မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တရားဟောရာ ၃၃:၁-၂၉

မာတိကာ

  • အနွယ်​အလိုက် မောရှေ ကောင်းချီး​ပေး (၁-၂၉)

    • ယေဟောဝါရဲ့ “ထာဝရ​လက်ရုံး” (၂၇)

၃၃  စစ်မှန်တဲ့​ဘုရားသခင်ရဲ့​လူ မောရှေ​က မသေဆုံးခင်​မှာ အစ္စရေးတွေကို ဒီလို​ကောင်းချီး​ပေးတယ်–+ ၂  “ယေဟောဝါ​က ဆိုင်းနိုင်း​တောင်​က​နေ ကြွလာ​တယ်။+ စိရ တောင်​က​နေ ထွန်းလင်း​တယ်။ ပါရန်တောင်​တန်း​က​နေ ဘုန်းအသရေ ဖြာထွက်​နေတယ်။+ သန့်ရှင်း​တဲ့ ကောင်းကင်တမန် အထောင်အသောင်း ခြံရံ​ထားတယ်။+ ညာ​ဘက်မှာ စစ်သည်တော်​တွေ ရှိတယ်။+  ၃  လူမျိုးတော်ကို ဘုရား ချစ်မြတ်နိုး​တယ်။+ သန့်ရှင်းသူ​အားလုံး လက်ထဲ​မှာ ရှိတယ်။+ ခြေရင်း​မှာ ထိုင်ပြီး+တရား​စကား​တွေကို နားထောင်​ကြ​တယ်။+  ၄  (မောရှေ​က ပညတ်တရား ပေးတယ်။+ အဲဒီ​ပညတ်​တရားကို ယာကုပ်​အမျိုး ပိုင်ဆိုင်တယ်။)+  ၅  ခေါင်းဆောင်​တွေ​က+အစ္စရေး​မျိုးနွယ်​အားလုံး​နဲ့အတူ စုဝေး​တဲ့​အ​ခါ+ကိုယ်တော်​ဟာ ယေရှု​ရု​န်* အမျိုး​မှာ+ ဘုရင်ဖြစ်လာ​တယ်။  ၆  ရုဗင်​အနွယ် မသေ​မ​ပျောက်​ဘဲ အသက်ဆက်​ရှင်​ပါ​စေ။+လူဦးရေ မ​လျော့နည်း​ပါ​စေ​နဲ့။”+ ၇  ယုဒ​အနွယ်​ကို​ပေး​တဲ့ ကောင်းချီး​က​တော့–+“အို ယေဟောဝါ၊ ယုဒ​ရဲ့​စကားကို နားထောင်​ပေးပါ။+သူ့ကို အမျိုးသားချင်း​တွေဆီ ပြန်ပို့​ဆောင်​ပေးပါ။သူ့​လက်ရုံး​က ပိုင်ဆိုင်​သမျှကို ကာကွယ်​ပါပြီ။သူ့​ဘက်က​နေ ရန်သူတွေကို တိုက်ခိုက်​ပေးပါ။”+ ၈  လေဝိ​အနွယ်​ကို ပေး​တဲ့ ကောင်းချီး​က​တော့–+“မာ​ဆာ​အရပ်မှာ ကိုယ်တော်​စမ်းသပ်​ခဲ့တဲ့+ သစ္စာစောင့်​သူက+ကိုယ်တော်​ရဲ့​သု​မိ​မ်​နဲ့ ဥ​ရိမ်​ကို+ ပိုင်ဆိုင်တယ်။ ကိုယ်တော်​က မေ​ရိ​ဘ​စမ်းရေ​နား​မှာ သူနဲ့​ငြင်းခုံ​ခဲ့​တယ်။+  ၉  သူက