မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မာကု ၁၀:၁-၅၂

မာတိကာ

  • ထိမ်း​မြား​ခြင်း​နဲ့ ကွာ​ရှင်း​ခြင်း (၁-၁၂)

  • က​လေး​တွေ​ကို ယေရှု ကောင်း​ချီး​ပေး (၁၃-၁၆)

  • လူ​ချမ်း​သာ​တစ်​ယောက်​ရဲ့ မေး​ခွန်း (၁၇-၂၅)

  • နိုင်​ငံ​တော်​အတွက် ကိုယ်​ကျိုး​စွန့်​ခြင်း (၂၆-၃၁)

  • သေဆုံးမ​ယ့်​အကြောင်း ထပ်​မံ​ကြို​ပြော (၃၂-၃၄)

  • ယာကုပ်​နဲ့ ယောဟန်​ရဲ့ တောင်း​ဆို​ချက် (၃၅-၄၅)

    • လူ​အများ​အတွက် ရွေး​ဖိုး​ဖြစ်​တဲ့ ယေရှု (၄၅)

  • မျက်​မမြင် ဗာ​တိ​မဲ​ကို ကု​သပေး (၄၆-၅၂)

၁၀  ယေရှု​က အဲဒီ​က​နေ ထွက်​သွား​ပြီး​နောက် ဂျော်​ဒန်​မြစ်​ကို ဖြတ်​ပြီး ယုဒ​နယ်​စပ်​ကို ရောက်​လာ​တယ်။ သူ့​ဆီ လူ​အုပ်​စု​ရုံး​လာ​တဲ့​အတွက် ခါ​တိုင်း​လို​ပဲ သွန်သင်​ပေး​တယ်။+ ၂  ဖာရိ​ရှဲ​တွေ​လည်း အကဲ​စမ်း​ချင်​တဲ့​အတွက် ယေရှု​ဆီ​လာ​ပြီး  ယောက်ျား​တစ်ယောက်​ဟာ ဇနီး​ကို ကွာ​ရှင်း​ခွင့်​ရှိ​သလားလို့ မေး​တော့၊+ ၃  ယေရှု​က “ခင်​ဗျား​တို့ကို​ မော​ရှေ ဘယ်​လို ပညတ်​ထား​သ​လဲ” လို့​ပြန်​မေး​တယ်။ ၄  သူတို့​က “ကွာ​ရှင်း​စာ​ချုပ် ရေး​ပြီး ကိုယ့်​ဇနီး​ကို ကွာ​ရှင်း​ခွင့်​ပြု​တယ်”+ လို့​ဖြေတော့၊ ၅  ယေရှု​က “ခင်​ဗျား​တို့ ခေါင်း​မာ​လို့+ အဲဒီ​ပညတ်​ကို မော​ရှေ ရေး​ပေး​ခဲ့​တာ။+ ၆  တ​ကယ်​တော့  ဖန်​ဆင်း​ခြင်း​အစ​မှာ​ ‘ဘု​ရား​သခင်​က  ယောက်ျား​နဲ့ မိန်းမ​ကို ဖန်​ဆင်း​ခဲ့​တယ်။+ ၇  ဒါ​ကြောင့်​  ယောက်ျား​က  မိ​ဘ​ကို ထား​ခဲ့​ပြီး​နောက်၊+ ၈  သူ​တို့​နှစ်​ယောက်​ဟာ တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​လိမ့်​မယ်။’+ နှစ်​ယောက် မဟုတ်​တော့​ဘဲ  တစ်​သား​တစ်​ကိုယ်​တည်း  ဖြစ်​သွား​ပြီ။ ၉  ဒါ​ကြောင့် ဘုရား​သခင်  တွဲ​ဖက်​ထား​သူ​တွေ​ကို ဘယ်သူ​မှ မခွဲ​ကြ​နဲ့”+ လို့​ ပြော​တယ်။ ၁၀  အိမ်​မှာ​ရှိ​နေ​တုန်း တ​ပည့်တွေ​က အဲဒီ​အကြောင်း​ကို  ထပ်​မေး​တော့၊ ၁၁  ယေရှု​က “ကိုယ့်​ဇနီး​ကို ကွာ​ရှင်း​ပြီး တ​ခြား​မိန်း​မနဲ့ လက်​ထပ်​တဲ့​သူ​ဟာ​ အိမ်​ထောင်​ရေး​ဖောက်​ပြန်​သူ၊+ ကိုယ့်​ဇနီး​ကို ပြစ်​မှား​သူ​ပဲ။ ၁၂  ကိုယ့်​ယောက်ျား​ကို ကွာ​ရှင်း​ပြီး တခြား​တစ်​ယောက်​ကို လက်​ထပ်​တဲ့ မိန်း​မလည်း အိမ်​ထောင်​ရေး​ဖောက်​ပြန်​သူ​ပဲ”+ လို့ ရှင်း​ပြတယ်။ ၁၃  လူ​တွေ​က သူတို့​ရဲ့​က​လေး​တွေ​အပေါ် လက်​တင်​စေ​ချင်​လို့ ယေရှု​ဆီ ခေါ်လာ​တဲ့​အခါ တ​ပည့်တွေ တား​ကြ​တယ်။+ ၁၄  ဒါ​ကို ယေရှု​မြင်​တော့ စိတ်​ဆိုး​ပြီး “ကျွန်​တော့်​ဆီ က​လေး​တွေ လာ​တာ​ကို မတား​ပါ​နဲ့။ ဘု​ရား​သခင့် နိုင်​ငံ​တော်​ဟာ ဒီ​က​လေး​ငယ်​လို လူ​တွေရဲ့ နိုင်​ငံ​ပဲ။+ ၁၅  ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ ဘု​ရား​သခင့် နိုင်​ငံ​တော်​ကို ဒီ​က​လေး​ငယ် လက်ခံ​သလို လက်မခံ​​ဘူး​ဆို​ရင် နိုင်​ငံ​တော်​ထဲ လုံး​ဝ​ဝင်​ရ​မှာ မဟုတ်ဘူး” လို့​ပြော​တယ်။+ ၁၆  အဲ​ဒီ​နောက် က​လေး​ငယ်​တွေ​ကို ပွေ့​ဖက်​တယ်။ သူတို့​အပေါ် လက်​တင်​ပြီး ကောင်း​ချီး​ပေး​တယ်။+ ၁၇  ယေရှု လမ်း​မှာ​သွား​နေ​တုန်း လူ​တစ်​ယောက် ပြေး​လာ​ပြီး ရှေ့​မှာ ဒူး​ထောက်​ရင်း  “ကောင်းမြတ်​တဲ့​ဆ​ရာ၊ ထာ​ဝ​ရ​အသက်​ကို အမွေ​ရ​ဖို့ ကျွန်​တော် ဘာ​လုပ်​ရ​မလဲ” လို့​မေး​တဲ့​အခါ၊+ ၁၈  ယေရှု​က “ကျွန်​တော့်​ကို ကောင်းမြတ်​တဲ့ ဆ​ရာ​ဆို​ပြီး ဘာ​လို့​ခေါ်​တာ​လဲ။ ဘု​ရား​သခင်​က​လွဲ​လို့ ကောင်းမြတ်​တဲ့​သူ  ဘယ်​သူ​မှ​မရှိ​ဘူး။+ ၁၉  ‘လူ့​အသက် မသတ်​နဲ့။+ အိမ်​ထောင်​ရေး မဖောက်​ပြန်​နဲ့။+ မခိုး​နဲ့။+ မဟုတ်​မမှန် သက်​သေမထွက်​ဆို​နဲ့။+ မလှည့်​ဖြား​နဲ့။+ မိ​ဘ​ကို ရို​သေပါ’+ ဆို​တဲ့​ပညတ်​တွေ​ကို သိ​တယ်​မဟုတ်​လား” လို့​ပြော​တယ်။ ၂၀  အဲဒီ​လူ​က “ဆ​ရာ၊ အဲဒီ​ပညတ်​အားလုံး​ကို ကျွန်​တော် ငယ်​ငယ်​က​တည်း​က လိုက်​နာ​ခဲ့​ပါ​ပြီ” လို့​ပြော​တော့၊ ၂၁  ယေရှု​က သူ့​ကို ချစ်​တဲ့​စိတ်​နဲ့ ကြည့်​ပြီး “လုပ်​စ​ရာ​တစ်​ခု ရှိ​သေး​တယ်။ ခင်​ဗျားရဲ့​ပစ္စည်းတွေ​ကို သွား​ရောင်း​ပြီး ဆင်း​ရဲ​သား​တွေ​ကို ပေး​ကမ်း​ပါ။ ဒါ​ဆို​ရင် ကောင်း​ကင်​ဘဏ္ဍာ​ကို ရ​လိမ့်​မယ်။ ပြီး​မှ ကျွန်​တော့်​နောက်​လိုက် လုပ်​ပါ”+ လို့​ပြော​တယ်။ ၂၂  အဲဒီ​စကား​ကို ကြား​တဲ့​အခါ အလွန်​ချမ်း​သာ​တဲ့ အဲဒီ​လူ​ဟာ ဝမ်း​နည်း​ပြီး ထွက်​သွား​တယ်။+ ၂၃  အဲဒီ​အခါ ယေရှု​က ပတ်​လည်​ကို ကြည့်​ပြီး​နောက် တ​ပည့်တွေ​ကို “ချမ်း​သာ​သူ​တွေ ဘု​ရား​သခင့် နိုင်​ငံ​တော်​ကို ဝင်​ဖို့ သိပ်​ခက်​တယ်”+ လို့​ပြော​တယ်။ ၂၄  အဲဒီ​စကား​ကြောင့် တ​ပည့်တွေ  တအံ့​တ​သြ  ဖြစ်​သွား​တယ်။ ဒါ​နဲ့ ယေရှု​က တ​ပည့်တွေ​ကို “ချစ်​သား​တို့၊ ဘုရား​သခင့် နိုင်​ငံ​တော်​ကို ဝင်​ဖို့ သိပ်​ခက်​တယ်။ ၂၅  ဘုရား​သခင့် နိုင်ငံ​တော်​ကို ချမ်း​သာ​တဲ့​သူ ဝင်တာ​ထက်  အပ်​ပေါက်​ထဲ  ကု​လား​အုတ်​ လျှိုဝင်​တာ​က​မှ လွယ်​ဦး​မယ်”+ လို့​ပြော​တယ်။ ၂၆  တ​ပည့်တွေ ပို​လို့​တောင် အံ့​သြသွား​ပြီး “ဒါ​ဆို​ရင် ကယ်​တင်​ခံ​ရ​မယ့်​သူ ရှိ​နိုင်​ပါ​ဦး​မလား” လို့​မေး​တယ်။+ ၂၇  ယေရှု​က သူတို့​ကို စူး​စိုက်​ကြည့်​ပြီး “လူ​တွေ​အတွက် ဒါ​ဟာ မဖြစ်​နိုင်​တဲ့​အရာ​ပဲ။ ဘု​ရား​အတွက်​တော့ အဲဒီ​လို မဟုတ်​ဘူး။  ဘု​ရား​သခင်​အတွက်  အရာ​အားလုံး ဖြစ်​နိုင်​တယ်”+ လို့​ပြော​တယ်။ ၂၈  ပေတရု​က “ကျွန်​တော်​တို့ ရှိ​သမျှ​ကို​စွန့်​ပြီး သခင့်​နောက်​ကို  လိုက်​ပါ​ပြီ” လို့​ပြော​တော့၊+ ၂၉  ယေရှု​က “ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်။ ကျွန်​တော့်​နာ​မည်​ကြောင့်၊ သတင်း​ကောင်း​ကြောင့် မိ​ဘ၊ ညီ​အစ်​ကို​မောင်​နှ​မ၊ သား​သမီး၊ အိမ်၊ မြေယာ တစ်​ခု​ခု​ကို စွန့်​လွှတ်​လိုက်​ရ​သူ​တိုင်း၊+ ၃၀  အခု​အချိန်​မှာ မိ​ဘ၊ ညီ​အစ်​ကို​မောင်​နှ​မ၊ သား​သမီး၊ အိမ်၊ မြေယာ အဆ ၁၀၀ ပြန်​ရ​မယ့်​အပြင် ညှဉ်း​ဆဲ​တာ ခံ​ရ​မယ်။+ နောင်​လာ​မယ့် လော​က​စ​နစ်* မှာ​လည်း ထာ​ဝ​ရ​အသက်​ကို ရဦး​မယ်။ ၃၁  ဒါ​ပေမဲ့ ရှေ့​ဆုံး​က လူ​အတော်​များ​များ နောက်​ဆုံး​ကို ရောက်​လိမ့်​မယ်။ နောက်​ဆုံး​က​လူ​တွေ ရှေ့​ဆုံး​ကို ရောက်​လိမ့်​မယ်”+ လို့​ပြော​တယ်။ ၃၂  ဂျေရု​ဆ​လင်​မြို့​ကို တက်​သွား​တဲ့​လမ်း​မှာ ယေရှု​က ရှေ့​ကို​ရောက်​နှင့်​နေ​တဲ့​အတွက်  တ​ပည့်တွေ  အံ့​သြကြ​တယ်။ လိုက်​ပါ​လာ​တဲ့ တ​ခြား​သူ​တွေ​က​တော့ ကြောက်​နေ​တယ်။ ဒီ​တစ်​ကြိမ်​မှာ​လည်း ယေရှု​က တမန်​တော် ၁၂ ယောက်​ကို​ပဲ ခေါ်​ပြီး သူ​ကြုံ​ရ​မယ့်​အရာတွေ​ကို အခု​လို​ပြော​ပြတယ်–+ ၃၃  “အခု ကျွန်​တော်​တို့ ဂျေရု​ဆ​လင်​မြို့​ကို သွား​နေ​တယ်။ လူ​သား​ကို ပု​ရော​ဟိတ်​ကြီး​တွေ၊ ကျမ်း​တတ်​တွေ​လက်​ထဲ အပ်​ကြ​လိမ့်​မယ်။ သေဒဏ်​စီ​ရင်​ကြ​လိမ့်​မယ်။ လူမျိုး​ခြား​တွေ​လက်​ထဲ အပ်​ကြ​လိမ့်​မယ်။ ၃၄  လှောင်​ပြောင်​ရိုက်​နှက်​ပြီး တံ​တွေး​ထွေး​ကြ​မယ်။  အသေသတ်​ကြ​လိမ့်​မယ်။  ဒါ​ပေမဲ့  သုံး​ရက်​ကြာ​ရင် အသက်​ပြန်​ရှင်​လာ​လိမ့်​မယ်။”+ ၃၅  ဇေဗေဒဲရဲ့ သား​နှစ်​ယောက်​ဖြစ်​တဲ့  ယာကုပ်​နဲ့​ယောဟန်​က+  ယေရှု​အနား လာ​ပြီး “ဆ​ရာ၊ ကျွန်​တော်​တို့ တောင်း​ဆို​တာ​ကို  လုပ်​ပေး​စေ​ချင်​တယ်” လို့​ပြော​တော့၊+ ၃၆  ယေရှု​က  “ဘာ​လုပ်​ပေး​စေ​ချင်​သလဲ”  လို့​မေး​တယ်။ ၃၇  “နိုင်ငံ​တော်​မှာ ကျွန်​တော်​တို့​ကို  ဘယ်​ဘက်​မှာ  တစ်​ယောက်၊ ညာ​ဘက်​မှာ တစ်​ယောက် ထိုင်​ခွင့်​ပေး​ပါ”+ လို့​ တောင်း​ဆို​တယ်။ ၃၈  ယေရှု​က “ခင်​ဗျား​တို့ ဘာ​တောင်း​နေ​မှန်း ခင်​ဗျား​တို့​ မသိ​ဘူး။ ကျွန်​တော်​သောက်​မယ့် ခွက်​ကို* ခင်​ဗျား​တို့ သောက်​နိုင်​လို့​လား။ ကျွန်​တော်​ခံ​မယ့် နှစ်ခြင်း​ကို ခင်​ဗျား​တို့ ခံ​နိုင်​လို့​လား”+ ဆို​ပြီး​မေး​တဲ့အခါ၊ ၃၉  သူတို့​က  “ခံ​နိုင်​ပါ​တယ်”​ လို့​ဖြေတယ်။  အဲဒီ​အခါ ယေရှု​က “ကျွန်​တော်​သောက်​မယ့် ခွက်​ကို ခင်​ဗျား​တို့ သောက်​ရ​မှာ​ပါ။  ကျွန်​တော်​ခံ​မယ့် နှစ်ခြင်း​ကို​လည်း ခင်​ဗျား​တို့ ခံ​ရ​မှာ​ပါ။+ ၄၀  ဒါ​ပေမဲ့ ကျွန်​တော့်ရဲ့ ဘယ်​ညာ​နှစ်​ဖက်​မှာ ဘယ်​သူ​တွေ ထိုင်​ရ​မယ်​ ဆို​တာ​ကို ကျွန်​တော် ဆုံး​ဖြတ်​ပိုင်​ခွင့်​မရှိ​ဘူး။ အဖဘု​ရား​ပဲ ဆုံး​ဖြတ်​လိမ့်​မယ်” လို့​ပြော​တယ်။ ၄၁  အဲဒီ​အကြောင်း​ကို  ကျန်​တဲ့​တပည့်​ဆယ်​ယောက်  ကြား​တဲ့​အခါ ယာကုပ်​နဲ့ ယောဟန်​ကို စိတ်​ဆိုး​ကြ​တယ်။+ ၄၂  ယေရှု​က  သူတို့​ကို ခေါ်​ပြီး “လော​က​အုပ်​စိုး​ရှင်​တွေ​ဟာ နိုင်ထက်​စီး​နင်း လုပ်​တတ်​မှန်း၊ ခေါင်း​ဆောင်​တွေ​က​လည်း အာ​ဏာ​ပြတတ်​မှန်း ခင်​ဗျား​တို့ အသိ​ပဲ။+ ၄၃  ခင်​ဗျား​တို့​က​တော့ အဲဒီ​လို မဖြစ်​ရ​ဘူး။ ကြီးမြတ်​ချင်​သူ​တိုင်း အစေ​ခံ​ဖြစ်​ရ​မယ်။+ ၄၄  ခင်​ဗျား​တို့​ထဲ​မှာ ပထ​မနေ​ရာ ရ​ချင်​သူ​တိုင်း အားလုံး​ရဲ့​ကျွန် ဖြစ်​ရ​မယ်။ ၄၅  လူ​သား​လည်း သူ​တစ်ပါး​ကို စေ​ခိုင်း​ဖို့ လာ​တာ​မဟုတ်​ဘူး။ သူ​တစ်ပါး​အစေ​ကို​ခံ​ပြီး+ လူ​အများ​အတွက် ရွေး​ဖိုး​အဖြစ် အသက်​ပေး​ဖို့ ရောက်​လာ​တာ”+ လို့​ပြော​တယ်။ ၄၆  အဲဒီ​နောက် ယေ​ရိ​ခေါ​မြို့​ထဲ ဝင်​သွား​ကြ​တယ်။ ယေရှု​က တ​ပည့်တွေ၊ လူ​အုပ်​တွေ​နဲ့​အတူ ယေ​ရိ​ခေါ​မြို့​က​နေ ပြန်​ထွက်​လာ​ချိန်​မှာ တိ​မဲ​ရဲ့​သား ဗာ​တိ​မဲ​လို့​ခေါ်​တဲ့ မျက်​မမြင် သူ​တောင်း​စား​တစ်​ယောက် လမ်း​ဘေး​မှာ ထိုင်​နေ​တယ်။+ ၄၇  နာ​ဇ​ရက်​မြို့​သား ယေရှု​ဖြတ်​သွား​တာ​ကို ကြား​တဲ့​အခါ “ဒါဝိဒ်ရဲ့​သား+ ယေရှု၊ ကျွန်​တော့်​ကို သနား​ပါ​ဦး”+ လို့အော်​ပြော​တယ်။ ၄၈  လူ​တွေ​က သူ့​ကို တိတ်​တိတ်​နေ​ဖို့ တား​ကြ​ပေမဲ့ “ဒါဝိဒ်​ရဲ့​သား၊ ကျွန်​တော့်​ကို သနား​ပါ​ဦး” ဆို​ပြီး ပို​လို့​တောင် အော်​တယ်။ ၄၉  ယေရှု​က ရပ်​ပြီး “သူ့​ကို ခေါ်​လာခဲ့” လို့​ပြော​လိုက်​တဲ့​အခါ လူ​တွေ​က မျက်​မမြင်​ကို “မကြောက်​နဲ့။ ထ​တော့။ မင်း​ကို ခေါ်​နေ​တယ်” လို့​ပြော​ပြီး ခေါ်​လာ​ကြ​တယ်။ ၅၀  အဲဒီ​အခါ သူ​က အပေါ်​ဝတ်ရုံကို ချွတ်​ပြီး  ယေရှု​ဆီ  ထ​သွား​တယ်။ ၅၁  ယေရှု​က “ခင်​ဗျား​အတွက် ဘာ​လုပ်​ပေး​ရ​မလဲ” လို့​မေး​တော့ မျက်​မမြင်​က “ဆ​ရာ၊  ကျွန်​တော့်​ကို  မျက်​စိ​မြင်​အောင် လုပ်​ပေး​ပါ” လို့​အသနား​ခံ​တယ်။ ၅၂  ယေရှု​က “ပြန်​သွား​ပါ။ ခင်​ဗျားရဲ့ ယုံ​ကြည်​ခြင်း​က မျက်​စိ​ပြန်​မြင်​စေ​ပြီ”+ လို့​ပြော​လိုက်​တဲ့​အခါ ချက်​ချင်း သူ မျက်​စိ​ပြန်​မြင်​လာ​ပြီး+ ယေရှု​နောက်​ကို လိုက်​တော့​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ဘု​ရား​ကို​စော်​ကား​ပြော​ဆို​သူ​ဆို​တဲ့ စွဲ​ချက်​နဲ့ ယေရှု​သေဆုံး​ဖို့ ဘု​ရား​အလို​ရှိ​တာ​ကို ဆိုလို။