မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထွက်မြောက်ရာ ၆:၁-၃၀

မာတိကာ

  • လွတ်မြောက်​စေမယ်လို့ ထပ်မံ​ကတိပေး (၁-၁၃)

    • ယေဟောဝါရဲ့​နာမည် အပြည့်အဝ မသိ (၂၊ ၃)

  • မောရှေ​နဲ့ အာရုန်​ရဲ့ ဆွေစဉ်မျိုးဆက်​စာရင်း (၁၄-၂၇)

  • ဖာရော​ဆီ မောရှေ​ပြန်သွား (၂၈-၃၀)

 ယေဟောဝါ​က “ဖာရော​ကို ငါ​ဘာ​လုပ်​မယ်ဆို​တာ မင်း အခု​တွေ့ရ​လိမ့်မယ်။+ ငါ့ရဲ့​အားကြီးတဲ့လက်​နဲ့ အစ္စရေးတွေကို လွှတ်​ပေး​အောင် လုပ်​မယ်။ ငါ့ရဲ့​အားကြီးတဲ့လက်​ကြောင့် ဖာရော​က သူတို့ကို တိုင်းပြည်​က​နေ ထွက်သွား​ခိုင်း​လိမ့်မယ်”+ ဆို​ပြီး မောရှေ​ကို ပြောတယ်။ ၂  အဲဒီနောက် ဘုရား​သခင်​က မောရှေ​ကို မှာ​တယ်– “ငါ​ဟာ ယေဟောဝါ​ပဲ။ ၃  အာဗြဟံ၊ အိဇက်၊ ယာကုပ်​တို့ကို ယေဟောဝါ​ဆို​တဲ့ ငါ့​နာမည်​နဲ့ပတ်သက်ပြီး+ အပြည့်အဝ အသိ​မပေးခဲ့​ပေ​မဲ့+ အနန္တ​တန်ခိုးရှင်​အနေနဲ့​တော့ ငါ​ထင်ရှား​ပြခဲ့​ဖူး​တယ်။+ ၄  ပြီးတော့ တိုင်းတစ်ပါးသား​အဖြစ် သူတို့​နေထိုင်ခဲ့​တဲ့ ခါနန်ပြည်​ကို ပေးမယ်​ဆို​ပြီး ကတိ​ပေးခဲ့တယ်။+ ၅  အခု အီဂျစ်​တွေ​ရဲ့ ကျွန်ဘဝ​ရောက်နေတဲ့ အစ္စရေး​လူတွေ ညည်းတွား​အော်ဟစ်တာ​ကို ကြား​တော့ ငါ့​ကတိ​ကို သတိရ​ပြီ။+ ၆  “ဒါကြောင့် အစ္စရေးတွေကို ပြောပါ– ‘ငါ​ဟာ ယေဟောဝါ​ပဲ။ အီဂျစ်​တွေကို ငါ​ပြင်းပြင်းထန်ထန် ဒဏ်ခတ်​မယ်။ မင်း​တို့ကို အီဂျစ်​တွေ​ရဲ့ ဖိနှိပ်ခံ​ကျွန်ဘဝက​နေ ကယ်လွှတ်​မယ်။+ တန်ခိုးကြီး​တဲ့​လက်ရုံး​နဲ့ ကယ်တင်​မယ်။+ ၇  မင်း​တို့ကို ငါ့​လူမျိုး​အဖြစ် သိမ်းယူ​မယ်။ ငါ​ဟာ မင်း​တို့​ရဲ့​ဘုရား​သခင် ဖြစ်မယ်။+ ငါ​ဟာ မင်း​တို့ကို အီဂျစ်​တွေ​ရဲ့ ဖိနှိပ်မှု​အောက်​က​နေ ခေါ်ထုတ်​လာတဲ့​ဘုရား ယေဟောဝါ​ပဲ​ဆို​တာ မင်း​တို့ သိ​ကို​သိရလိမ့်မယ်။ ၈  အာဗြဟံ၊ အိဇက်၊ ယာကုပ်​တို့ကို​ပေးမယ်လို့ ကျိန်ဆို​ခဲ့တဲ့​ပြည်​ထဲ မင်း​တို့ကို ခေါ်ဆောင်​သွားမယ်။ အဲဒီ​ပြည်​ကို မင်း​တို့အတွက် အပိုင်ပေး​မယ်။+ ငါ​ဟာ ယေဟောဝါ​ပဲ။’”+ ၉  ဒါတွေကို မောရှေ​ပြောပြ​ပေ​မဲ့ အစ္စရေး​လူတွေဟာ ပင်ပင်ပန်းပန်း ကျွန်ခံ​နေရလို့ စိတ်ဓာတ်ကျ​ပြီး သူ​ပြောတာကို နားမထောင်​ကြဘူး။+ ၁၀  ဒါနဲ့​ယေဟောဝါ​က၊ ၁၁  “အစ္စရေးတွေကို တိုင်းပြည်​က​နေ လွှတ်​ပေးဖို့ အီဂျစ်​ဘုရင်​ဖာရော​ဆီ သွား​ပြော” လို့​မောရှေ​ကို ခိုင်း​တယ်။ ၁၂  မောရှေ​က “ကျွန်တော်​စကားပြော​ရင် ထ​စ်​ထ​စ်ငေါ့​ငေါ့ ဖြစ်နေလို့+ အစ္စရေးတွေ​တောင် နားမထောင်​တာ၊+ ဖာရောမင်း​ဆို ပိုဆိုး​မှာ​ပေါ့” လို့​ယေဟောဝါကို ပြန်ပြောတယ်။ ၁၃  ဒါပေမဲ့ ယေဟောဝါ​က အစ္စရေးတွေကို အီဂျစ်ပြည်​က​နေ ခေါ်ထုတ်​မယ်ဆို​တဲ့ အမိန့်​ကို အစ္စရေးတွေ​နဲ့ ဖာရော​မင်းကို ပြော​ဖို့ မောရှေ​နဲ့ အာရုန်​ကို ထပ်​မှာ​တယ်။ ၁၄  မျိုးနွယ်စု​ခေါင်းဆောင်​တွေကတော့– အစ္စရေး​ရဲ့​သားဦး ရုဗင်​ရဲ့+ သားတွေ​က ဟာ​နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာမိ။+ သူတို့ဟာ ရုဗင်​ရဲ့​မျိုးဆက်​တွေ​ပဲ။ ၁၅  ရှိမောင်​ရဲ့​သားတွေ​က ယေ​မွေ​လ၊ ယာ​မိ​န်၊ ဩ​ဟ​ဒ်၊ ယာ​ခိန်၊ ဇော​ဟာ၊ ခါနန်​အမျိုးသမီး​နဲ့​ရတဲ့ ရှော​လ။+ သူတို့ဟာ ရှိမောင်​ရဲ့​မျိုးဆက်​တွေ​ပဲ။ ၁၆  လေဝိ​ရဲ့+ သားတွေ​က ဂေ​ရ​ရှု​န်၊ ကော​ဟ​တ်၊ မေ​ရာ​ရိ။+ သူတို့ဟာ လေဝိ​ဆွေမျိုး​စု​တွေ​ပဲ။ လေဝိ​က ၁၃၇ နှစ် အသက်ရှင်​တယ်။ ၁၇  ဂေ​ရ​ရှု​န်​ရဲ့​သားတွေ​က လိ​ဗ​နိ​နဲ့ ရှိ​မိ။ သူတို့ဟာ ဂေ​ရ​ရှု​န်​ရဲ့​အိမ်ထောင်စု​တွေ​ပဲ။+ ၁၈  ကော​ဟ​တ်​ရဲ့​သားတွေ​က အာမရံ၊ အိ​ဇ​ဟာ၊ ဟေဗြုန်၊ ဩ​ဇေ​လ။+ ကော​ဟ​တ်​က ၁၃၃ နှစ် အသက်ရှင်​တယ်။ ၁၉  မေ​ရာ​ရိ​ရဲ့​သားတွေ​က မဟာ​လိ​နဲ့ မုရှိ။ သူတို့ဟာ ဆွေစဉ်မျိုးဆက်​အလိုက် လေဝိ​အနွယ်​က​နေ ဆင်းသက်​လာတဲ့ အိမ်ထောင်စု​တွေ​ပဲ။+ ၂၀  အာမရံ​က အဖေ့​နှမ ယောခေဗက်​နဲ့ အိမ်ထောင်ပြု​ပြီးနောက်+ အာရုန်နဲ့မောရှေ​ကို မွေး​တယ်။+ အာမရံ​က ၁၃၇ နှစ် အသက်ရှင်​တယ်။ ၂၁  အိ​ဇ​ဟာ​ရဲ့​သားတွေ​က ကောရ၊+ နေ​ဖက်၊ ဇိ​ခရိ။ ၂၂  ဩ​ဇေ​လ​ရဲ့​သားတွေ​က မိ​ရှေ​လ၊ ဧ​လ​ဇာ​ဖန်၊+ သိ​သ​ရိ။ ၂၃  အာရုန်​က အမိ​န​ဒ​ပ်​ရဲ့​သမီး၊ နာ​ရှု​န်+ ရဲ့​ညီမ ဧလိ​ရှ​ဘ​နဲ့ အိမ်ထောင်ပြု​တဲ့​အတွက် နာ​ဒ​ပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဧသ​မာ​တို့ကို မွေး​တယ်။+ ၂၄  ကောရ​ရဲ့​သားတွေ​က အသိ​ရ၊ ဧလကာန၊ အ​ဗျာ​သပ်။+ သူတို့ဟာ ကောရ​ရဲ့​အိမ်သား​တွေ​ပဲ။+ ၂၅  အာရုန်ရဲ့သား ဧ​လာ​ဇာ​က+ ပု​တေလ​ရဲ့​သမီး​နဲ့ အိမ်ထောင်ပြု​တဲ့​အတွက် ဖိနဟတ်​ကို မွေး​တယ်။+ သူတို့ဟာ ဆွေမျိုး​စု​အလိုက် လေဝိ​အနွယ်​ရဲ့ ခေါင်းဆောင်​တွေ​ပဲ။+ ၂၆  အာရုန်​နဲ့ မောရှေ​ကို ယေဟောဝါ​က “အီဂျစ်ပြည်​က​နေ အစ္စရေး​လူမျိုး​ကို တပ်ဖွဲ့​အလိုက် ခေါ်ထုတ်​သွား​ပါ”+ ဆို​ပြီး ပြောခဲ့တယ်။ ၂၇  မောရှေ​နဲ့ အာရုန်​က အစ္စရေး​လူမျိုး​ကို အီဂျစ်ပြည်​က​နေ ခေါ်သွား​ခွင့်​ပေးဖို့ အီဂျစ်​ဘုရင်​ဖာရော​ကို ပြောခဲ့တယ်။+ ၂၈  အီဂျစ်ပြည်​မှာ မောရှေ​ကို ယေဟောဝါ စကား​ပြောတဲ့​နေ့​မှာ၊ ၂၉  “ငါ​ဟာ ယေဟောဝါ​ပဲ။ မင်းကို ငါ​ပြော​သမျှ အီဂျစ်​ဘုရင် ဖာရော​ကို ပြန်ပြော​ပြပါ” ဆို​ပြီး ယေဟောဝါ​ပြောတယ်။ ၃၀  အဲဒီအခါ မောရှေ​က “ကျွန်တော် စကားထစ်​တော့ ဖာရောမင်း နားထောင်​ပါ့​မလား”+ ဆို​ပြီး ယေဟောဝါကို ပြန်ပြောတယ်။

အောက်ခြေမှတ်ချက်များ