မိဘ​ကို အရေး​မ​စိုက်​ဘူး။ ညီအစ်ကို​တွေကို အသိအမှတ်​မပြုဘူး။+ သားတွေ​ဘက်မှာ​လည်း မ​ရပ်တည်​ဘူး။ ကိုယ်တော့်​စကား​တွေကို လိုက်နာ​ပြီးကိုယ်တော့်​ပ​ဋိ​ညာ​ဉ်​ကိုပဲ စောင့်ထိန်း​တယ်။+ ၁၀  သူက ယာကုပ်​အမျိုး​ကို ကိုယ်တော့်​တရားစီရင်ချက်​တွေ​အကြောင်း သွန်သင်ပေးပါစေ။+ အစ္စရေး​လူမျိုး​ကို ပညတ်တရား​အကြောင်း သွန်သင်ပေးပါစေ။+ မွှေး​ကြို​င်တဲ့​ရနံ့ ထွက်​အောင် နံ့သာပေါင်း ပူဇော်​ပါ​စေ။+ ပူဇော်ရာပလ္လင်​ပေါ်​မှာ အကုန်​အ​စင် မီးရှို့​ရာ​အလှူ​ကို ပူဇော်​ပါ​စေ။+ ၁၁  ယေဟောဝါ၊ သူ့ရဲ့​အစွမ်း​ခွန်အားကို ကောင်းချီး​ပေးပါ။ သူ​လုပ်ဆောင်​သမျှကို လက်ခံ​ပေးပါ။ သူ့ကို​မုန်း​တဲ့​သူတွေ ပြန်​မထနိုင်​တော့​အောင်ရန်သူတွေ​ရဲ့ ခြေထောက်​ကို ချိုး​ပစ်​ပါ။” ၁၂  ဗင်ယာမိန်အနွယ်​ကို​ပေး​တဲ့ ကောင်းချီး​က​တော့–+“သူ့​အနား​မှာ ယေဟောဝါ ချစ်မြတ်နိုး​တဲ့​သူ လုံခြုံ​စွာ​နေရ​ပါ​စေ။ သူက တစ်နေ့​လုံး ကာကွယ်​မှာ​ဖြစ်လို့သူ့​ပခုံး​ကြားမှာ နေရလိမ့်မယ်။” ၁၃  ယောသပ်​အနွယ်​ကို​ပေး​တဲ့ ကောင်းချီး​က​တော့–+“သူ့​နယ်မြေ​ကို ယေဟောဝါ ကောင်းချီး​ပေးပါစေ။+ မိုးကောင်းကင်​ပေါ်​က အကောင်းဆုံး​အရာတွေ၊ဆီးနှင်း​တွေ၊ မြေအောက်​စမ်းရေတွင်း​တွေ၊+ ၁၄  နေ​ရောင်​ကြောင့် သီးပွင့်​တဲ့ အကောင်းဆုံး​သီးနှံ​တွေ၊ရာသီ​အလိုက် ဝင်းမှည့်​တဲ့ အကောင်းဆုံး​သီးနှံ​တွေ၊+ ၁၅  ရှေး​က​တည်း​က​ရှိခဲ့တဲ့ တောင်တန်း​တွေဆီက* အကောင်းဆုံး​အရာတွေ၊+ထာဝရ​တ​ည်တဲ့ တောင်ကုန်း​တွေ​ရဲ့ အကောင်းဆုံး​အရာတွေ၊ ၁၆  ကမ္ဘာမြေ​နဲ့ မြေ​က​ထွက်​သမျှ အကောင်းဆုံး​အရာတွေကို ရ​ပါ​စေ။+ ချုံပုတ်​မှာ ထင်ရှား​ပြခဲ့တဲ့​အရှင်​ရဲ့ နှစ်သက်မှု​ကို​လည်း ရ​ပါ​စေ။+ အဲဒီ​ကောင်းချီးတွေ​ဟာ ယောသပ်​ရဲ့​ခေါင်း​မှာ၊ညီအစ်ကို​တွေထဲက ရွေးချယ်​ခံရသူ​ရဲ့ ဦးထိပ်​မှာ သက်ရောက်​ပါ​စေ။+ ၁၇  သူ့ရဲ့​ခမ်းနားမှု​ဟာ ဦးဆုံး​ဖွားတဲ့ နွားထီး​ရဲ့ ခမ်းနားမှု​လိုပဲ။ သူ့​ဦးချို​တွေ​ဟာ နွား​ရိုင်း​ရဲ့ ဦးချို​တွေ​လိုပဲ။ လူတွေကို သူ့​ဦးချို​တွေ​နဲ့မြေကြီး​စွန်း​အထိ တွန်း​လိမ့်မယ်။ သူ့​ဦးချို​တွေ​ဟာ ထောင်သောင်း​ချီတဲ့ ဧဖရိမ်​အနွယ်၊+ထောင်နဲ့​ချီတဲ့ မနာရှေ​အနွယ်​ပဲ။” ၁၈  ဇာဗုလုန်​အနွယ်​ကို​ပေး​တဲ့ ကောင်းချီး​က​တော့–+“ဇာဗုလုန်၊ မင်း​ရဲ့ ကူး​သန်း​ရောင်းဝယ်​မှု​ကြောင့် ဝမ်းမြောက်​ပါ။ အိ​သ​ခါ၊ မင်း​ရဲ့​တဲ​တွေကြောင့် ဝမ်းမြောက်​ပါ။+ ၁၉  သူတို့က လူတွေကို တောင်ပေါ် ဖိတ်ခေါ်​လိမ့်မယ်။ အဲဒီမှာ ဖြောင့်မတ်ခြင်း​ပူဇော်သက္ကာ​ကို ဆက်သ​လိမ့်မယ်။ ပင်လယ်​ရဲ့ ကြွယ်ဝတဲ့​စည်းစိမ်၊သဲသောင်​မှာ ဝှက်​ထားတဲ့ ဘဏ္ဍာ​တွေကို ရရှိ​ကြ​မယ်။” ၂၀  ဂဒ်အနွယ်​ကို​ပေး​တဲ့ ကောင်းချီး​က​တော့–+“ဂဒ်​ရဲ့​နယ်နိမိတ်​တွေကို ကျယ်ဝန်း​စေ​သူ ကောင်းချီး​ခံစားရ​ပါ​စေ။+ သူက ခြင်္သေ့​လို လဲ​လျောင်းပြီးသားကောင်​ရဲ့ လက်​နဲ့​ခေါင်း​ကို ကိုက်ဖြတ်​ဖို့ အသင့်ရှိနေ​တယ်။ ၂၁  အကောင်းဆုံး​နယ်မြေ​ကို သူ ရွေးချယ်​လိမ့်မယ်။+ ပညတ်တရား​ပေး​တဲ့​သူက သူ့​အတွက် ဖယ်ထား​ပေး​တဲ့ နယ်မြေ​ပဲ။+ ခေါင်းဆောင်​တွေ အတူစုဝေး​ကြ​လိမ့်မယ်။ သူက ယေဟောဝါရဲ့ ဖြောင့်မတ်မှု​တွေ၊တရားစီရင်ချက်​တွေ​နဲ့အညီ အစ္စရေးတွေကို စီရင်​လိမ့်မယ်။” ၂၂  ဒန်​အနွယ်​ကို​ပေး​တဲ့ ကောင်းချီး​က​တော့–+“ဒန်​ဟာ ခြင်္သေ့​ပေါက်​တစ်ကောင်​ပဲ။+ ဗာရှန်​ပြည်​က​နေ သူ ခုန်​ထွက်လာ​မယ်။”+ ၂၃  နဿလိ​အနွယ်​ကို​ပေး​တဲ့ ကောင်းချီး​က​တော့–+“နဿလိ​ဟာ မျက်နှာသာရ​သူ၊ယေဟောဝါရဲ့​ကောင်းချီး အပြည့်အဝ ခံစားရ​သူ​ပဲ။ အနောက်ဘက်​နဲ့ တောင်ဘက်​က နယ်မြေ​တွေကို သိမ်းပိုက်​ပါ။” ၂၄  အာရှာအနွယ်​ကို  ပေး​တဲ့ ကောင်းချီး​က​တော့–+“အာရှာ​ဟာ သားတွေ ရ​ပါ​စေ။ ညီအစ်ကို​တွေ​ရဲ့ မျက်နှာသာ​ကို ရ​ပါ​စေ။ သူ့​ခြေ​ကို ဆီ​ထဲ နှစ်​ထား​နိုင်ပါစေ။ ၂၅  မင်း​ရဲ့ မြို့တံခါး​ကန့်​လန့်​ကျင်​တွေကို သံ​တွေ၊ ကြေးနီ​တွေ​နဲ့ လုပ်ထား​တယ်။+ ဘဝတစ်လျှောက်လုံး ဘေးကင်းလုံခြုံ​စွာ မင်း နေထိုင်​ရ​လိမ့်မယ်။ ၂၆  ယေရှု​ရု​န်​ရဲ့+ စစ်မှန်တဲ့​ဘုရား​လိုမျိုး+ တခြား​ဘုရား​မရှိဘူး။ ကိုယ်တော်​ဟာ မင်းကို​ကူညီဖို့ မိုး​ကောင်းကင်ကို စီးနင်း​တဲ့​အရှင်၊ဘုန်းတန်ခိုး​အပြည့်​နဲ့ မိုးတိမ်​ကို စီးနင်း​တဲ့​အရှင်​ပဲ။+ ၂၇  ဘုရား​သခင်​ဟာ ရှေး​က​တည်း​က ခိုလှုံရာ​ပဲ။+ ထာဝရ​လက်ရုံးတော်​က မင်းကို ထောက်မပေး​တယ်။+ ရန်သူတွေကို မောင်းထုတ်​ပေးမယ်။+ ‘သူတို့ကို အစ​တုံး​ဖျက်ဆီး​လိုက်’ လို့​ပြော​လိမ့်မယ်။+ ၂၈  အစ္စရေး​က ကောက်နှံ​နဲ့ စပျစ်ဝိုင်​အသစ် ထွက်​တဲ့​ပြည်​မှာ+ဘေးကင်း လုံခြုံ​စွာ နေထိုင်​ရမယ်။ ယာကုပ်​ရဲ့ စမ်းရေတွင်း​က ဘေးကင်း​ပြီး သီးခြား​ရှိနေ​လိမ့်မယ်။ သူ့​ကောင်းကင်​က ဆီးနှင်း​တွေ တ​ဖွဲဖွဲ ကျ​နေ​လိမ့်မယ်။+ ၂၉  အစ္စရေး၊ မင်းဟာ ပျော်ရွှင်ချမ်းမြေ့​သူ​ပဲ။+ ကာကွယ်ပေး​တဲ့ ဒိုင်းလွှား၊+ကြီးမြတ်​တဲ့ ဓား​ဖြစ်တဲ့ယေဟောဝါရဲ့ ကယ်တင်ခြင်း​ကို ခံရတဲ့​လူမျိုး​ပဲ။+ မင်း​လို​လူမျိုး ရှိလို့​လား။+ မင်း​ရှေ့မှာ ရန်သူတွေ ဝပ်​တွား​နေမယ်။+ ရန်သူတွေ​ရဲ့​ကျော​ကို* နင်း​ရမယ်။”

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ရိုးဖြောင့်​သူ။” အစ္စရေး​ရဲ့​ဂုဏ်ပုဒ်။
“အရှေ့တောင်​တန်း​တွေဆီက” လည်း​ဖြစ်နိုင်။
“အထွတ်အမြတ်​နေရာတွေ​ကို” လည်း​ဖြစ်နိုင်။