မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆာလံ ၁၄၂:၁-၇

မာတိကာ

  • နှိပ်​စက်​သူ​တွေ​ရဲ့​လက်​က ကယ်​တင်​ပေး​ဖို့ ဆုတောင်း​ချက်

    • “ပြေး​စ​ရာ​နေ​ရာ မရှိ” ()

    • “ကျွန်​တော်​ပိုင်​ဆိုင်​တာ​ဆို​လို့ ကိုယ်​တော်​ပဲ ရှိတာ” ()

မက်​စ​ကီး။* လိုဏ်​ဂူ​ထဲ ရောက်​နေ​ချိန်​မှာ ဒါဝိဒ်​စပ်​ဆို​တဲ့​သီချင်း။+ ဆုတောင်း​ချက်။ ၁၄၂  ယေဟောဝါ​ကို​ ကျွန်တော်​ အကူ​အညီ​​ တောင်း​ပါ​တယ်။+ ယေဟောဝါ​ရဲ့ မျက်​နှာ​သာ​ရ​ဖို့ အသနား​ခံ​ပါ​တယ်။  ၂  စိုး​ရိမ်​ပူ​ပန်​စ​ရာတွေ​ကို ရှေ့​တော်​မှာ ရင်​ဖွင့်​ပါ​တယ်။ စိတ်​ညစ်​စ​ရာတွေ​ကို​လည်း ပြော​ပြပါ​တယ်။+  ၃  စိတ်​အား​ငယ်​နေ​ချိန်​မှာ အဲဒီ​လို ပြော​ပြလိုက်​တဲ့​အခါကျွန်​တော် သွား​မယ့်​လမ်း​တွေ​ကို ကိုယ်​တော် စောင့်​ကြည့်​ပေးတယ်။+ ကျွန်​တော်​လျှောက်​မယ့်​လမ်း​မှာ သူတို့ ထောင်​ချောက်​ဆင်​ထား​တယ်။  ၄  ကျွန်​တော့်ရဲ့ ညာ​ဘက်​ကို ကြည့်​လိုက်​ပါ။ ဂရု​စိုက်​ပေး​မယ့်​သူ တစ်​ယောက်​မှ မရှိ​ဘူး​ဆို​တာ​ကို မြင်​လှည့်​ပါ။+ ပြေး​စ​ရာ​နေ​ရာ မရှိ၊+စိုး​ရိမ်​ပေး​မယ့်​သူ တစ်​ယောက်​မှ မရှိ​ဘူး။  ၅  အို ယေဟောဝါ၊ ကိုယ်​တော့်​ကို အကူ​အညီ​တောင်း​ပါ​တယ်။ “ကိုယ်​တော်​ဟာ ကျွန်​တော့်​ခိုလှုံ​ရာ​ပဲ။+ သက်​ရှိ​လော​က​မှာ ကျွန်​တော် ပိုင်​ဆိုင်​တာ​ဆို​လို့ ကိုယ်​တော်​ပဲ ရှိ​တာ​ပါ” လို့ ကျွန်​တော်​ပြော​တယ်။  ၆  ကျွန်​တော် အကြီး​အကျယ် နှိမ့်​ချ​ခံ​ရလို့ အော်​ဟစ်​အကူ​အညီ​တောင်း​နေ​တာ​ကို အာ​ရုံ​စိုက်​လှည့်​ပါ။ နှိပ်​စက်​သူ​တွေ ခွန်​အား​ပိုကြီးနေ​လို့သူတို့​လက်​က​နေ ကယ်​တင်​ပေးပါ။+  ၇  နာ​မတော်​ကို ချီး​မွမ်း​နိုင်​ဖို့မြေအောက်​အကျဉ်း​ခန်း​ထဲ​က​နေ​ ကျွန်​တော့်​ကို ခေါ်​ထုတ်​ပေး​ပါ။ ကျွန်​တော့်​ကို ကိုယ်​တော် ကြင်​ကြင်နာ​နာ ဆက်ဆံ​တဲ့​အတွက်ပတ်​လည်​မှာ ဖြောင့်​မတ်​သူ​တွေ စုဝေး​လာ​ကြ​ပါ​စေ။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။