မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆာလံ ၇၃:၁-၂၈

မာတိကာ

  • ဘုရား​တရား​ကိုင်း​ရှိုင်း​သူ အမြင်​မှန်​ရ​လာ

    • ‘ခြေ​လှမ်း မှား​လု​မတတ်​ဖြစ်​ခဲ့’ ()

    • “တစ်​နေ့​လုံး ဒုက္ခ​ခံ​နေ​ရ​တယ်” (၁၄)

    • “သန့်​ရှင်း​ရာ​ဌာန​တော်​ထဲ ဝင်​တော့​မှ​ပဲ” (၁၇)

    • ချော်​တဲ့​မြေပေါ်​က လူ​ဆိုး​တွေ (၁၈)

    • ဘုရား​သခင့် အနီး​အပါး​မှာ နေ​ရ​တာ အကျိုး​ရှိ (၂၈)

အာသပ်စပ်ဆိုတဲ့​ သီချင်း။+ ၇၃  ဘု​ရား​သခင်​ဟာ အစ္စရေးတွေ​အပေါ်၊ စိတ်​ထား ဖြူ​စင်​သူ​တွေ​အပေါ် ကောင်းမြတ်လှ​တယ်။+  ၂  ငါ့​မှာ​တော့ ခြေ​လှမ်း​တွေ မှား​လုမတတ်၊ခြေ​ချော်​လဲ​မတတ် ဖြစ်​ခဲ့​တယ်။+  ၃  လူ​ဆိုး​တွေ ကြီး​ပွား ကောင်း​စား​နေ​တာ​ကို မြင်​ရ​တဲ့​အခါမောက်​မာ​တဲ့ အဲဒီ​လူ​တွေ​ကို ငါ​မနာ​လို မရှု​ဆိတ် ဖြစ်​မိ​တယ်။+  ၄  သူတို့​ဟာ ကျန်း​မာ​သန်​စွမ်း​နေ​တယ်။+ သေဆုံး​ချိန်​မှာ​လည်း ဘာ​ဝေ​ဒ​နာ​မှ မခံစား​ရ​ဘူး။  ၅  တ​ခြား​သူ​တွေ​လို ဒုက္ခ​မကြုံ​ရ​ဘူး။+ ဝေ​ဒ​နာ​လည်း မခံစား​ရ​ဘူး။+  ၆  ဒါ​ကြောင့် မောက်​မာ​မှု​ကို လည်​မှာ ဆွဲ​ထား​တယ်။+ အကြမ်း​ဖက်​မှု​ကို ဝတ်​ဆင်​ထား​တယ်။  ၇  ကြီး​ပွား​ကောင်း​စား​နေ​လို့ မျက်​လုံး​တွေ ဖောင်း​အစ်​နေ​တယ်။ မှန်း​ထား​တာ​ထက်​တောင် ပို​အောင်​မြင်​နေ​တယ်။  ၈  လှောင်​ပြောင်​တတ်​တဲ့​အပြင် ဆိုး​ညစ်​တဲ့​စကား​တွေ ပြော​တတ်​တယ်။+ မောက်​မောက်​မာ​မာ ခြိမ်း​ခြောက်​ပြီး ဖိ​နှိပ်​တတ်​တယ်။+  ၉  မိုး​လား​ကဲ​လား သူတို့​ပြော​တတ်​တယ်။ ဝင့်​ဝင့်​ဝါ​ဝါ ကြွား​လုံး​ထုတ်​တတ်​တယ်။ ၁၀  ဒါ​ကြောင့် ဘု​ရားရဲ့​လူ​တွေ သူတို့​ဘက်​ပါ​သွား​ပြီးသူတို့​တိုက်​တဲ့​ရေ​ကို တ​ဝ​ကြီး သောက်​ကြ​တယ်။ ၁၁  “ဘု​ရား​သခင် ဘယ်​လို​လုပ် သိ​မှာ​လဲ။+ အမြင့်​ဆုံး​အရှင်​က ဘာ​များ​သိ​လို့​လဲ” ဆို​ပြီး ပြော​တတ်​တယ်။ ၁၂  အပူ​အပင် ကင်း​ကင်း​နဲ့ နေ​ရ​တာ​လည်း အဲဒီ​လူ​ဆိုး​တွေ​ပါ​ပဲ။+ သူတို့​စည်း​စိမ်​တွေ​ဆို တိုး​ပြီး​ရင်း တိုး​နေ​တာ​ပဲ။+ ၁၃  ငါ့​စိတ်​ကို ဖြူ​စင်​အောင်​ထား​လည်း အလ​ကား​ပဲ။ ငါ့​လက်​ကို အပြစ်​မဲ့​ခြင်း​နဲ့ ဆေး​ရင်​လည်း အလ​ကား​ပဲ။+ ၁၄  ငါ့​မှာ တစ်​နေ့​လုံး ဒုက္ခ​ခံ​နေ​ရ​တယ်။+ မနက်​တိုင်း ဆုံးမ​ခံ​နေ​ရ​တယ်။+ ၁၅  ဒါ​ပေမဲ့ ဒီ​အကြောင်း​တွေ​ကို