မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယာကုပ် ၄:၁-၁၇

မာတိကာ

  • လော​က​နဲ့ မိတ်​မဖွဲ့​ပါ​နဲ့ (၁-၁၂)

    • စာ​တန်​ကို ခု​ခံ​တွန်း​လှန် ()

    • ဘု​ရား​သခင်​နဲ့ ရင်း​နှီး​အောင် ကြိုး​စား​ပါ ()

  • မာ​န​ကြီး​ခြင်း​ကို ရှောင်​ပါ (၁၃-၁၇)

    • “ယေဟောဝါ အလို​တော်​ရှိ​ရင်” (၁၅)

 ခင်​ဗျား​တို့​ဆီ​မှာ ဖြစ်​နေ​တဲ့ ရန်​လို​တာ​တွေ၊ တိုက်​ခိုက်​တာ​တွေ​ဟာ ဘယ်​က​နေ အရင်း​ခံ​တာ​လဲ။ ခင်​ဗျား​တို့​ကို ချုပ်​ကိုင်​ဖို့ တိုက်​ခိုက်​နေ​တဲ့ အပြစ်​ရှိ​တဲ့ အလို​ဆန္ဒတွေ​က​နေ အရင်း​ခံ​တာ​ပဲ မဟုတ်​လား။+ ၂  ခင်​ဗျား​တို့​က ဆန္ဒ​ရှိ​ပေမဲ့ ဘာ​ကို​မှ​မရ​ကြ​ဘူး။ လူ့​အသက် သတ်​ပြီး လို​ချင်​တပ်​မက်​စိတ် ကြီး​ပေမဲ့ မရ​နိုင်​ကြ​ဘူး။ အချင်း​ချင်း ရန်​လို​ပြီး တိုက်​ခိုက်​နေ​ကြ​တယ်။+  ဘု​ရား​သခင်​ကို မတောင်း​လျှောက်​တဲ့​အတွက်  မရနိုင်​ကြ​ဘူး။ ၃  တောင်း​ပြန်​တော့​လည်း​ မရ​ဘူး။ အပြစ်​ရှိ​တဲ့​အလို​ဆန္ဒတွေ ပြည့်​ဖို့​ပဲ တ​လွဲ​တောင်း​နေ​တာ​ကိုး။ ၄  ဖောက်​ပြန်​သူ​တို့၊ လော​က​နဲ့ မိတ်​ဖွဲ့​သူ​ဟာ ဘု​ရား​သခင်​ရဲ့ရန်​သူ ဖြစ်​မှန်း မသိ​ကြ​ဘူး​လား။ လော​က​ရဲ့​မိတ်​ဆွေ ဖြစ်​ချင်​သူ​ဟာ ဘု​ရား​သခင်​ရဲ့ရန်​သူ ဖြစ်​လိမ့်​မယ်။+ ၅  “ရင်​ထဲ​မှာ​ရှိ​တဲ့ မနာ​လို​စိတ်​က အရာရာ​ကို မပြတ်​လို​ချင်​တောင့်​တ​နေ​တယ်”+  ဆို​ပြီး ကျမ်း​စာ​မှာ အကြောင်း​မဲ့ ပြော​ထား​တယ်​လို့ ထင်​နေ​ကြ​တာ​လား။ ၆  ဘု​ရား​သခင်​ပေး​သနား​တဲ့ မဟာ​က​ရု​ဏာ​က​တော့ ပို​ပြီး​ကြီးမြတ်​တယ်။ “ဘု​ရား​သခင်​က မောက်​မာ​သူ​တွေ​ကို ဆန့်​ကျင်​တယ်။+ စိတ်​နှိမ့်​ချ​သူ​တွေ​ကို​တော့ မဟာ​က​ရု​ဏာ ပေး​သနား​တယ်”+ လို့ ကျမ်း​စာ​မှာ ပြော​ထား​တယ်။ ၇  ဒါ​ကြောင့် ဘု​ရား​သခင်​ကို လက်​အောက်​ခံ​ကြ​ပါ။+ မာရ်​နတ်​ကို ခု​ခံ​တွန်း​လှန်​ကြ​ပါ။+ ဒါ​ဆို​ရင် ခင်​ဗျား​တို့​ဆီ​က​နေ သူ ​ထွက်​ပြေး​သွား​လိမ့်​မယ်။+ ၈  ဘုရား​သခင်​နဲ့ ရင်း​နှီး​အောင် ကြိုး​စား​ပါ။* ဒါ​ဆို​ရင် ဘု​ရား​သခင်​လည်း ခင်​ဗျား​တို့​နဲ့ ရင်း​နှီး​လာ​လိမ့်​မယ်။+ အပြစ်​သား​တို့၊ ခင်​ဗျား​တို့​ရဲ့​လက်​ကို သန့်​စင်​စေ​ကြ​ပါ။+ မပြတ်​သား​သူ​တို့၊ ခင်ဗျား​တို့​ရဲ့ စိတ်​နှ​လုံး​ကို စင်​ကြယ်​စေ​ကြ​ပါ။+ ၉  ဝမ်း​နည်း​ငို​ကြွေး​နေ​ကြ​ပါ။+ ရယ်​မော​နေ​မယ့်​အစား ညည်း​တွား​ကြ​ပါ။ ဝမ်း​သာ​နေ​မယ့်​အစား ဝမ်း​နည်း​နေ​ကြ​ပါ။ ၁၀  ယေဟောဝါ* ရှေ့​မှာ နှိမ့်​ချ​ကြ​ပါ။+ ဒါ​ဆို​ရင် ခင်​ဗျား​တို့​ကို ဘု​ရား​သခင် ချီး​မြှောက်​လိမ့်​မယ်။+ ၁၁  ညီ​အစ်​ကို​တို့၊  အချင်း​ချင်း မကောင်း​မပြော​ကြ​ပါ​နဲ့​တော့။+  ညီ​အစ်​ကို​အကြောင်း မကောင်း​ပြော​တာ၊ ပြစ်​တင်​ဝေ​ဖန်​တာ​ဟာ  ပညတ်​ကို မကောင်း​ပြော​တာ၊ ပြစ်​တင်​ဝေ​ဖန်​တာ​ပဲ။ ပညတ်​ကို ပြစ်​တင်​ဝေ​ဖန်​မယ်​ဆို​ရင် ပညတ်​ကို ကျင့်​တဲ့​သူ မဟုတ်​ဘဲ တရား​စီရင်​တဲ့​သူ ဖြစ်​နေ​ပြီ။ ၁၂  ပညတ်​ပြဋ္ဌာန်း​ရှင်၊  တ​ရား​သူ​ကြီး​က  တစ်​ပါး​ပဲ ရှိတယ်။+ အဲ​ဒီ​အရှင်​က လူ​တွေ​ကို ကယ်​တင်​နိုင်​တယ်၊ ဖျက်​ဆီး​နိုင်​တယ်။+ ခင်ဗျား​တို့​ကျ​တော့ ဘယ်​သူ​မို့လို့ လူ​လူ​ချင်း​ကို တ​ရား​စီ​ရင်ရ​တာ​လဲ။+ ၁၃  ခင်​ဗျား​တို့​ထဲ​က တ​ချို့​က “ဒီ​နေ့​ဖြစ်​ဖြစ်၊ မနက်​ဖြန်​ဖြစ်​ဖြစ် အဲ​ဒီ​မြို့​မှာ တစ်​နှစ်​လောက် သွား​နေ​ကြ​စို့။ အဲ​ဒီ​မှာ အမြတ်​အစွန်း​ရ​အောင် စီး​ပွား​ရှာ​ကြ​စို့”+ ဆို​ပြီး  ပြော​တတ်​ကြ​တယ်။ ၁၄  တ​ကယ်​တော့ မနက်​ဖြန် ဘာ​ဖြစ်​လာ​မယ်​မှန်း ခင်​ဗျား​တို့​သိ​တာ​မှ မဟုတ်​တာ။+ ခင်​ဗျား​တို့​ဟာ မြူ​ခိုး​လို​ပဲ ခ​ဏ​ပေါ်​လာ​ပြီး​နောက် ပျောက်​ကွယ်​သွား​မှာ။+ ၁၅  အဲ​ဒီ​အစား “ယေဟောဝါ* ဘု​ရား အလို​တော်​ရှိ​ရင်+ ကျွန်​တော်​တို့  အသက်​ဆက်​ရှင်​ပြီး ဒါ​တွေ​ဒါ​တွေ လုပ်​ကြ​မယ်”  လို့  ပြော​သင့်​တာ​ပေါ့။ ၁၆  အခု​တော့ ခင်​ဗျား​တို့ မာ​န​ကြီး​ပြီး ကြွား​လုံး​ထုတ်​နေ​လိုက်​ကြ​တာ။ အဲ​ဒီ​လို​ကြွား​တာ မကောင်း​ဘူး။ ၁၇  မှန်​တာ​ကို ဘယ်​လို​လုပ်​ရ​မယ်​မှန်း သိ​လျက်​နဲ့ မလုပ်​တဲ့​သူ​ဟာ အပြစ်​ရှိ​တယ်။+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ဘု​ရား​သခင်​ဆီ ချဉ်း​ကပ်​ပါ။”