မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မာကု ၉:၁-၅၀

မာတိကာ

  • ယေရှု ကိုယ်​ယောင်​ပြောင်း (၁-၁၃)

  • နတ်​ဆိုး​ပူး​နေ​တဲ့ လူငယ်​လေး​ကို ကု​သပေး (၁၄-၂၉)

    • ယုံ​ကြည်​ခြင်း​ရှိ​သူ​အတွက် မဖြစ်​နိုင်​တာ မရှိ (၂၃)

  • သေဆုံးမ​ယ့်​အကြောင်း ထပ်​မံ​ကြို​ပြော (၃၀-၃၂)

  • ဘယ်​သူ အကြီးမြတ်​ဆုံး​လဲ​ဆို​ပြီး တ​ပည့်တွေ အငြင်း​ပွား (၃၃-၃၇)

  • ကျွန်​တော်​တို့​ကို မဆန့်​ကျင်​တဲ့​သူ​ဟာ ကျွန်​တော်​တို့ ဘက်​က​လူ​ပဲ (၃၈-၄၁)

  • အပြစ်​ကျူး​လွန်​စေ​တဲ့​အရာ (၄၂-၄၈)

  • “အငန်​ဓာတ်​ရှိ​တဲ့ ဆား​လို​ဖြစ်​ကြ​ပါ” (၄၉၊ ၅၀)

 အဲဒီ​နောက် ယေရှု​က “ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်။ ဒီ​မှာ​ရပ်​နေ​သူ​တ​ချို့​ဟာ တန်ခိုး​နဲ့​ရောက်​နှင့်​နေ​တဲ့ ဘုရား​သခင့်​နိုင်​ငံ​တော်​ကို မမြင်​ရ​ခင် သေဆုံး​မှာ မဟုတ်​ဘူး” လို့ သူတို့​ကို ပြော​တယ်။+ ၂  ခြောက်​ရက်​ကြာ​တဲ့​အခါ ယေရှု​က ပေတရု၊ ယာကုပ်​နဲ့ ယောဟန်​တို့​ကို​ပဲ ခေါ်​ပြီး အလွန်​မြင့်​တဲ့​တောင်​ပေါ် တက်​သွား​တယ်။ အဲဒီ​နောက် သူတို့​ရှေ့​မှာ  ယေရှု  ကိုယ်​ယောင်​ပြောင်း​သွား​တယ်။+ ၃  ယေရှု​ရဲ့​ဝတ်​လုံ​ဟာ ဖြူ​ဖွေး​တောက်​ပနေ​တယ်။ အဲဒီ​လောက် ဖြူ​ဖွေး​အောင် ဘယ်​သူ​မှ မလျှော်​နိုင်​ဘူး။ ၄  ဧလိယ​နဲ့ မော​ရှေ​တို့​လည်း ပေါ်​လာ​ပြီး ယေရှု​နဲ့ စကား​ပြော​တယ်။ ၅  အဲဒီ​အခါ ပေတရု​က “ဆ​ရာ၊* ကျွန်​တော်​တို့ ဒီ​မှာ​ရှိ​နေ​ရ​တာ အခွင့်​ထူး​ပါ။ ဒီ​မှာ တဲ​သုံး​လုံး ဆောက်​ပေး​ပါ​ရ​စေ။ ဆ​ရာ့​အတွက် တစ်​လုံး၊ မော​ရှေ​အတွက် တစ်​လုံး၊ ဧလိယ​အတွက် တစ်​လုံး​ပေါ့” လို့​ပြော​တယ်။ ၆  တ​ကယ်​တော့  ပေတရု ဘာ​ပြော​ရ​မှန်း​မသိ ဖြစ်​နေ​တာ။ သူတို့ တော်​တော်  ကြောက်​နေ​ကြ​တယ်။ ၇  အဲဒီ​အချိန်​မှာ တိမ်​တိုက်​ပေါ်​လာ​ပြီး သူတို့​ကို ဖုံး​လွှမ်း​သွား​တယ်။ ပြီး​တော့ “သူ​ဟာ ငါ့​ရဲ့​ချစ်​သား​ပဲ။+ သူ့​စကား​ကို နား​ထောင်​ကြ”+ ဆို​တဲ့​အသံ တိမ်​တိုက်​ထဲ​က​နေ ထွက်​လာ​တယ်။+ ၈  ပတ်​လည်​ကို ကြည့်​လိုက်​တော့ ယေရှု​က​လွဲ​လို့ ဘယ်​သူ့​ကို​မှ မတွေ့​ဘူး။ ၉  တောင်​ပေါ်​က​နေ ပြန်​ဆင်း​လာ​တဲ့​အခါ ယေရှု​က သူတို့​မြင်​ခဲ့​တာ​တွေ​ကို လူ​သား သေရာ​က​နေ အသက်​ပြန်​ရှင်​လာ​ချိန်​မတိုင်​ခင်+ ဘယ်​သူ့​ကို​မှ မပြော​ဖို့ အသေအချာ မှာ​တယ်။+ ၁၀  သူတို့​လည်း ဘယ်​သူ့​ကို​မှ ပြန်​မပြော​ပြဘူး။ ဒါ​ပေမဲ့ သေရာ​က​နေ အသက်​ပြန်​ရှင်​တယ်​ဆို​တာ ဘာ​ကို​ပြော​တာ​လဲ​ဆို​ပြီး ဆွေး​နွေး​ကြ​တယ်။ ၁၁  အဲဒီ​နောက်​ “ဧလိယ+  အရင်​ပေါ်​ထွန်း​မယ်​ဆို​ပြီး ကျမ်း​တတ်​တွေ ဘာ​လို့​ပြော​တာ​လဲ” လို့​မေး​တဲ့​အခါ၊+ ၁၂  ယေရှု​က “ဧလိယ​ဟာ အရင်​ပေါ်​ထွန်း​ပြီး အရာ​အားလုံး​ကို န​ဂို​အတိုင်း​ဖြစ်​အောင် လုပ်​ပေး​မယ်။+ ဒါ​ပေမဲ့ လူ​သား​ဟာ ဝေ​ဒ​နာ​အများ​ကြီး ခံစား​ပြီး+ မထီ​လေး​စား​လုပ်​တာ ခံ​ရ​လိမ့်​မယ်​ဆို​တဲ့+  ကျမ်း​စကား​နဲ့ ဘယ်​လို​ဆက်​စပ်​နေ​သလဲ။ ၁၃  ကျွန်​တော် ပြော​မယ်။ တ​ကယ်​တော့ ဧလိယ+ ပေါ်​ထွန်း​ပြီး​သွား​ပြီ။ သူ​နဲ့​ပတ်​သက်​ပြီး ရေး​ထား​တဲ့​အတိုင်း လူ​တွေ​က သူ့​ကို လုပ်​ချင်​သလို လုပ်​ခဲ့​ကြ​တယ်”+ လို့​ပြော​တယ်။ ၁၄  ယေရှု​နဲ့ တ​ပည့်​သုံး​ယောက်​က တ​ခြား​တ​ပည့်တွေ​ဆီ ပြန်​ရောက်​လာ​တဲ့​အခါ ကျမ်း​တတ်​တွေ​နဲ့ သူတို့ ဆွေး​နွေး​ငြင်း​ခုံ​နေ​တာ၊  လူ​တွေ​အများ​ကြီး ဝိုင်း​အုံ​နေ​တာ​ကို တွေ့​လိုက်​ရ​တယ်။+ ၁၅  လူ​တွေ​က ယေရှု​ကို​တွေ့​တော့ အံ့​အား​သင့်​ပြီး အပြေး​အလွှား လာ​နှုတ်​ဆက်​ကြ​တယ်။ ၁၆  ယေရှု​က “ခင်​ဗျား​တို့ ဘာ​တွေ ဆွေး​နွေး​ငြင်း​ခုံ​နေ​တာ​လဲ” ဆို​ပြီး မေး​တယ်။ ၁၇  လူ​အုပ်​ထဲ​က​တစ်​ယောက်​က “ဆ​ရာ၊ နတ်​ဆိုး​ပူး​လို့ စကား​မပြော​နိုင်​တော့​တဲ့ ကျွန်​တော့်​သား​ကို  ဆ​ရာ့​ဆီ  ခေါ်​လာ​တာ။+ ၁၈  နတ်​ဆိုး​ပူး​တဲ့​အခါ​တိုင်း ကျွန်​တော့်​သား​က မြေပေါ်​ပစ်​လဲ​သွား​တယ်။ ပါး​စပ်​က​နေ အမြှုပ်​ထွက်၊ အံ​ကြိတ်​ပြီး အား​ပြတ်​သွား​တတ်​တယ်။ နတ်​ဆိုး နှင်​ထုတ်​ပေး​ဖို့ ဆ​ရာ့​တ​ပည့်တွေ​ကို အကူ​အညီ​တောင်း​တာ သူတို့ မနှင်​ထုတ်​နိုင်​ဘူး” လို့​ပြော​တယ်။ ၁၉  အဲဒီ​အခါ ယေရှု​က “ယုံ​ကြည်​ခြင်း​မရှိ​တဲ့ လူမျိုး​ဆက်၊+ ခင်​ဗျား​တို့​နဲ့​အတူ ကျွန်​တော် ဘယ်​လောက်​ကြာ​ကြာ ရှိ​နေ​မှာ​လဲ။ ခင်​ဗျား​တို့​ကို ဘယ်​လောက်​ကြာ​ကြာ သည်း​ခံ​နေ​ရ​မှာ​လဲ။ အဲဒီ​လူငယ်​လေး​ကို ခေါ်​လာခဲ့”+ လို့​ပြော​တယ်။ ၂၀  ဒါ​နဲ့ လူငယ်​လေး​ကို ခေါ်​လာ​ကြ​တယ်။ ယေရှု​ကို​လည်း မြင်​ရော နတ်​ဆိုး​က လူငယ်​လေး​ကို တုန်​တက်​စေ​တဲ့​အတွက် မြေပေါ်​လဲ​ကျ​သွား​ပြီး ပါး​စပ်​က​နေ အမြှုပ်​တ​စီ​စီ​နဲ့ လူး​လှိမ့်​နေ​တယ်။ ၂၁  ယေရှု​က “ဒီ​လို​ဖြစ်​တာ ဘယ်​လောက်​ကြာ​ပြီလဲ” လို့​မေး​တော့ ဖခင်​ဖြစ်​သူ​က “ငယ်​ငယ်​က​တည်း​က​ပါ။ ၂၂  နတ်​ဆိုး​က မီး​ထဲ​လဲ​ကျ​အောင် လုပ်​လိုက်၊ ရေ​ထဲ​ကျ​အောင် လုပ်​လိုက်​နဲ့ ကျွန်​တော့်​သား​ကို သေအောင် ခဏ​ခ​ဏ လုပ်​ပါ​တယ်။ ဆ​ရာ တတ်​နိုင်​တယ်​ဆို​ရင် ကျွန်​တော်​တို့​ကို သနား​တဲ့​အနေ​နဲ့ ကု​ပေး​ပါ” လို့​အသနား​ခံ​တယ်။ ၂၃  ယေရှု​က “‘တတ်​နိုင်​ရင်’ လို့ ဘာ​ကြောင့်​ပြော​တာ​လဲ။ ယုံ​ကြည်​ခြင်း​ရှိ​သူ​အတွက် မဖြစ်​နိုင်​တာ မရှိ​ဘူး” လို့​ပြော​တယ်။+ ၂၄  ဒါ​နဲ့ ဖခင်​ဖြစ်​သူ​က ချက်​ချင်း​ပဲ “ကျွန်​တော် ယုံ​ကြည်​ပါ​တယ်။ ယုံ​ကြည်​ခြင်း အား​နည်း​နေ​သေး​ရင် ခိုင်​မာ​လာ​အောင် ကူညီ​ပေး​ပါ”+ လို့​ပြော​တယ်။ ၂၅  လူ​တွေ  ဝိုင်း​အုံ​လာ​တာ​ကို​  ယေရှု​မြင်​တဲ့​အတွက်  “နား​မကြား​အောင်၊ စကား​မပြော​နိုင်​အောင် နှောင့်​ယှက်​နေ​တဲ့  နတ်​ဆိုး၊  ငါ​အမိန့်​ပေး​တယ်။ သူ့​ထဲ​က ထွက်​သွား​စမ်း။ ဘယ်​တော့​မှ ပြန်​မဝင်​နဲ့” ဆို​ပြီး အဲဒီ​နတ်​ဆိုး​ကို ခပ်​ထန်​ထန်  အမိန့်​ပေး​တယ်။+ ၂၆  နတ်​ဆိုး​က  အသံ​ကုန်​အော်​ပြီး​နောက် လူငယ်​လေး​ကို အကြီး​အကျယ် တုန်​တက်​စေ​ပြီး​မှ  ထွက်​သွား​တယ်။ လူငယ်​လေး​က လူ​သေလို ဖြစ်​နေ​လို့ “သူ​သေသွား​ပြီ” လို့ လူ​တွေ​ပြော​ကြ​တယ်။ ၂၇  ယေရှု​က လူငယ်​လေး​ရဲ့​လက်​ကို ကိုင်​ပြီး ဆွဲ​ထူ​ပေးလိုက်​တော့  သူ​ထ​လာ​တယ်။ ၂၈  ယေရှု အိမ်​ထဲ​ဝင်​သွား​တဲ့​အခါ တပည့်​တွေ​က “ကျွန်​တော်​တို့​ကျ​တော့ ဘာ​လို့ နတ်​ဆိုး​ကို မနှင်​ထုတ်​နိုင်​တာ​လဲ” လို့  သီးသန့်  လာ​မေး​တယ်။+ ၂၉  “အဲ​ဒီ​လို​နတ်ဆိုးမျိုးကို ဆုတောင်း​ခြင်းနဲ့ပဲ နှင်ထုတ်နိုင်​တယ်” လို့ ယေရှု​ဖြေတယ်။ ၃၀  အဲဒီ​က​နေ ထွက်​ပြီး ဂါ​လိ​လဲ​နယ်​ကို ဖြတ်​သွား​ကြ​တယ်။ ယေရှု​က အဲဒီ​အကြောင်း​ကို ဘယ်​သူ့​ကို​မှ မသိ​စေ​ချင်​ဘူး။ ၃၁  တ​ပည့်တွေ​ကို သွန်သင်​ပေး​ချင်​လို့​ပဲ။  “လူ​သား​ကို  သစ္စာ​ဖောက်​ပြီး လူ​တွေ​လက်​ထဲ အပ်​ကြ​လိမ့်​မယ်။ အသေသတ်​ကြ​လိမ့်​မယ်။+ လူ​သား​ဟာ အသတ်​ခံ​ရ​ပေမဲ့ သုံး​ရက်​ကြာ​ရင် အသက်​ပြန်​ရှင်​လာ​မယ်” ဆို​ပြီး သူတို့​ကို ပြော​ပြတယ်။+ ၃၂  တ​ပည့်တွေ​က ယေရှု​ပြော​တာ​ကို နား​မလည်​ကြ​ဘူး။ မေး​လည်း မမေး​ရဲ​ကြ​ဘူး။ ၃၃  ဒီ​လို​နဲ့  က​ပေရ​နောင်​မြို့​ကို ရောက်​လာ​တယ်။ အိမ်​ထဲ​မှာ​ရှိ​နေ​တုန်း​ ယေရှု​က “ခင်​ဗျား​တို့ လမ်း​မှာ ဘာ​တွေ​ငြင်း​ခုံ​နေ​ကြ​တာ​လဲ”+ လို့​မေး​တဲ့​အခါ၊ ၃၄  တစ်​ယောက်​မှ ပြန်​မဖြေဘူး။ သူတို့​ထဲ​မှာ ဘယ်​သူ အကြီးမြတ်​ဆုံး​လဲ​ဆို​ပြီး အငြင်း​ပွား​ခဲ့​ကြ​တာ​ကိုး။ ၃၅  ယေရှု​က​ထိုင်​ရင်း​ တမန်​တော် ၁၂ယောက်​ကို​ခေါ်ပြီး​ “ပထ​မဖြစ်​ချင်​တဲ့​သူ​ဟာ နောက်​ဆုံး ဖြစ်​ရ​မယ်။ အားလုံး​ရဲ့​အစေ​ခံ ဖြစ်​ရမယ်”  လို့​ပြော​တယ်။+ ၃၆  အဲဒီ​နောက်​ က​လေး​ငယ်​တစ်​ယောက်​ကို​ ခေါ်​ပြီး သူတို့​အလယ်​မှာ ရပ်​ခိုင်း​တယ်။ သူ့​ပခုံး​ကို ကိုင်​ပြီး​နောက်၊ ၃၇  “ကျွန်​တော့်​နာ​မည်​ကို ထောက်​ပြီး ဒီ​က​လေး​ငယ်​လို လူ​တစ်​ယောက်​ကို လက်ခံ​သူ​ဟာ+ ကျွန်​တော့်​ကို လက်ခံ​တဲ့​သူ​ပဲ။ ကျွန်​တော့်​ကို လက်ခံ​သူ​ဟာ ကျွန်​တော့်​ကို​သာ​မက ကျွန်​တော့်​ကို စေ​လွှတ်​တဲ့​အရှင်​ကို လက်ခံ​သူ​ပဲ”+ လို့​ပြော​တယ်။ ၃၈  ယောဟန်​က “ဆ​ရာ၊ ဆ​ရာ့​နာမည်​သုံး​ပြီး နတ်​ဆိုး​နှင်​ထုတ်​နေ​တဲ့ လူ​တစ်​ယောက်​ကို တွေ့​ခဲ့​တယ်။ ကျွန်​တော်​တို့​ထဲ​က မဟုတ်​လို့ သူ့​ကို တား​လိုက်​တယ်”+ လို့​ပြော​တော့၊ ၃၉  ယေရှု​က “သူ့​ကို မတား​ပါ​နဲ့။ ကျွန်​တော့်​နာ​မည်​သုံး​ပြီး အံ့​ဖွယ်​အမှု​ကို လုပ်​တယ်၊ ပြီး​တာ​နဲ့ ကျွန်​တော့်​မကောင်း​ကြောင်း ပြော​တဲ့​သူ​ရယ်လို့ မရှိ​ပါ​ဘူး။ ၄၀  ကျွန်​တော်​တို့​ကို မဆန့်​ကျင်​တဲ့​သူ​ဟာ ကျွန်​တော်​တို့​ဘက်​က လူ​ပဲ။+ ၄၁  ခင်​ဗျား​တို့​ကို ခ​ရစ်​တော်ရဲ့​တ​ပည့်​ဆို​ပြီး ရေ​တစ်​ခွက် တိုက်​တယ်​ဆို​ပါ​စို့။+ ကျွန်​တော် မှန်တာ​ကို ပြော​မယ်။ သူ​ဟာ အကျိုး​ကျေး​ဇူး မခံ​စား​ရ​ဘဲ မနေ​ဘူး။+ ၄၂  ယုံ​ကြည်​ခြင်း​ရှိ​ပြီး