မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆာလံ ၁၄၈:၁-၁၄

မာတိကာ

  • ဖန်​ဆင်း​ရာ​အားလုံး ယေဟောဝါ​ကို ချီး​မွမ်း

    • “ကောင်း​ကင်​တ​မန်​အပေါင်း​တို့၊ ဘုရား​ကို ချီးမွမ်းကြ” ()

    • ‘နေ​လ​ကြယ်​တို့၊ ဘုရား​ကို ချီး​မွမ်း​ကြ’ ()

    • လူ​ကြီး​လူငယ်​အပေါင်း​တို့၊ ဘုရား​ကို ချီး​မွမ်း​ကြ (၁၂၊ ၁၃)

၁၄၈  ယေဟောဝါ​ကို ချီး​မွမ်း​ကြ။* ကောင်း​ကင်​မှာ ယေဟောဝါ​ကို ချီးမွမ်း​ကြ။+ အထက်​အရပ်​မှာ ဘု​ရား​ကို ချီးမွမ်း​ကြ။  ၂  ကောင်း​ကင်​တ​မန်​အပေါင်း​တို့၊ ဘုရား​ကို ချီး​မွမ်း​ကြ။+ ဗိုလ်​ခြေ​အပေါင်း​တို့၊ ဘု​ရား​ကို ချီးမွမ်း​ကြ။+  ၃  နေ​နဲ့​လ​တို့၊ ဘု​ရား​ကို ချီး​မွမ်း​ကြ။ လင်း​လက်​ကြယ်​စင်​အပေါင်း​တို့၊ ဘု​ရား​ကို ချီး​မွမ်း​ကြ။+  ၄  အမြင့်​ဆုံး​ကောင်း​ကင်​နဲ့ အာ​ကာ​တစ်​ခွင်​က မိုး​တိမ်​တို့၊ဘု​ရား​ကို ချီး​မွမ်း​ကြ။  ၅  အမိန့်​တော်​နဲ့ ဖန်​ဆင်း​ထား​တဲ့​အတွက်ယေဟောဝါ​ရဲ့​နာ​မည်​ကို ချီး​မွမ်း​ကြ​စေ။+  ၆  ဘု​ရား​က သူတို့​ကို အစဉ်​ထာ​ဝ​ရ တည်​စေ​တယ်။+ ပယ်​ဖျက်​လို့​မရ​နိုင်​တဲ့ အမိန့်​တော်​ကို ထုတ်​ပြန်​တယ်။+  ၇  ကမ္ဘာ​ပေါ်​နေ​ထိုင်​သူတို့၊ ပင်လယ်​သတ္တ​ဝါ​ကြီး​တို့၊နက်​ရှိုင်း​တဲ့ ရေ​ထု​အပေါင်း​တို့၊ ယေဟောဝါ​ကို ချီး​မွမ်း​ကြ။  ၈  လျှပ်​စီး​နဲ့ မိုး​သီး​တို့၊ နှင်း​ထု​နဲ့ တိမ်​ထု​တို့၊နှုတ်​တော်​ထွက်​စကား​အတိုင်း လုပ်​ဆောင်​တဲ့ လေ​ပြင်း​မုန်​တိုင်း​တို့၊+  ၉  တောင်​တန်း​တောင်​ကုန်း​အပေါင်း​တို့၊+သစ်​သီး​ပင်​တွေ​နဲ့ သစ်​က​တိုး​ပင်​အပေါင်း​တို့၊+ ၁၀  သား​ရဲ​နဲ့+ ခြံ​မွေး​တိ​ရစ္ဆာန်​အပေါင်း​တို့၊တွား​သွား​သတ္တ​ဝါ​တွေ​နဲ့ ပျံ​သန်း​တဲ့​ငှက်​တို့၊ ၁၁  ကမ္ဘာ​ပေါ်​က ဘု​ရင်တွေ​နဲ့ လူမျိုး​အပေါင်း​တို့၊မင်း​ညီ​မင်း​သား​တွေ​နဲ့ ကမ္ဘာ​ပေါ်​က တ​ရား​သူ​ကြီး​အပေါင်း​တို့၊+ ၁၂  ပျို​ရွယ်​သူ အမျိုး​သား​ အမျိုး​သမီး​တို့၊လူ​ကြီး​လူငယ်​အပေါင်း​တို့၊ဘု​ရား​ကို ချီး​မွမ်း​ကြ။ ၁၃  ယေဟောဝါ​ရဲ့​နာ​မည်​ကို ချီးမွမ်း​ကြ။ နာ​မတော်​ဟာ လက်​လှမ်း​မမီ​နိုင်​လောက်​အောင် မြင့်မြတ်​လွန်း​တယ်။+ ဘုန်း​တန်ခိုး​တော်​လည်း မိုး​နဲ့​မြေထက် မြင့်​မား​တယ်။+ ၁၄  ဘု​ရား​က မိမိ​လူ​တွေရဲ့ အစွမ်း​ခွန်​အား​ကို* တိုး​ပွား​စေ​မယ်။ သစ္စာ​စောင့်​သိ​သူ​တွေ​ကို​ရော မိမိ​နဲ့​တ​ရင်း​တ​နှီး​ရှိ​တဲ့ အစ္စရေးတွေ​ကို​ပါချီး​မွမ်း​ထိုက်​သူ​တွေ ဖြစ်​စေ​မယ်။ ယေဟောဝါ​ကို ချီး​မွမ်း​ကြ။*

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ဟာ​လေ​လု​ယ။” အဓိပ္ပာယ်၊ “‘ယ’ ကို ချီး​မွမ်း​ကြ။” ‘ယ’ ဆို​တာ ယေဟောဝါ​ရဲ့ အတို​ကောက်​နာ​မည်။ နောက်​ဆက်​တွဲ က​၅ ကို​ကြည့်။
မူ​ရင်း၊ “ဦး​ချို​ကို။”
ဒါ​မှ​မဟုတ်၊ “ဟာ​လေ​လု​ယ။” အဓိပ္ပာယ်၊ “‘ယ’ ကို ချီး​မွမ်း​ကြ။” ‘ယ’ ဆို​တာ ယေဟောဝါ​ရဲ့ အတို​ကောက်​နာ​မည်။ နောက်​ဆက်​တွဲ က​၅ ကို​ကြည့်။