ထုတ်​ပြော​လိုက်​ရင်ကိုယ်​တော့်​လူ​တွေ​ကို သစ္စာ​ဖောက်​ရာရောက်​မယ်။ ၁၆  ဒါ​ကို​နား​လည်​ဖို့ ကြိုး​စား​ပေမဲ့ စိတ်​အနှောင့်​အယှက်​ပဲ ဖြစ်​ရ​တယ်။ ၁၇  ဘု​ရား​သခင်​ရဲ့ ခမ်း​နား​တဲ့ သန့်​ရှင်း​ရာ​ဌာန​တော်​ထဲ ဝင်​တော့​မှ​ပဲ သူတို့​ရဲ့​အနာ​ဂတ်​ကို သိ​မြင်​လာ​တော့​တယ်။ ၁၈  တ​ကယ်​တော့ ကိုယ်​တော်​က​ သူတို့​ကို ချော်​တဲ့​မြေပေါ်​မှာ ချထား​တာ​ကိုး။+ သူတို့​ပြို​လဲ​ပျက်​စီး​အောင် လုပ်​တော့​မှာ​ကိုး။+ ၁၉  သူတို့ ရုတ်​ချည်း တုန်​လှုပ်​ချောက်​ချား​ရ​ပြီ။+ မထင်​မှတ်​ဘဲ ဆိုး​ဆိုး​ရွား​ရွား ဇာတ်​သိမ်း​ရ​ပြီ။ ၂၀  ယေဟောဝါ​ဘု​ရား၊ ကိုယ်​တော် နိုးထ​လာ​တဲ့​အခါ သူတို့​ရဲ့​ပုံ​ရိပ်​ကို မေ့​ဖျောက်​ပစ်​လိမ့်​မယ်။ အိပ်​ရာ​နိုး​လာ​တဲ့​အခါ ကိုယ့်​အိပ်​မက်​ကို မမှတ်​မိ​သလို​မျိုး​ပေါ့။ ၂၁  ကျွန်​တော်​က​တော့ စိတ်​အချဉ်​ပေါက်​နေ​ခဲ့​တာ။+ ရင်​ထဲ​မှာ စူး​စူး​ရှ​ရှ နာ​ကျင်​နေ​ခဲ့​တာ။ ၂၂  စဉ်း​စား​ဉာဏ်​မဲ့​ပြီး ဘာ​မှ​ နား​မလည်​နိုင်​ခဲ့​ဘူး။ ရှေ့​တော်​မှာ အသိ​ဉာဏ်​မရှိ​တဲ့ တိရစ္ဆာန်​လို ဖြစ်​ခဲ့​တာ။ ၂၃  အခု​တော့ ကိုယ်​တော်​နဲ့​အတူ ကျွန်တော် အမြဲရှိ​နေ​ပါ​တယ်။ ကျွန်​တော့်​ညာ​လက်​ကို ကိုယ်​တော်​ဆုပ်​ကိုင်​ထား​တယ်။+ ၂၄  ကိုယ်​တော် အကြံ​ဉာဏ်​ပေး​ပြီး လမ်း​ပြတယ်။+ အဲဒီ​နောက် ကျွန်​တော့်​ကို ဂုဏ်​ကျက်​သရေ ရှိ​စေ​လိမ့်​မယ်။+ ၂၅  ကျွန်​တော့်​အတွက် ကောင်း​ကင်​မှာ ကိုယ်​တော်​က​လွဲ​လို့ ဘယ်​သူ​ရှိ​လို့​လဲ။ မြေပေါ်​မှာ​လည်း ကိုယ်​တော်​ရှိ​နေ​သရွေ့ ဘာ​မှ မလို​အပ်​ပါ​ဘူး။+ ၂၆  စိတ်​နဲ့​ခန္ဓာ ဆုတ်​ယုတ်​လာရင်​တောင် ဘု​ရား​သခင်​က ကျွန်တော့်​စိတ်​ကို အား​ဖြည့်​ပေးတယ်။ ကိုယ်​တော်​ဟာ ကျွန်​တော့်​ကျောက်​ဆောင်​ပါ။ ကျွန်​တော့်​ဝေ​စု အမြဲဖြစ်​နေ​မှာ​ပါ။+ ၂၇  ကိုယ်​တော့်​ကို ဝေး​ဝေး​ရှောင်​သူ​တွေ တ​ကယ်​ပျက်​စီး​ရ​လိမ့်​မယ်။ ဖောက်​ပြန်​ပြီး စွန့်​ခွာ​သူ​တိုင်း​ကို​ ကိုယ်​တော် ဇာတ်​သိမ်း​ပစ်​မယ်။+ ၂၈  ကျွန်​တော့်​အတွက်​တော့ ဘု​ရား​သခင့် အနီး​အပါး​မှာ နေ​ရ​တာ အကျိုး​ရှိ​ပါ​တယ်။+ အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ​ဆီ​မှာ ကျွန်​တော် ခိုလှုံ​နေ​ပါ​တယ်။ ကိုယ်​တော်ရဲ့ လုပ်​ဆောင်​မှု​တွေ​အကြောင်း ကြား​ပြော​နိုင်​ဖို့​ပါ။+

အောက်ခြေမှတ်ချက်များ