မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နေဟမိ ၈:၁-၁၈

မာတိကာ

  • လူ​တွေ​ကို ပညတ်​ကျမ်း​ဖတ်​ပြ၊ ရှင်း​ပြ (၁-၁၂)

  • တဲ​နေ​ပွဲ ကျင်း​ပ (၁၃-၁၈)

 အဲဒီ​နောက် ရေ​တံခါး​ရှေ့​မှာ​ရှိ​တဲ့+ လူ​ထု​ရင်​ပြင်​မှာ လူ​အားလုံး တ​ညီ​တ​ညွတ်​တည်း စု​ဝေး​ကြ​တယ်။ အစ္စရေး​တွေ​အတွက်  ယေဟောဝါ​ပေး​ခဲ့​တဲ့+ မောရှေ​ပညတ်​ကျမ်း​ကို+ ယူ​လာ​ပါ​ဆို​ပြီး ကျမ်း​ကူး​သူ ဧဇရ​ကို+ ပြော​တော့၊ ၂  ခု​နစ်​လ​ပိုင်း တစ်​ရက်​နေ့​မှာ+ ပုရော​ဟိတ်​ဧဇရ​က  ယောက်ျား​မိန်း​မတွေ၊ ကြား​တဲ့​အရာ​ကို နား​လည်​နိုင်​သူ​တွေ​ပါ​ဝင်​တဲ့  လူ​စု​ကြီး​ရှေ့​ကို ပညတ်​ကျမ်း ယူ​လာ​တယ်။+ ၃  သူ​က ရေ​တံခါး​ရှေ့ လူ​ထု​ရင်​ပြင်​မှာ​ရောက်​နေ​တဲ့ ယောက်ျား​မိန်း​မတွေ၊ နား​လည်​နိုင်​သူ​တွေ အားလုံး​ရှေ့​မှာ မနက်​မိုး​လင်း​ချိန်​က​နေ နေ့​လယ်​အထိ ပညတ်​ကျမ်း​ကို အသံ​ကျယ်​ကျယ် ဖတ်​ပြတယ်။+ လူ​တွေ​လည်း အာ​ရုံ​စိုက် နား​ထောင်​ကြ​တယ်။+ ၄  အဲဒီ​အခါ​သမယ​အတွက် လုပ်​ထား​တဲ့ သစ်​သား​စင်​မြင့်​ပေါ်​မှာ ကျမ်း​ကူး​သူ​ဧဇရ ရပ်​နေ​တယ်။ သူ့​ရဲ့​ညာ​ဘက်​မှာ မာ​တ​သိ၊ ရှေမာ၊ အာ​န​ယ၊ ဥရိယ၊ ဟိ​လ​ခိ၊ မာသေ​ယ၊ ဘယ်​ဘက်​မှာ ပေဒါ​ယ၊ မိ​ရှေ​လ၊ မာလခိ​ယ၊+ ဟာ​ရှုံ၊ ဟာ​ရှ​ဗ​ဒါ​န၊ ဇာခရိ၊ မေရှု​လံ​တို့ ရပ်​နေ​တယ်။ ၅  ဧဇရ​ဟာ လူ​အားလုံး​ထက် မြင့်​တဲ့​နေ​ရာ​မှာ ရပ်​နေ​တော့ လူ​တွေ​က သူ့​ကို ကြည့်​နေ​တယ်။ ပညတ်​ကျမ်း​ကို သူ​ဖွင့်​လိုက်​တဲ့​အခါ လူ​အားလုံး မတ်​တတ်​ရပ်​နေ​ကြ​တယ်။ ၆  အဲဒီ​နောက် ဧဇရ​က ကြီးမြတ်​တဲ့​အရှင်၊ စစ်​မှန်​တဲ့​ဘုရား ယေဟောဝါ​ကို ချီး​မွမ်း​တဲ့​အခါ လူ​အားလုံး​က “အာ​မင်၊ အာ​မင်”*+ လို့​ပြော​ပြီး ကောင်း​ကင်​ပေါ် လက်​ဖြန့်​ကြ​တယ်။ ပြီး​တော့ ယေဟောဝါ​ကို ဦး​ချ​ပျပ်​ဝပ်​ကြ​တယ်။ ၇  အဲဒီ​နောက် လူ​တွေ မတ်​တတ်​ရပ်​ကြ​တယ်။ လေ​ဝိအမျိုး​သား​တွေ​ဖြစ်​တဲ့ ယေ​ရွှာ၊ ဗာ​နိ၊ ရှေ​ရ​ဘိ၊+ ယာ​မိန်၊ အက္ကုပ်၊ ရှ​ဗေ​သဲ၊ ဟော​ဒိ​ယ၊ မာ​သေယ၊ ကေ​လိ​တ၊ အာဇ​ရိ၊ ယော​ဇ​ဗတ်၊+ ဟာ​နန်​နဲ့ ပေလာ​ယ​တို့က  လူ​တွေ​ကို  ပညတ်​တရား​အ​ကြောင်း ရှင်း​ပြတယ်။+ ၈  သူတို့​က ဘုရား​သခင်​ရဲ့ ပညတ်​ကျမ်း​ကို အသံ​ကျယ်​ကျယ်​ဖတ်​ပြီး အနက်​အဓိပ္ပာယ်​ကို ရှင်း​ပြတယ်။ ဖတ်​ပြတဲ့​အရာ​ကို လူ​တွေ သဘော​ပေါက်​အောင် ကူညီ​ပေး​တယ်။+ ၉  လူ​တွေ​ဟာ ပညတ်​ကျမ်း​မှာ​ပါ​တဲ့ စကား​တွေ​ကို ကြား​ရ​တဲ့​အခါ ငို​ကြ​တယ်။ ဒါ​ကြောင့် ဘုရင်​ခံ* နေဟမိ၊ ကျမ်း​ကူး​သူ ပု​ရော​ဟိတ်​ဧဇရ၊+ လူ​တွေကို  သွန်သင်​ပေး​တဲ့  လေ​ဝိအမျိုး​သား​တွေ​က “ဒီ​နေ့​ဟာ ယေဟောဝါ​ဘုရား​အတွက်  မြင့်မြတ်​တဲ့​နေ့​ပဲ။+  ဒါ​ကြောင့် ဝမ်း​မနည်း​ကြ​ပါ​နဲ့။ မငို​ကြ​ပါ​နဲ့” ဆို​ပြီး​ပြော​တယ်။ ၁၀  ပြီး​တော့ နေဟမိ​က  “သွား​ကြ။  စား​ကောင်း​သောက်​ဖွယ်​တွေ​ကို စား​သောက်​ကြ​ပါ။ အစား​အစာ​ပြင်​ဆင်​ဖို့ မတတ်​နိုင်​သူ​တွေ​အတွက်​လည်း ပို့​ပေး​လိုက်​ပါ။+ ဒီ​နေ့​ဟာ ကျွန်​တော်​တို့​ရဲ့ သခင်​အတွက် မြင့်မြတ်​တဲ့​နေ့​ပဲ။ စိတ်​မကောင်း မဖြစ်​ကြ​ပါ​နဲ့။   ယေဟောဝါ​ဘုရား  ပေး​သနား​တဲ့ ဝမ်း​မြောက်​ခြင်း​ဟာ ခင်​ဗျား​တို့​အတွက်  ရဲတိုက်​ပဲ”  ဆို​ပြီး  ပြော​တယ်။ ၁၁  လေ​ဝိအမျိုး​သား​တွေ​က​လည်း “တိတ်​ပါ​တော့။ ဝမ်း​မနည်း​ကြ​ပါ​နဲ့​တော့။ ဒီ​နေ့​ဟာ မြင့်မြတ်​တဲ့​နေ့​ပဲ” ဆို​ပြီး လူ​တွေ​ကို နှစ်​သိမ့်​ပေး​ကြ​တယ်။ ၁၂  လူ​တွေ​လည်း ကြား​နာ​ခဲ့​ရ​တဲ့ ကျမ်း​စကား​တွေ​ကို သဘော​ပေါက်​သွား​တဲ့​အတွက်+ စား​သောက်​ဖို့၊ စား​စ​ရာ​ဝေ​စု​တွေ ပို့​ပေး​ဖို့၊ အား​ပါး​တ​ရ ရွှင်​လန်း​ဖို့ ထွက်​သွား​ကြ​တယ်။+ ၁၃  ဒုတိ​ယ​နေ့​မှာ ဆွေ​မျိုး​စု​ခေါင်း​ဆောင်​တွေ၊ ပု​ရော​ဟိတ်​တွေ၊ လေ​ဝိအမျိုး​သား​တွေ​က ပညတ်​ကျမ်း​မှာ​ပါ​တဲ့ စကား​တွေ​ကို