က​လေး​ငယ်​နဲ့​တူ​တဲ့ ဟော​ဒီ​လူ​တွေ​ကို လဲ​ကျ​စေ​သူ​ဆို​ရင်​တော့ ကြိတ်​ဆုံ​ကျောက်​ကြီး​ကို*  လည်​မှာ​  ဆွဲ​ပြီး ပင်လယ်​ထဲ ပစ်​ချ​ခံ​လိုက်​ရ​တာ​က ပို​ကောင်း​ဦး​မယ်။+ ၄၃  “ကိုယ့်​လက်​က အပြစ်​ကျူး​လွန်​စေ​တယ်* ဆို​ရင် လက်​ကို ဖြတ်​ပစ်​လိုက်​ပါ။ မီး​မငြိမ်း​နိုင်​တဲ့ ဂေဟင်နာ* အရပ်​မှာ လက်​အစုံ​နဲ့ ပစ်​ချ​ခံ​ရ​တာ​ထက် လက်​မစုံ​ဘဲ အသက်​ရှင်​ခွင့်​ရ​တာ ပို​ကောင်း​တယ်။+ ၄၄  * ၄၅  ကိုယ့်​ခြေ​ထောက်​က  အပြစ်​ကျူး​လွန်​စေ​တယ်​ဆိုရင် ခြေ​ထောက်​ကို ဖြတ်​ပစ်​လိုက်​ပါ။ ဂေဟင်နာ* အရပ်​မှာ ခြေ​အစုံ​နဲ့  ပစ်​ချ​ခံ​ရ​တာ​ထက်  ခြေ​မစုံ​ဘဲ အသက်​ရှင်​ခွင့်ရတာ  ပိုကောင်းတယ်။+ ၄၆  * ၄၇  ကိုယ့်မျက်​စိ​က အပြစ်​ကျူး​လွန်​စေ​တယ်​ဆို​ရင် မျက်​စိ​ကို  ထုတ်​ပစ်​လိုက်​ပါ။+ ဂေဟင်နာ* အရပ်​ကို မျက်​စိ​အစုံ​နဲ့ ပစ်​ချ​ခံ​ရ​တာ​ထက် မျက်​စိ​တစ်​ဖက်​နဲ့ ဘု​ရား​သခင့် နိုင်​ငံ​တော်​ထဲ  ဝင်​ခွင့်​ရ​တာ  ပို​ကောင်း​တယ်။+ ၄၈  ဂေဟင်နာ​အရပ်​ဟာ လောက်​ကောင်​တွေ မသေတဲ့၊ မီး​မငြိမ်း​တဲ့ အရပ်​ပဲ။+ ၄၉  “ဆား​တွေ ဖြူး​ချ​သလို လူ​တွေအပေါ်  မီး​မိုး  ရွာ​ချ​လိမ့်​မယ်။+ ၅၀  ဆား​ဟာ ကောင်း​ပါ​တယ်။ ဒါ​ပေမဲ့ ဆား​မှာ အငန်​ဓာတ် မရှိ​တော့ရင် ပြန်​ငန်​အောင် လုပ်​လို့ရ​သလား။+ ခင်​ဗျား​တို့​လည်း အငန်​ဓာတ်​ရှိ​တဲ့ ဆား​လို​ဖြစ်​ကြ​ပါ။+ အဲဒီ​လို​ဆို​ရင် အချင်း​ချင်း သင့်​သင့်မြတ်မြတ် ဖြစ်​နေ​ကြ​လိမ့်​မယ်။”+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “ရဗ္ဗိ။”
ဒါ​မှ​မဟုတ်၊ “မြည်း​နဲ့​ဆွဲ​ပြီး ကြိတ်​ရ​တဲ့ ကြိတ်​ဆုံ​ကျောက်​ကို။”
မူ​ရင်း၊ “တိုက်​မိ​လဲ​စေ​တယ်။”
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။