ​လဲ’ ဆို​ပြီး သူတို့​ပြော​ကြ​တယ်။ ၁၈  ဒါ​ပေမဲ့ ဘုရား​က​ပဲ သူတို့​အိမ်​ကို ကောင်း​တဲ့​အရာတွေ ဖြည့်​ပေး​တယ်။ (အဲဒီ​လို ဆိုး​ညစ်​တဲ့​အတွေး​မျိုး ကျုပ် လုံး​ဝ​မတွေး​ဘူး။) ၁၉  သူတို့​ပျက်​စီး​တာ​ကို မြင်​ပြီး ဖြောင့်​မတ်​သူ​တွေ ဝမ်း​မြောက်​လိမ့်​မယ်။ အပြစ်​ကင်း​သူ​တွေ​က လှောင်​ပြောင်​ပြီး၊ ၂၀  ‘ငါ​တို့​ရန်​ဘက်​တွေ ဖျက်​ဆီး​ခံ​ရ​ပြီ။ ကျန်​တာ​တွေ​ကို​လည်း မီး​လောင်​ကုန်​မှာ’ လို့ ပြော​လိမ့်​မယ်။ ၂၁  ဘုရား​ကို သိ​ကျွမ်း​အောင် လုပ်​ပါ။ ဒါ​ဆို ဘုရား​နဲ့ သင့်မြတ်​နေ​လိမ့်​မယ်။ ခင်​ဗျား​ဆီ ကောင်း​တဲ့​အရာတွေ ရောက်​လာ​လိမ့်​မယ်။ ၂၂  နှုတ်​တော်​ထွက်​ပညတ်​တွေ​ကို လက်ခံ​ပါ။ မိန့်မှာ​ချက်​တွေ​ကို နှလုံး​သွင်း​ပါ။+ ၂၃  အနန္တ​တန်ခိုး​ရှင်​ဆီ ပြန်​လှည့်​လာ​ပါ။ ခင်​ဗျား​ကို ပြန်​ထူ​ထောင်​ပေး​လိမ့်​မယ်။+ မဖြောင့်​မတ်​မှု​တွေ​ကို ကိုယ့်​တဲ​က​နေ ဖယ်​ရှား​မယ်​ဆို​ရင်၊ ၂၄  ရွှေ​တုံး​ကို မြေပေါ် လွင့်​ပစ်​ပြီး သြဖိ​ရ​ရွှေ​ကို+ ကျောက်​ပေါ​တဲ့ လျှိုမြောင်​ထဲ ပစ်​ချ​မယ်​ဆို​ရင်၊ ၂၅  အနန္တ​တန်ခိုး​ရှင်​ဟာ ခင်​ဗျား​ရဲ့​ရွှေ​တုံး၊ခင်​ဗျား​ရဲ့​ငွေ​စင် ဖြစ်​လာ​မယ်။ ၂၆  အဲဒီ​အခါ အနန္တ​တန်ခိုး​ရှင်​ကြောင့် ခင်​ဗျား ကြည်​နူး​ရ​လိမ့်​မယ်။ ဘုရား​သခင်​ကို မော်​ဖူး​နိုင်​လိမ့်​မယ်။ ၂၇  ခင်​ဗျား အသနား​ခံ​တဲ့​အခါ ဘုရား​နား​ထောင်​မယ်။ သစ္စာ​ကတိ​ပြု​ထား​တဲ့​အတိုင်း ခင်ဗျား လုပ်​ဆောင်​နိုင်​မယ်။ ၂၈  ကြံ​တိုင်း​အောင်​လိမ့်​မယ်။ ခင်​ဗျား​သွား​မယ့်​လမ်း​မှာ အလင်း​ထွန်း​လင်း​နေ​မယ်။ ၂၉  မောက်​မောက်​မာ​မာ ပြော​ဆို​ရင် အရှက်​ခွဲ​ခံ​ရ​လိမ့်​မယ်။ နှိမ့်​ချ​သူ​ကို​တော့ ဘုရား ကယ်​တင်​မယ်။ ၃၀  အပြစ်​မဲ့​သူ​ကို ဘုရား ကယ်​မှာ​ဖြစ်​လို့ခင်​ဗျား​သာ အပြစ်​ကင်း​မယ်​ဆို​ရင် ကျိန်း​သေ ကယ်​တင်​ခံ​ရ​မှာ​ပါ။”

အောက်ခြေမှတ်ချက်များ