မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆာလံ ၅၂:၁-၉

မာတိကာ

  • ခိုင်​မြဲတဲ့​မေတ္တာ​တော်​ကို အား​ထား

    • ဒု​စ​ရိုက်​အကြောင်း ကြွား​လုံး​ထုတ်​သူ​တွေ​အတွက် သတိ​ပေး​ချက် (၁-၅)

    • ဘုရား​တရား​မဲ့​သူ​တွေ ဥစ္စာ​ဓ​န​ကို အား​ကိုး ()

ဂီ​တ​မှူး​သို့။ မက်​စ​ကီး။* အဟိ​မလက်​ရဲ့​အိမ်​ကို ဒါဝိဒ် ရောက်​လာ​တဲ့​အကြောင်း ဧ​ဒုံ​အမျိုး​သား ဒေါဂ​က ရှောလု​ကို သွား​ပြော​တဲ့​အခါ ဒါဝိဒ်​စပ်​ဆို​တဲ့ သီချင်း။+ ၅၂  ခွန်​အား​ကြီး​တဲ့​သူ၊ မင်းရဲ့​ ယုတ်​မာ​တဲ့ လုပ်​ရပ်တွေ​အကြောင်း ဘာ​လို့ ကြွား​လုံး​ထုတ်​နေ​တာ​လဲ။+ ဘု​ရား​သခင်​ရဲ့ ခိုင်​မြဲတဲ့​မေတ္တာ​ဟာ အစဉ်​အမြဲတည်​တယ်။+  ၂  သင်​တုန်း​ဓား​လို ထက်​နေ​တဲ့ မင်း​ရဲ့​လျှာ​က+ အကောက်​ကြံ​ပြီး မဟုတ်​မမှန် ပြော​တယ်။+  ၃  မွန်မြတ်​တဲ့​အရာ​ထက် ယုတ်​မာ​တဲ့​အရာ​ကို မင်း​ပို​နှစ်​သက်​တယ်။ သစ္စာ​စကား​ထက် မု​သား​စကား ပြော​ရ​တာ​ကို ပို​ကြိုက်​တယ်။ (စဲ​လာ)  ၄  လိမ်​ညာ​လှည့်​စား​သူ၊ထိ​ခိုက်​နစ်​နာ​စေ​တဲ့ စကား​တွေ​ကို မင်း အကြိုက်​တွေ့​နေ​ပါ​လား။  ၅  ဒါ​ကြောင့် ဘု​ရား​သခင်​က မင်း​ကို အပြီး​အပိုင် ဖြို​ချ​လိမ့်​မယ်။+ မင်း​ကို​ဖမ်း​ဆွဲ​ပြီး တဲ​ထဲ​က​နေ ခေါ်​ထုတ်​လိမ့်​မယ်။+ သက်​ရှိ​လော​က​ထဲ​က​နေ အမြစ်​ပါမကျန် ဆွဲ​နုတ်​လိမ့်​မယ်။+ (စဲလာ)  ၆  ဖြောင့်​မတ်​သူ​တွေ ဒါ​ကို မြင်​ပြီး အံ့သြ​ထိတ်​လန့်​သွား​လိမ့်​မယ်။+ ဟား​တိုက်​ရယ်​မော​ပြီး၊+  ၇  “ဘု​ရား​သခင်​ကို မခိုလှုံ​ဘဲ+ ကိုယ့်​ဥစ္စာ​ဓ​န​ကို ကိုး​စား​တဲ့​သူ၊+ ကိုယ့်​ဉာဏ်​နီ​ဉာဏ်​နက်​ကို​ပဲ အား​ကိုး​တဲ့​သူ​ဟာ ဒီ​လူ​ပဲ” လို့​ပြော​လိမ့်​မယ်။  ၈  ငါ​က​တော့ ဘု​ရား​သခင်​ရဲ့ အိမ်​တော်​ထဲ​က စိမ်း​လန်း​နေ​တဲ့ သံလွင်​ပင်​လို ဖြစ်​လိမ့်​မယ်။ ဘု​ရား​သခင်​ရဲ့ ခိုင်​မြဲတဲ့​မေတ္တာ​ကို​ပဲ အစဉ်​ထာ​ဝ​ရ ငါ​ကိုး​စား​တယ်။+  ၉  အို ဘု​ရား​သခင်၊ ကိုယ်​တော့် လုပ်​ဆောင်​ချက်​တွေ​ကြောင့် ထာ​ဝ​စဉ်​ချီး​မွမ်း​ပါ့​မယ်။+ သစ္စာ​စောင့်​သိ​သူ​တွေ​ရှေ့​မှာ နာမ​တော်​ကို မျှော်​လင့်​နေ​ပါ့​မယ်။+ နာ​မတော်​ဟာ ကောင်းမြတ်လို့​ပါ။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။