မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆာလံ ၈၁:၁-၁၆

မာတိကာ

  • နာ​ခံ​ဖို့ နှိုးဆော်​ချက်

    • တ​ခြား​ဘုရားတွေ​ကို မကိုးကွယ်​နဲ့ ()

    • “ငါ့​စကား နား​ထောင်​စေ​ချင်​လိုက်​တာ” (၁၃)

ဂစ်​သစ်* နဲ့​သက်​ဆိုင်​တဲ့ ဂီ​တ​မှူး​သို့။ အာ​သပ်​စပ်​ဆို​တဲ့​သီချင်း။+ ၈၁  ငါ​တို့​ရဲ့ အစွမ်း​တန်ခိုး​ဖြစ်​တဲ့​ ဘုရား​သခင်​အတွက် ရွှင်​လန်း​စွာ သီချင်း​ဆို​ကြ။+ ယာကုပ်​ရဲ့ ဘု​ရား​သခင်​ဆီ အောင်​သံ​လွှင့်​ကြ။  ၂  တေး​သံ​စ​လိုက်​ပါ။ ချူ​တပ်​ဗုံ​ကို​ယူ​ပြီး တီး​လိုက်​ပါ။ အသံ​သာ​တဲ့ စောင်း​ကို​ရော ကြိုး​တပ်​တူ​ရိ​ယာ​ကို​ပါ တီး​ခတ်​လိုက်​ပါ။  ၃  လ​ဆန်း​နေ့​မှာ၊ပွဲ​တော်​ကျင်း​ပတဲ့ လ​ပြည့်​နေ့​မှာ တံ​ပိုး​မှုတ်​ကြ။+  ၄  ဒါ​ဟာ အစ္စရေး​တို့​အတွက် အမိန့်​ပဲ။ ယာကုပ်​ကိုးကွယ်​တဲ့ ဘု​ရား​သခင်​ရဲ့ ပြဋ္ဌာန်း​ချက်​ပဲ။+  ၅  ဘု​ရား​က အီဂျစ်​ပြည်​ကို​တိုက်​ဖို့ ထွက်​သွား​တဲ့​အခါ+ယော​သပ်​အတွက် သတိ​ပေး​ချက်​အဖြစ် ဒါ​ကို ပြဋ္ဌာန်း​ပေး​ခဲ့​တာ။+ ကျွန်​တော် မသိ​တဲ့ အသံ​တစ်​သံ​က ဒီ​လို​ပြော​နေ​တာ​ကို ကြား​ခဲ့ရ​တယ်–  ၆  “သူ့​ပခုံး​ပေါ်​က ဝန်​ထုပ်​ကို ငါ​ဖယ်​ရှား​ပေး​ခဲ့​တယ်။+ ခြင်း​တောင်း​ကို​တောင် သူ​မသယ်​ခဲ့ရ​ဘူး။  ၇  မင်း​တို့​ဒုက္ခရောက်​ပြီး ငါ့​ကို​ခေါ်​တဲ့​အခါ ငါ​ကယ်​တင်​ခဲ့​တယ်။+ မိုး​ကြိုး​တိမ်​တိုက်​ထဲ​က​နေ ငါ​ပြန်​ထူး​ခဲ့​တယ်။+ မေရိ​ဘ* စမ်း​ရေ​နား​မှာ မင်း​တို့​ကို ငါ​စမ်း​သပ်​ခဲ့​တယ်။+ (စဲ​လာ)  ၈  ငါ့​လူ​တို့၊ နား​ထောင်​ပါ။ မင်း​တို့​ကို ငါ​သက်​သေပြမယ်။ အစ္စရေး​တို့၊ မင်း​တို့​ကို ငါ့​စကား နား​ထောင်​စေ​ချင်​လိုက်​တာ။+  ၉  အဲဒီ​လို​သာ​ဆို​ရင် မင်း​တို့​ဆီ​မှာ တခြား​ဘု​ရား​ရှိ​မှာ မဟုတ်​ဘူး။ တိုင်း​တစ်ပါး​ဘု​ရား​ကို မင်း​တို့ ဦး​ညွှတ်​ရ​မှာ မဟုတ်​ဘူး။+ ၁၀  ငါ​ယေဟောဝါ​ဟာ မင်း​တို့​ရဲ့ ဘုရား​သခင်​ပဲ။ အီဂျစ်​ပြည်​က​နေ မင်း​တို့​ကို ခေါ်​ထုတ်​လာ​တဲ့​အရှင်​ပဲ။+ ပါး​စပ်​ကို ကျယ်​ကျယ်​ဟ​ထား​ကြ​ပါ။ ငါ​အဝ​ကျွေး​မယ်။+ ၁၁  ဒါ​ပေမဲ့ ငါ့​လူ​တွေ ငါ့​စကား​ကို နား​မထောင်​ကြ​ဘူး။ အစ္စရေး​က ငါ့​ကို လက်​အောက်​မခံ​ဘူး။+ ၁၂  ဒါ​ကြောင့် ခေါင်း​မာ​တဲ့ သူတို့​ရဲ့​စိတ်​အလို​အတိုင်း လိုက်​ဖို့ ငါ​ခွင့်​ပြု​ခဲ့​တယ်။ သူတို့​က ကိုယ်​မှန်​တယ်​ထင်​ရာ လုပ်​ကြ​တယ်။+ ၁၃  ငါ့​လူ​တွေ​ကို ငါ့​စကား နား​ထောင်​စေ​ချင်​လိုက်​တာ။+ အစ္စရေး​ကို ငါ့​လမ်း​စဉ်​အတိုင်း လိုက်​စေ​ချင်​လိုက်​တာ။+ ၁၄  အဲဒီ​လို​သာ​ဆို​ရင် ရန်​သူ​တွေ​ကို​ ငါအမြန်​ဆုံး နှိမ်​နင်း​ပေး​မှာ။ ရန်​မူ​သူ​တွေ​ကို ငါ​တိုက်​ခိုက်​ပေး​မှာ။+ ၁၅  ယေဟောဝါ​ကို မုန်း​တဲ့​သူ​တွေ​ဟာ ရှေ့​တော်​မှာ ဝပ်​တွား​နေ​ရ​လိမ့်​မယ်။ သူတို့​ရဲ့ ဒုက္ခ​နေ့​ရက်တွေ ထာ​ဝ​စဉ်​တာ​ရှည်​လိမ့်​မယ်။ ၁၆  ငါ့​လူ​တွေ​ကို​တော့ အကောင်း​ဆုံး​ဂျုံ​ကို ကျွေး​မယ်။+ ကျောက်​ဆောင်​ထဲ​က​ထွက်​တဲ့ ပျား​ရည်​ကို အဝ​ကျွေး​မယ်။”+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
အဓိပ္ပာယ်၊ “ရန်​ရှာ​ခြင်း။”