မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပညာအလိမ္မာ ၂၉:၁-၂၇

မာတိကာ

  • မဆုံးမ​တဲ့​က​လေး အရှက်​ခွဲ​တတ် (၁၅)

  • ဘုရား​လမ်း​ညွှန်​မှု မရှိ​ရင် စည်း​လွတ်​ဝါး​လွတ်​ဖြစ် (၁၈)

  • ဒေါသ​ကြီး​သူ ရန်​တွေ့​စေ​တတ် (၂၂)

  • စိတ်​နှိမ့်​ချ​သူ ဂုဏ်​သရေ​ရ (၂၃)

  • လူ​ကို​ကြောက်​စိတ်​ဟာ ကျော့​ကွင်း (၂၅)

၂၉  အကြိမ်​ကြိမ် ပဲ့​ပြင်​ခံ​ရ​ပေမဲ့ ခေါင်း​မာ​မြဲ မာ​တဲ့​သူ​ဟာ*+နာ​လန်​မထူ​နိုင်​အောင် ရုတ်​တ​ရက် ပျက်​စီး​သွား​လိမ့်​မယ်။+  ၂  ဖြောင့်​မတ်​သူ​တွေ များ​လာ​တဲ့​အခါ လူ​တွေ ဝမ်း​မြောက်​ကြ​တယ်။ လူ​ဆိုး​တွေ အုပ်​ချုပ်​တဲ့​အခါ​မှာ​တော့ လူ​တွေ ညည်း​တွား​ကြ​တယ်။+  ၃  ဉာဏ်​ပညာ​ကို ချစ်မြတ်​နိုး​သူ​ဟာ  ဖခင်​ကို ဝမ်း​မြောက်​စေ​တယ်။+ ပြည့်​တန်​ဆာ​တွေ​နဲ့ ပေါင်း​ဖော်​သူ​က​တော့ စည်း​စိမ်​တွေ​ကို ဖြုန်း​တီး​ပစ်​တယ်။+  ၄  ဘု​ရင် တ​ရား​မျှ​တ​ရင် တိုင်း​ပြည်​တည်​ငြိမ်​တယ်။+ လာဘ်​စား​တဲ့​သူ​က​တော့ တိုင်း​ပြည်​ကို ပျက်​စီး​စေ​တယ်။  ၅  အပေါင်း​အဖော်​ကို မြှောက်​ပင့်​တဲ့​သူ​ဟာအပေါင်း​အဖော်ရဲ့ ခြေ​ကို ကျော့​မိအောင် ပိုက်​ထောင်​တဲ့​သူ​ပဲ။+  ၆  လူ​ဆိုး​က ကိုယ့်​အမှား​နဲ့​ကိုယ် ကျော့​ကွင်း​မိ​တတ်​တယ်။+ ဖြောင့်​မတ်​သူ​က​တော့ ရွှင်​လန်း​စွာ ကြွေး​ကြော်​ပြီး ဝမ်း​မြောက်​နေ​တယ်။+  ၇  ဖြောင့်​မတ်​သူ​က ဆင်း​ရဲ​သား​ရဲ့​ ရပိုင်​ခွင့်​တွေ​ကို အလေး​ထားတယ်။+ လူ​ဆိုး​က​တော့ အလေး​မထား​ဘူး။+  ၈  လူ​ကြွား​တွေ​က မြို့​ထဲ​မှာ ဒေါသ​မီး တောက်​စေ​တယ်။+ ဉာဏ်​ပညာ​ရှိ​သူ​တွေ​က​တော့ ဒေါသ​ကို ငြိမ်း​စေ​တယ်။+  ၉  ဉာဏ်​ပညာ​ရှိ​သူ​နဲ့ မိုက်​မဲ​သူ​ အချေအတင်​ဖြစ်​တဲ့​အခါအော်​ကြီး​ဟစ်​ကျယ်​ပြော​တာ၊ လှောင်​ပြောင်​တာ​တွေ ဖြစ်​လိမ့်​မယ်။ ဒါ​ပေမဲ့ ပြေလည်​မှာ မဟုတ်​ဘူး။+ ၁၀  သွေး​ဆာ​တဲ့​သူ​တွေ​ဟာ အပြစ်​မဲ့​သူ​တွေ​ကို မုန်း​တယ်။+ စိတ်​ရိုး​ဖြောင့်​သူ​ရဲ့ အသက်​ကို သတ်​ဖို့ ရှာ​ကြံ​တတ်​တယ်။* ၁၁  မိုက်​မဲ​တဲ့​သူ​က ခံစား​ရ​သမျှ အကုန် ထုတ်​ဖော်​တတ်​တယ်။+ ဉာဏ်​ပညာ​ရှိ​သူ​က​တော့ အေးဆေး​တည်​ငြိမ်​စွာ ထိန်း​ချုပ်​တတ်​တယ်။+ ၁၂  အုပ်​စိုး​ရှင်​က အလိမ်​အညာ​စကား​တွေ​ကို အာ​ရုံ​စိုက်​တဲ့​အခါအမှု​ထမ်း​အားလုံး ဆိုး​ညစ်​လာ​လိမ့်​မယ်။+ ၁၃  ဆင်း​ရဲ​သား​နဲ့ ဖိ​နှိပ်​သူ​ရဲ့ တူ​ညီ​ချက်​က​တော့နှစ်​ယောက်​စ​လုံး​ကို ယေဟောဝါ​က မျက်​စိ​အလင်း​ပေး​တယ်​ဆို​တဲ့ အချက်​ပဲ။ ၁၄  ဘု​ရင်​က နွမ်း​ပါး​သူ​တွေ​ကို မျှ​မျှ​တ​တ တ​ရား​စီ​ရင်​တဲ့​အခါ+ရာ​ဇ​ပလ္လင်​ဟာ တည်​မြဲနေ​ လိမ့်​မယ်။+ ၁၅  ပဲ့​ပြင်​မှု​နဲ့ ကြိမ်​လုံး​က ဉာဏ်​ပညာ​ရ​စေ​တယ်။+ မဆုံးမ​ဘဲ​လွှတ်​ထား​တဲ့ က​လေး​ကတော့ မိ​ခင်​ကို အရှက်ခွဲ​လိမ့်မယ်။ ၁၆  လူ​ဆိုး​တွေ များ​လာ​တဲ့​အခါ ပြစ်​မှား​မှု​တွေ များ​လာ​တယ်။ ဖြောင့်​မတ်​သူ​တွေ​က​တော့ လူ​ဆိုး​တွေ ကျ​ဆုံး​တာ​ကို မြင်​ရ​လိမ့်​မယ်။+ ၁၇  သား​ကို ဆုံးမ​ပါ။ သူ့​ကြောင့် စိတ်​ချမ်း​သာ​ရ​လိမ့်​မယ်။ နှစ်​ထောင်း​အား​ရ ဖြစ်​လိမ့်​မယ်။+ ၁၈  ဘု​ရား​သခင့်​လမ်း​ညွှန်​မှု* မရှိ​ရင် လူ​တွေ စည်း​လွတ်​ဝါး​လွတ် ဖြစ်​တတ်​တယ်။+ ပညတ်​စောင့်​ထိန်း​သူ​တွေ​က​တော့ ပျော်​ရွှင်​ချမ်း​မြေ့တယ်။+ ၁၉  ကျွန်​ကို စကား​နဲ့​ပဲ ဆုံးမ​လို့ရ​မှာ မဟုတ်​ဘူး။ သူ​က နား​လည်​ပေမဲ့ နာ​ခံ​မှာ မဟုတ်​ဘူး။+ ၂၀  စကား​ကို လွှတ်​ခ​နဲ​ပြော​တတ်​သူ​ကို တွေ့​ဖူး​သလား။+ သူ​လို​လူ​ထက် ဉာဏ်​တိမ်​တဲ့​သူ​က ပို​မျှော်​လင့်​ချက်​ရှိ​တယ်။+ ၂၁  ကျွန်​ကို ငယ်​ငယ်​က​တည်း​က အလို​လိုက်​လွန်း​ရင်နောင်​တစ်​ချိန်​မှာ ကျေး​ဇူး​ကန်း​တတ်​တယ်။ ၂၂  ဒေါသ​ကြီး​သူ​က ရန်​တွေ့​ဖို့ လှုံ့ဆော်​တတ်​တယ်။+ ဒေါသ​ထွက်​လွယ်​သူ​က အမှား​အများ​ကြီး ကျူး​လွန်​တတ်​တယ်။+ ၂၃  မာန်​မာ​န​က လူ​တစ်​ယောက်​ကို နှိမ့်​ချ​ပစ်​လိမ့်​မယ်။+ စိတ်​နှိမ့်​ချ​သူ​က​တော့ ဂုဏ်​သရေ ရ​လိမ့်​မယ်။+ ၂၄  သူ​ခိုး​ကြံ​ရာ​ပါ​ဟာ ကိုယ့်​ကိုယ်​ကိုယ် မုန်း​တဲ့​သူ​ပဲ။ သက်​သေထွက်​ဆို​ပေး​ဖို့​ တောင်း​ဆိုတဲ့​စကား​ကို သူ​ကြားပေမဲ့ ဘာ​သတင်း​မှ မပေး​တတ်ဘူး။+ ၂၅  လူ​ကို​ကြောက်​တဲ့​စိတ်​ဟာ ကျော့​ကွင်း​ပဲ။+ ယေဟောဝါ​ကို ယုံ​ကြည်​ကိုး​စား​သူ​က​တော့ ကာ​ကွယ်​ခံ​ရ​လိမ့်​မယ်။+ ၂၆  အုပ်​စိုး​ရှင်​နဲ့ တွေ့​ခွင့်​ရ​ဖို့ ကြိုး​စား​သူတွေ* အများ​ကြီး​ရှိ​တယ်။ ဒါ​ပေမဲ့ တ​ရား​မျှ​တ​မှု​ကို​တော့ ယေဟောဝါ​ဆီ​က​ပဲ​ရ​တယ်။+ ၂၇  ဖြောင့်​မတ်​သူ​က မတ​ရား​တဲ့​သူ​ကို ရွံ​မုန်း​တယ်။+ လူ​ဆိုး​က​တော့ ဖြောင့်​မှန်​တဲ့​လမ်း​စဉ်​လိုက်​သူ​ကို ရွံ​မုန်း​တယ်။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “လည်​ပင်း​ခိုင်​မာ​တဲ့​သူ​ဟာ။”
“စိတ်​ရိုး​ဖြောင့်​သူ​ဟာ ကိုယ့်​အသက်​ကို ကာ​ကွယ်​တတ်​တယ်” လည်း​ဖြစ်​နိုင်။
ဒါ​မှ​မဟုတ်၊ “စိတ်​အာ​ရုံ။”
“အုပ်​စိုး​ရှင်​ရဲ့ မျက်​နှာ​သာ ရ​ချင်​သူ​တွေ” လည်း​ဖြစ်​နိုင်။