ဒီ​ထက်​ပို​ပြီး ထိုး​ထွင်း​သိ​မြင်​နိုင်​ဖို့ ကျမ်း​ကူး​သူ ဧဇရ​ဆီ လာ​ကြ​တယ်။ ၁၄  အဲဒီ​အခါ ခု​နစ်​လ​ပိုင်း​မှာ ကျင်း​ပတဲ့ ပွဲ​တော်​အတွင်း အစ္စရေး​တွေ တဲ​တွေ​နဲ့​နေ​ရ​မယ်​ဆို​ပြီး မော​ရှေ​က​တစ်ဆင့် ယေဟောဝါ​ပေး​ခဲ့​တဲ့ ပညတ်​ကျမ်း​မှာ  ရေး​ထား​တာ​ကို တွေ့​ကြ​တယ်။+ ၁၅  ​ဒါ​နဲ့ သူတို့​က “တောင်​ပေါ်​ကို​သွား​ပြီး သံ​လွင်​ပင်၊ ထင်း​ရှူး​ပင်၊ မု​ရ​တု​ပင်၊* စွန်​ပလွံ​ပင်​တွေ​ရဲ့ သစ်​ကိုင်း​သစ်​ခက်​တွေ ခုတ်​လာခဲ့။ တ​ခြား​အပင်​တွေ​ရဲ့ သစ်​ခက်​တွေ​ကို​ပါ ယူ​လာ​ကြ။ ပညတ်​ကျမ်း​မှာ ရေး​ထား​တဲ့​အတိုင်း တဲ​တွေ​ထိုး​ရ​မယ်” ဆို​ပြီး ဂျေရု​ဆ​လင်​မြို့​နဲ့ မြို့​ရွာ​အားလုံး​မှာ ကြေ​ညာ​ခိုင်း​လိုက်​တယ်။+ ၁၆  လူ​တွေ​လည်း  ထွက်​သွား​ပြီး သစ်​ကိုင်း​သစ်​ခက်​တွေ ယူ​လာ​တယ်။ အိမ်​မိုး​ပေါ်​မှာ၊  ခြံ​ဝင်း​ထဲ​မှာ၊  ဘုရား​သခင့်​အိမ်​တော်​ဝင်း​ထဲ​မှာ၊+ ရေ​တံခါး​ရှေ့ လူ​ထု​ရင်​ပြင်​မှာ၊+ ဧ​ဖရိမ်​တံခါး​ရှေ့ လူ​ထု​ရင်​ပြင်​မှာ+ တဲ​တွေ​ထိုး​ကြ​တယ်။ ၁၇  သုံ့​ပန်း​ဘဝ​က​နေ ပြန်​လာ​တဲ့ လူ​စု​ကြီး​တစ်​ခု​လုံး တဲ​တွေ​ထိုး​ပြီး နေ​ထိုင်​တယ်။ နုန်​ရဲ့​သား ယောရှု​လက်​ထက်​က​စ​ပြီး+ အခု​ချိန်​အထိ တဲ​နေ​ပွဲ​ကို ဒီ​လို​မျိုး မကျင်း​ပဖူး​တဲ့​အတွက် အစ္စရေး​တွေ အကြီး​အကျယ် ပျော်​ရွှင်​နေ​ကြ​တယ်။+ ၁၈  ဘုရား​သခင်​ရဲ့ ပညတ်​ကျမ်း​ကို ပထ​မနေ့​က​နေ နောက်​ဆုံး​နေ့​အထိ နေ့​တိုင်း ဖတ်​ပြပေး​တယ်။+ ပွဲ​တော်​ကို ခု​နစ်​ရက် လုပ်​ပြီး​တဲ့​နောက် သတ်​မှတ်​ထား​တဲ့​အတိုင်း ရှစ်​ရက်​မြောက်​နေ့​မှာ အထူး​စည်း​ဝေး​ပွဲ ကျင်း​ပကြ​တယ်။+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”
ဒါ​မှ​မဟုတ်၊ “တိ​ရှ​ရိ​သာ၊” ပါ​ရှား​ဘုရင်​ခံ​ရဲ့ ဘွဲ့​နာ​မည်။
အရွက်​ပြောင်​လက်​ပြီး အပွင့်​ဖြူ​ဖွေး မွှေး​ကြိုင်​တဲ့ ချုံ​ပင်။